ပုဂံ ဘုရားေတြ ဖူးဖို႔ဆိုၿပီးပန္းေရာင္းရင္း ပိုက္ဆံ စုေနတယ္လို႔အြန္းလိုင္းေပၚမွာ ေတြ႔ရင္းကကူညီ ခ်င္ခဲ့တာအခုေတာ့ အဖြားကို ေပးကမ္း လွဴ ဒါန္းကန္ေတာ့ ႏိုင္ခဲ့ပါၿပီ

ပုဂံ ဘုရားေတြ ဖူးဖို႔ဆိုၿပီးပန္းေရာင္းရင္း ပိုက္ဆံ စုေနတယ္လို႔အြန္းလိုင္းေပၚမွာ ေတြ႔ရင္းကကူညီ ခ်င္ခဲ့တာအခုေတာ့ အဖြားကို ေပးကမ္း လွဴ ဒါန္းကန္ေတာ့ ႏိုင္ခဲ့ပါၿပီ ။

အဖြားက အသက္ ၇၅ ႏွစ္႐ွိၿပီတစ္ေယာက္ထဲေနတာမို႔မိဘ ၊ ေဆြမ်ိဳးကဲ့သို႔ စာနာေထာက္ထားၿပီး ပုဂံေညာင္ဦး မွညီ ၊ အစ္ကို ၊ ေမာင္ႏွမ မ်ားမွမံုရြာ အဖြား အိမ္ထိ သြားေရာက္လွဴ ဒါန္းၾကတာပါ ။

အတိုင္းမသိ ဝမ္းသာမိပါတယ္ခင္ဗ်ာ ။မုံရြာ ၿမိဳ့ ေဒါနၿခံရပ္ကြက္တြင္ေနထိုင္သည့္ အဖြား ေဒၚခင္ညြန႔္ကို ဒီေန႔ ေရႊေစတီေက်ာင္း ဆရာေတာ္ဦးစီးၿပီးက်ေနာ္တို့ သူငယ္ခ်င္း မ်ား မွသြားေရာက္၍ ေထာက္ပံေငြ( ၃၆၅၀၀၀ ) က်ပ္ ႏွင့္ အဖြားအတြက္ လိုအပ္မယ္ ထင္တဲ့ ပစၥည္ေလးေတြ သြာေရာက္ လွဴ ဒါန္းခဲ့ျကပါသည္။

၁ ။ ဆရာေတာ္ ဦးေတဇဝံသ (ေရႊေစတီေက်ာင္း )

ဆန္ ( ၁အိတ္)ဆီ(၁ပိသာ)ေစာင္ေခါင္းအုံး/အခင္း/ပိုက္ဖ်ာ/ဓာတ္ဘူးဆပ္ ျပာမွုန႔္/ဆပ္ျပာခဲ/သြားတိုက္တံ/သြားတိုက္ေဆး

၂ ။ – ဦးၾကည္စိုး+ေဒၚၾကည္ေထြး(ေရႊပန္းထိမ္) သမီး ဇင္သြယ္ၿဖိဳးဆန္ (၁) အိတ္ဆီ ၅ ပိသာေစာင္တဘက္ ၃ ထည္/အေႏြးထည္ ၂ထည္/လုံခ်ည္၅ကြင္းမုန႔္ေငြ (၁၀၀၀၀၀) တစ္သိန္း

၃ – ပုဂံေညာင္ဦး တုတ္တုတ္ ဂရု မွ၁၃၄၀၀၀ (တစ္သိန္းသုံးေသာင္းေလးေထာင္) က်ပ္

၄ – ဦးေအာင္ခိုင္ႏွင့္ကုသိုလ္ရွင္သူငယ္ခ်င္းမ်ားမွ၁၃၆၀၀၀ (တစ္သိန္းသုံးေသာင္း‌ေျခာက္ေထာင္) ႏွင့္ငါး‌ေျခာက္/ ၾကက္ဥ/ပုန္းရည္ႀကီး ၊ အိုဗာတင္းမုန႔္ တို႔ လွဴ ဒါန္းခဲ့ၾကပါသည္ ။

ကုသိုလ္ရွင္အားလုံးဒီထက္မက အလွဴ ဒါန ျပဳႏိုင္ၾကပါေစ.

ကိုယ္ ‘စိတ္ စီးပြား သံုးပါးမက်န္ခ်မ္းသာျခင္း သုခ ႏွင့္ျပည့္စုံၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ ခင္ဗ်ာ။

ျပည့္ေနေသာ အိုးမ်ားကိုေရျဖည့္ျခင္းထက္ ၊ေရမ႐ွိေသာ အိုးမ်ားကို ေရျဖည့္ျခင္းကပို၍ ျဖစ္သင့္သည္ဟုကြၽန္ေတာ္တို႔ ထင္မွတ္မိပါ၏..

အသက္ ၇၅ ႏွစ္ရွိ ၊တစ္ေယာက္ထဲေနၿပီးမျပည့္စံုေသာ အဖြားကိုဆန္ ( ၈ ) လ စာေလာက္နဲ႔ေငြ ၃၆၅၀၀၀ က်ပ္ ႏွင့္ ပစၥည္းေတာ္ေတာ္မ်ားမ်ား လွဴ ဒါန္းႏိုင္ခဲ့လို႔ဆရာေတာ္ ႏွင့္ ကြၽန္ေတာ္တို႔ အဖြဲ႔အားလံုး အတိုင္းမသိ ဝမ္းသာၾကည္ႏူးမိတယ္ ။

အဖြား အစစအရာရာ အဆင္ေျပပါေစ..ေနေကာင္း က်န္းမာၿပီးတရားဘာဝနာေတြ ပြားမ်ား အားထုတ္ႏိုင္ပါေစ….

Aung Khaing 09.789713547

ေအာင္ရတနာ ထမင္းဆိုင္

ဓမၼရံႀကီးဘုရား

Unicode

ပုဂံ ဘုရားတွေ ဖူးဖို့ဆိုပြီးပန်းရောင်းရင်း ပိုက်ဆံ စုနေတယ်လို့အွန်းလိုင်းပေါ်မှာ တွေ့ရင်းကကူညီ ချင်ခဲ့တာအခုတော့ အဖွားကို ပေးကမ်း လှူ ဒါန်းကန်တော့ နိုင်ခဲ့ပါပြီ ။

အဖွားက အသက် ၇၅ နှစ်ရှိပြီတစ်ယောက်ထဲနေတာမို့မိဘ ၊ ဆွေမျိုးကဲ့သို့ စာနာထောက်ထားပြီး ပုဂံညောင်ဦး မှညီ ၊ အစ်ကို ၊ မောင်နှမ များမှမုံရွာ အဖွား အိမ်ထိ သွားရောက်လှူ ဒါန်းကြတာပါ ။

အတိုင်းမသိ ဝမ်းသာမိပါတယ်ခင်ဗျာ ။မုံရွာ မြို့ ဒေါနခြံရပ်ကွက်တွင်နေထိုင်သည့် အဖွား ဒေါ်ခင်ညွန့်ကို ဒီနေ့ ရွှေစေတီကျောင်း ဆရာတော်ဦးစီးပြီးကျနော်တို့ သူငယ်ချင်း များ မှသွားရောက်၍ ထောက်ပံငွေ( ၃၆၅၀၀၀ ) ကျပ် နှင့် အဖွားအတွက် လိုအပ်မယ် ထင်တဲ့ ပစ္စည်လေးတွေ သွာရောက် လှူ ဒါန်းခဲ့ကြပါသည်။

၁ ။ ဆရာတော် ဦးတေဇဝံသ (ရွှေစေတီကျောင်း )

ဆန် ( ၁အိတ်)ဆီ(၁ပိသာ)စောင်ခေါင်းအုံး/အခင်း/ပိုက်ဖျာ/ဓာတ်ဘူးဆပ် ပြာမှုန့်/ဆပ်ပြာခဲ/သွားတိုက်တံ/သွားတိုက်ဆေး

၂ ။ – ဦးကြည်စိုး+ဒေါ်ကြည်ထွေး(ရွှေပန်းထိမ်) သမီး ဇင်သွယ်ဖြိုးဆန် (၁) အိတ်ဆီ ၅ ပိသာစောင်တဘက် ၃ ထည်/အနွေးထည် ၂ထည်/လုံချည်၅ကွင်းမုန့်ငွေ (၁၀၀၀၀၀) တစ်သိန်း

၃ – ပုဂံညောင်ဦး တုတ်တုတ် ဂရု မှ၁၃၄၀၀၀ (တစ်သိန်းသုံးသောင်းလေးထောင်) ကျပ်

၄ – ဦးအောင်ခိုင်နှင့်ကုသိုလ်ရှင်သူငယ်ချင်းများမှ၁၃၆၀၀၀ (တစ်သိန်းသုံးသောင်း‌ခြောက်ထောင်) နှင့်ငါး‌ခြောက်/ ကြက်ဥ/ပုန်းရည်ကြီး ၊ အိုဗာတင်းမုန့် တို့ လှူ ဒါန်းခဲ့ကြပါသည် ။

ကုသိုလ်ရှင်အားလုံးဒီထက်မက အလှူ ဒါန ပြုနိုင်ကြပါစေ.

ကိုယ် ‘စိတ် စီးပွား သုံးပါးမကျန်ချမ်းသာခြင်း သုခ နှင့်ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

ပြည့်နေသော အိုးများကိုရေဖြည့်ခြင်းထက် ၊ရေမရှိသော အိုးများကို ရေဖြည့်ခြင်းကပို၍ ဖြစ်သင့်သည်ဟုကျွန်တော်တို့ ထင်မှတ်မိပါ၏..

အသက် ၇၅ နှစ်ရှိ ၊တစ်ယောက်ထဲနေပြီးမပြည့်စုံသော အဖွားကိုဆန် ( ၈ ) လ စာလောက်နဲ့ငွေ ၃၆၅၀၀၀ ကျပ် နှင့် ပစ္စည်းတော်တော်များများ လှူ ဒါန်းနိုင်ခဲ့လို့ဆရာတော် နှင့် ကျွန်တော်တို့ အဖွဲ့အားလုံး အတိုင်းမသိ ဝမ်းသာကြည်နူးမိတယ် ။

အဖွား အစစအရာရာ အဆင်ပြေပါစေ..နေကောင်း ကျန်းမာပြီးတရားဘာဝနာတွေ ပွားများ အားထုတ်နိုင်ပါစေ….

Aung Khaing 09.789713547

အောင်ရတနာ ထမင်းဆိုင်

ဓမ္မရံကြီးဘုရား

Be the first to comment

Leave a Reply

Your email address will not be published.


*