ဆရာတော်ကြီးတစ်ပါးထဲ စကားပြောနေဟန်တွေ့လိုက်ရသဖြင့် ကင်မရာနဲ့ရိုက်လိုက်သောအခါ ဇော်ဂျီတစ်ပါးအံ့သြစွာတွေ့လိုက်ရတဲ့ ထူးခြားသော ခမုံ ဆရာတော်ကြီ

ထူးခြားသော ခမုံ ဆရာတော်ကြီး

မြန်မာနိုင်ငံ ပဋိပတ္တိသမိုင်းတစ်လျောက် ထူးခြားလှတဲ့သံဃာတော်များ လူပုဂ္ဂိုလ်များအမြောက်အများရှိကြတဲ့ ထဲမှာ ဖိနပ်မစီး ထီးမဆောင်း ကျောင်း ၁၂ ကျောင်းကိုခေါင်းလောင်းထိုးလှုခဲ့တဲ့ #ခမုံဆရာတော်ကြီး လည်းတစ်ပါး အပါအဝင်ဖြစ်ပါတယ် …

ဆရာတော်ကြီးဟာ အရပ်မြင့်မြင့် အသားဖြူ ဖြူ ကြည်လင်သောအသားအရည် ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဖြစ်ပြီး အမြဲတမ်း တက်ကြွရွှင်လန်းစွာ ပရိတ်သတ်နဲ့ တရင်းတနှီးနေလေ့ရှိပါတယ် …

ဆရာတော်ကြီးရဲ့ဓမ္မစွမ်းအား လောကီစွမ်းအားမည်မျှထိ ရှိတယ်ဆိုတာကို သာမန်လူတို့ ခန့်မှန်းဖို့ မဖြစ်နိုင်ပေမယ့် ကာလတစ်ခုထိ တပည့်သာဝကအဖြစ် အတူရှိနေခဲ့ဖူးတဲ့အဘဦးကောင်းခန့်ရဲ့အတွေ့အကြုံများအရ ဆရာတော်ကြီးဟာ ထူးခြားသောဝိသေသရှိတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်ဆိုတာ မြေကြီးလက်ခတ် မလွဲသိရှိရပါတယ် …

လွန်ခဲ့သော နှစ် ၃၀ ကျော်ခန့် ရန်ကုန်တိုင်း သာကေတမြို့နယ်မှာရှိတဲ့ဒကာအရင်း တစ်ယောက်နေအိမ်ကိုတစ်ညတာ ကြွရောက်သတင်းသုံးစဉ်အခါက …ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင် ဇိနမာရ်အောင်စေတီကြီးတည်နေတဲ့ အချိန်လည်းဖြစ်ပါတယ် …

ညဦးပိုင်း တရားဟောလို့အပြီး … ဒကာကောင်းရေလာဗျာ ဇိနမာရ်အောင်ဘုရားသွားကြရအောင် ဆိုင်းလည်းနားထောင်ရင်း စိန်အောင်မင်းနဲ့လည်း စကားပြောရင်းပေါ့ …

ခုတင် သာကေတရောက်လာတာ ဘုရားမှာဆိုင်းတီးနေတာကို ဘယ်လိုများ သိပါလိမ့် ပြီးတော့ စိန်အောင်မင်းနဲ့လည်း စကားပြောမလို့တဲ့ … စဉ်စားချိန်မရခင်ပဲ ခြေလှမ်းမြန်တဲ့ဆရာတော့်ကို အမီလိုက်ရင်း ဇိနမာရ်အောင်ဘုရားကို ရောက်သွားကြပါတယ် …

စေတီတော်ဝင်းတစ်ခုလုံး လူပရိတ်သတ်တွေအပြင်ရဟန်းသာမဏေတွေနဲ့ပါ ကြိတ်ကြိတ်တိုးစည်ကားနေပြီး ဘုရားဝင်းတစ်နေရာမှာတော့ မြစည်သူဆိုင်းအဖွဲ့နဲ့အတူ ဝဏ္ဏကျော်ထင်စိန်အောင်မင်းကလည်းရတုပိုဒ်စုံသီဆိုနေတာတွေ့ရပါတယ် …

ဆရာတော်ကြီးဟာ ပရိတ်အစွန်မှာရပ်နေရင်း အနီးနားက ဘုရားလုံခြုံရေးတစ်ယောက်ကို လှမ်းခေါ်လိုက်ပီး ဟေ့ … ဟိုစင်ပေါ်မှာ ရတုဆိုနေတဲ့ စိန်အောင်မင်းကိုသွားခေါ်ချည် ဒီမှာခမုံဆရာတော်ရောက်နေတယ်အခုလာခဲ့လို့ သွားပြောလိုက် …

သံနေသံထားနဲ့ ရတုသီဆိုနေတဲ့ စိန်အောင်မင်းဟာသီဆိုလက်စကို ရုတ်တရက်ရပ်တန့်လိုက်ပီး ပရိတ်သတ်ကို ခေတ္တစောင့်ဆိုင်းပေးဖို့ တောင်းပန်ရင်း ဆရာတော်ကြီးရှိရာကို ပျာပျာသလဲ ရောက်လာပါတယ်…..

ဆရာတော်ကြီးရဲ့ခြေအစုံကိုဦးတိုက်ရှိခိုးနေတာကိုကြည့်ပီး အနီးနားက ပရိတ်သတ်တွေလည်းခမုံဆရာတော်ကြီးမှန်း ခုမှသိရလို့ အံ့သြစွာနဲ့ဝိုင်းအုံလာပြီး ရှိခိုးကန်တော့ကြပါတယ် …

အေး ဘယ်နှယ့်လည်း ဥသြရွှေကော နေကောင်းရဲ့လား … မနက် ၅ နာရီ မင်းအိမ်ကို ငါကြွလာမယ်….ဥသြရွှေကို ကြာဆံကြော်ကပ်ဖို့ အသင့်ပြင်ထားလို့ပြောလိုက် ကြားလား … ကဲကဲ ငါပြန်ကြွတော့မယ် မင်းလည်း ရတုဆက်ဆိုတော့ …

မနက် ၅ နာရီအရောက် စိန်အောင်မင်းအိမ်ကိုကြွဖို့ခြင်ထောင်ထဲမှာကျိန်းစက်နေတဲ့ ဆရာတော်ကြီးကိုအချိန်မှီနှိုးရမယ့်အတွေးနဲ့ မကြာခဏ နာရီထကြည့်နေရင်း ဘယ်လိုအိပ်ပျော်သွားမှန်းမသိတဲ့ … အဘဦးကောင်းခန့်ဟာ ရုတ်တရက်နိုးလာလို့ နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၆ နာရီထိုးနေပါပြီ …

ဒုက္ခပါပဲငါလည်းဘယ်လိုအိပ်ပျော်သွား မှန်းမသိဘူးဆရာတော်ကြီးလည်းခုထိအိပ်ပျော်နေတုန်းမို့ မနှိုးရဲဘူး ခုမှ ဂွကျပြီ … ဦးကောင်းခန့်တစ်ယောက် ဘာလုပ်ရမှန်းမသိပဲ အကြံအိုက်နေရင်း တစ်စုံတစ်ခုကိုသတိရလိုက်မိပါတယ် ဆရာတော်ကြီးဟာ သူ့ကတိကို ဘယ်တော့မှမပျက်ဖူးဘူး ….

ဒါဆိုတန်တော့ …ဦးကောင်းခန့်ဟာ ဆရာတော်ကြီးကျိန်းစက်နေတာ ကို သေချာကြည့်ပီးတဲ့ချိန်မှာပဲ စက်ဘီးအမြန်စီးပီးဘဘစိန်အောင်မင်းတို့တိုက်ကို ရောက်သွားပါတယ်…

အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ ဘုရားခန်းမှာ ထိုင်ပြီး ကြာဆံကြော်ဘုဉ်းပေးနေတဲ့ ဆရာတော်ကြီးကိုထူးဆန်းအံ့သြစွာတွေ့လိုက်ရပါတော့တယ် … အိမ်မှာလည်း ကျိန်းစက်နေပါလျက် ဒီကို ဘယ်လိုရောက်နေပါလိမ့် …

မဖြစ်သေးပါဘူး အိမ်အမြန်ပြန်ကြည့်ဦးမှဆိုပီး အိမ်ကိုအမြန်ပြန်လာ ဆရာတော်အိပ်တဲ့ အိပ်ယာကိုကြည့်လိုက်တော့ …ဒကာကောင်းနှယ် တိုက်ရှေ့ရောက်ပါရက်နဲ့ ဘာလို့ မဝင်လာတာလည်း ကဲ ရော့ရော့ ဒကာကောင်းစားဖို့ကျုပ်ကြာဆံကြော်ယူလာခဲ့တယ် …..

အဆာပြေလေးစားလိုက်ပါဦးဆိုပီး ထိုင်ခုံပေါ်ကနေ ပြုံးရွှင်စွာ ဆီးကြိုပြောလိုက်တဲ့ ဆရာတော်ကြီးကိုကြည့်ပီး ဦးကောင်းခန့်ဟာ ကြက်သီးမွေးညှင်းထမတတ် ကြည်ညိုစွာနဲ့ဆရာတော်ကြီးရဲ့ခြေအစုံကို ဦးချ ကန်တော့လိုက်ပါတော့တယ် …

အလောင်းတော်ကဿပမှာသိမ်သမုတ်တော်မူပြီးတောတန်းလေးအတိုင်း ပြန်ကြွလာတဲ့ ခမုံဆရာတော်ကြီးဟာ သပိတ်ကိုလွယ် ထန်းရွက်ယပ်နဲ့မို့အလွန်ကို သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှပါတယ်…..

လမ်းခွတ်လပ်တစ်နေရာအရောက်မှာ ရုတ်တရက်ရပ်တန့်တော်မူလိုက်ပီး တစ်ပါးထဲစကားပြောနေဟန်တွေ့လိုက်ရတဲ့မြန်မာစာဌာနကထိကဦးမျိုးမြင့်ဟာထူးခြားတဲ့မြင်ကွင်းမို့ အသင့်ပါလာတဲ့ ကင်မရာနဲ့ဓါတ်ပုံရိုက်ကူးလိုက်ပါတယ် …

ရန်ကုန်ကိုပြန်ရောက်လို့ဓါတ်ပုံဆေးကူးကြည့်တဲ့ခါမှာတော့ ရပ်တော်မူနေတဲ့ ဆရာတော်ကြီးရဲ့ရှေ့မှာ ဇော်ဂျီတစ်ပါးက နာနတ်သီးတစ်လုံးကပ်လှုနေတဲ့ပုံကို အံ့သြစွာတွေ့လိုက်ရပါတယ် …

ဆရာတော်ကြီးကိုလျောက်ထားမေးမြန်းကြည့်တဲ့ခါ ဇော်ဂျီဟာအတိတ်ဘဝက ဆရာတော်စပ်ခဲ့ဖူးကြောင်းဟိမဝန္တာမှာ နေထိုင်ပီး ဆရာတော်ကြီးရဲ့ တရားကိုနာကြားရတဲ့အတွက် ကြည်ညိုစွာဖြင့်ခုလိုသစ်သီးလာရောက်ကပ်လှုတာဖြစ်ကြောင်း ဖြေကြားတော်မူခဲ့ပါတယ် …

ကုသိုလ်သဒ္ဓါပွါးများနိုင်ရန်အတွက် ဓါတ်ပုံကိုကူးယူဖော်ပြပေးလိုက်ပါတယ် … အလျဉ်းသင့်တဲ့ခါ အခြားထူးခြားသော အဖြစ်အပျက်များကိုလည်း ထပ်မံရေးသား တင်ပြပေးပါ့မယ် …..။ဦးမင်း-credit#မူရင်း