လုံးဝမရောက်ရှိခဲ့ဖူးတဲ့ အမြင့်ဆုံးကမ္ဘာ့ အဆင့် ကိုရောက်ရှိလာခဲ့ပြီဖြစ်တဲ့ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ်လေးဖြစ်တဲ့ သက်ထားသူဇာ တစ်ယောက်ကတော့ ရေခြားမြေခြားမှာ ခြင်္သေ့မလေး တစ်ကောင်ပမာ နိုင်ငံ့အတွက် အမြဲတမ်း ရုန်းကန် တိုက်ခိုက်နေတဲ့ ကစားမယ်လေးပဲ ဖြစ်ပါတယ်။

သူမဟာ ငယ်စဉ်ကတည်းက ကြက်တောင်ရိုက်ကို ဝါသနာပါခဲ့ပြီး ထူးချွန်တာကြောင့် မိဘတွေကလည်းမြေတောင် မြှောက်ပေးခဲ့ပါတယ်။

အစပိုင်းမှာ နိုင်ငံတော်အတွက် တံဆိပ်တွေများစွာ ရယူပေးနိုင်ခဲ့ပေမယ့် နိုင်ငံတော်ကအားကာက ထောက်ပံ့မှုလုံးဝ မရှိတာတွေကို ပရိသတ်က သိပြီးတော့ အတော်လေးကိုဆူညံခဲ့ပါတယ်။

အဲ့ဒီနောက်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ အားကာ အဖွဲ့တွေက ချီမြင့်ငွေတွေ ပေးအပ်ကူညီခဲ့ပါတယ်။

မကြာသေးခင်ကလည်း သူမအတွက် suzuki က Artiga ကားတစ်စီးကို အားကစားအတွက် သွားလာနိုင်ရေးအတွက် ထောက်ပံ့ပေးခဲ့လို့ သက်ထားသူဇာတစ်ယောက် တကယ့်ကို အကူအညီရခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အားပေးမှုတွေရှိလာတာနှင့်အမျှသက်ထားသူဇာဟာ ကြိုးစားရပ်တည်ရင်း ယခင်ကမ္ဘာ့အဆင့် ၁၀၀ ကျော်ကနေအခုတော့ ကမ္ဘာ့ အဆင့် ၅၉ အထိ ကြက်တောင်ရိုက်တစ်ဦးချင်းမှာ နေရာယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုလို သူမကြိုးစားခဲ့တာတွေဟာလည်း သူမကိုချစ်တဲ့ ပရိသတ်အတွက်ရယ်၊ သူမချစ်တဲ့ နိုင်ငံအတွက် သူမစွမ်းဆောင်နိုင်သမျှ အကောင်းဆုံးကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Writer – SMT( Shwe Yaung Lan)

Source- We Love Thet Htar Thuzar

Be the first to comment

Leave a Reply

Your email address will not be published.


*