ဒီရက် ပိုင်း ကြက်သား လုံး ဝ မစားကြပါနဲ့ အထူး သတိထားကြပါနော်

ဒီရက် ပိုင်း ကြက်သား လုံး ဝ မစားကြပါနဲ့ အထူး သတိထားကြပါနော်

မကြာသေးခင်ရက်ပိုင်းက ဆေးသုတေသနဦးစီးဌာနမှာ ပြုလုပ်တဲ့ြ့မန်မာနိုင်ငံဆိုင်ရာကျန်းမာရေးသုတေသန ညီလာခံမှာ တင်သွင်းခဲ့တဲ့ စာတမ်းတစ်စောင်ကြောင့် ရန်ကုန်နေလူထုအကြား အတော်လေးကို ဂယ့်ရိုက်ခဲ့ပါတယ်။ လူဦးရေ များပြားမှုကြောင့်

စားသောက်ကုန်လိုအပ်ချက်များပြီး အေးခဲစာတွေနဲ့ အသီးအရွက်ရှားပါးတဲ့ ရန်ကုန်နေလူထုအတွက်တော့ အတော်လေးကို ကြောက်စရာကောင်းတဲ့ သတင်းပဲဖြစ်ပါတယ်။

အဲ့တာကတော့ ဈေးကွက်ထဲက ဗမာကြက် ၊ မွေးမြူရေးကြက်တွေကို စစ်ဆေးတဲ့အခါမှာ အစာအဆိပ်သင့်မှုကိုဖြစ်စေတဲ့ ဆယ်မိုနဲလားပိုးတွေ တွေ့ရှိရတဲ့သတင်းပဲဖြစ်ပါတယ်။

ဒီဆယ်မိုးနဲလားပိုးတွေဟာ ကြက်တွေမှာ ၆၀ % ခန့်တွေ့ရပြီးတော့ ဆေးယဉ်ပါးနေတာကိုလည်း အံ့သြဖွယ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီသုတေသနအတွက် ကြက်ဆိုင် ၂၈ ဆိုင်က မတူညီတဲ့ ကြက် ၅၆ ကောင် ၊ဗမာကြက်၂၈ ကောင် ၊ မွေးမြူရေး ၂၈ ကောင်ကို ဝယ်ယူခဲ့ပြီး အခုလို သုတေသနပြုခဲ့တာဖြစ်ပါတယ်။

သုတေသနအဖြေအရ ဗမာကြက် ၂၈ ကောင်မှာ ၁၆ ကောင်ဟာ ရောဂါပိုးတွေရှိနေတာကိုတွေ့ရပြီးတော့ မွေးမြူရေးကြက် ၂၈ ကောင်မှာတော့ ၁၇ ကောင်ရောဂါပိုးရှိနေတာကိုတွေ့ရပါတယ်။

ဒီပိုးဟာ ဆေးတွေတောင်ယဉ်ပါးနေတဲ့အဆင့်ဖြစ်နေတယ်ဆိုတာကတော့ တကယ့်ကိုတုန်လှုပ်စရာပါပဲ။ ဘာကြောင့် အခုလိုမျိုးဆေးယဉ်နေတဲ့ ပိုးတွေဖြစ်ရတာလဲဆိုတာကိုတော့ ဆက်လက်သုတေသနပြုရဦးမှာပါ။

ဒါကြောင့် ရန်ကုန်မှာ ရှိတဲ့ ပြည်သူတွေ သတိထားပါ။ အားလုံးသိအောင်လည်း မျှဝေပေးပါ။ အခုတလော ကြက်သား ဝယ်စားသူတွေ သတိထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

Writer – SMT( Shwe Yaung Lan)