က်ပ္သိန္းေပါင္း ၁၆၀၀၀ ေက်ာ္လႉခဲ့ၿပီး တစ္ရြာလုံး မီးခိုးတိတ္ ၁၀ ရက္တိတိ ဘူေဖးေကၽြးခဲ့တဲ့ ျမန္မာ့သူေဌးႀကီး

ျမန္မာလူမ်ိဳးေတြဟာ အလႉအတန္းရက္ေရာတဲ့ေနရာမွာ ကမၻာမွာ နံပါတ္ ၁ ျဖစ္ပါတယ္…

ခုလည္းပဲ က်ပ္သိန္းေပါင္း ၁၆၀၀၀ ေက်ာ္လႉခဲ့တဲ့ ျမန္မာ့သူေဌးႀကီးအေၾကာင္းဟာလည္း လူမႈကြန္ရက္မွာ နာမည္ႀကီးေနပါတယ္….

စစ္ကိုင္းၿမိဳ႕နယ္ ေတာင္ၾကားေက်းရြာမွာေနတဲ့ အလႉဒါယကာဦးကံဆင့္နဲ႔ အလႉဒါယိကာမေဒၚေခ်ာအိဝင္း မိသားစုတို႔ဟာ ရွင္အပါး(၂၆ဝဝ) အလႉေတာ္မဂၤလာနဲ႔ ေက်ာင္းလႊတ္ပူဇာ ဓမၼာ႐ုံ လၽွပ္စစ္မီး ေရတြင္း ေရကန္ဘုရား သိမ္ေက်ာင္းစတာေတြကို လႉဒါန္းခဲ့ပါတယ္…

ဒါတင္မကေသးပဲ ဆရာေတာ္ႀကီးမ်ားရဲ့ တရားပြဲႀကီးေတြကို ၇ ညတိတိ တစ္ရြာလုံး မီးခိုးတိတ္ (၁ဝ) ရက္တိတိ ထမင္းေကၽြးလႉခဲ့ပါတယ္…

ဒါ့အျပင္ (ဆိုင္း) စိန္တင့္လြင္ (ဘိသိတ္) ဦးမိုးဒီႏွင့္ ဦးေကာင္းစံျခင္းလုံးအလွၿပ တစ္ကိုယ္ေတာ္စာဥ(အမရပူရ) တကၠသိုလ္ေအးစုေက်ာ္ ေစာင္းအဖြဲ႕ (မႏၲေလး) ညပိုင္းေဖ်ာ္ေျဖမႈ ဖိုက္စတား အၿငိမ့္နဲ႔ ပဲ ေဖ်ာ္ေျဖေပးခဲ့တာပါ…

ၿပီးေတာ့ ေရႊမိုး ေငြမိုး က်ပ္သိန္းတစ္ရာေက်ာ္ ရြာသြန္းခဲ့ၿပီး ဆင္ ျမင္း လွည္းယဥ္ေတာ္မ်ားနဲ႔ အလႉေတာ္လွည့္ခဲ့ပါတယ္…..

ဒီလို အားက်ဖြယ္ အလႉႀကီး လုပ္တဲ့ ျမင္ကြင္းပုံရိပ္ေတြကိုလည္း ပရိသတ္ႀကီးတို႔ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚနိုင္ေအာင္ ျပန္လည္မၽွေဝေပးလိုက္ရပါတယ္ေနာ္…

Writer ; Lucky

Source ; ၾကည္စိုးထြန္း (စစ္ကိုင္းၿမိဳ႕ေတာ္ခ်စ္သူ)

unicode version

မြန်မာလူမျိုးတွေဟာ အလှူအတန်းရက်ရောတဲ့နေရာမှာ ကမ္ဘာမှာ နံပါတ် ၁ ဖြစ်ပါတယ်…

ခုလည်းပဲ ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်လှူခဲ့တဲ့ မြန်မာ့သူဌေးကြီးအကြောင်းဟာလည်း လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်….

စစ်ကိုင်းမြို့နယ် တောင်ကြားကျေးရွာမှာနေတဲ့ အလှူဒါယကာဦးကံဆင့်နဲ့ အလှူဒါယိကာမဒေါ်ချောအိဝင်း မိသားစုတို့ဟာ ရှင်အပါး(၂၆ဝဝ) အလှူတော်မင်္ဂလာနဲ့ ကျောင်းလွှတ်ပူဇာ ဓမ္မာရုံ လျှပ်စစ်မီး ရေတွင်း ရေကန်

ဘုရား သိမ်ကျောင်းစတာတွေကို လှူဒါန်းခဲ့ပါတယ်…

ဒါတင်မကသေးပဲ ဆရာတော်ကြီးများရဲ့ တရားပွဲကြီးတွေကို ၇ ညတိတိ တစ်ရွာလုံး မီးခိုးတိတ် (၁ဝ) ရက်တိတိ ထမင်းကျွေးလှူခဲ့ပါတယ်…

ဒါ့အပြင် (ဆိုင်း) စိန်တင့်လွင် (ဘိသိတ်) ဦးမိုးဒီနှင့် ဦးကောင်းစံခြင်းလုံးအလှပြ တစ်ကိုယ်တော်စာဥ(အမရပူရ) တက္ကသိုလ်အေးစုကျော် စောင်းအဖွဲ့ (မန္တလေး) ညပိုင်းဖျော်ဖြေမှု ဖိုက်စတား အငြိမ့်နဲ့ ပဲ ဖျော်ဖြေပေးခဲ့တာပါ…

ပြီးတော့ ရွှေမိုး ငွေမိုး ကျပ်သိန်းတစ်ရာကျော် ရွာသွန်းခဲ့ပြီး ဆင် မြင်း လှည်းယဉ်တော်များနဲ့ အလှူတော်လှည့်ခဲ့ပါတယ်…..

ဒီလို အားကျဖွယ် အလှူကြီး လုပ်တဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း ပရိသတ်ကြီးတို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…

Writer ; Lucky

Source ; ကြည်စိုးထွန်း (စစ်ကိုင်းမြို့တော်ချစ်သူ)

Be the first to comment

Leave a Reply

Your email address will not be published.


*