သ႐ုပ္ေဆာင္မိုးေအာင္ရင္ကိုကာမလိမ္လည္မႈျဖင့္ ရည္စားေဟာင္းက တရားစြဲဆို

ကာမလိမ္လည္မႈျဖင့္ သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ရည္စားေဟာင္းက ရန္ကင္းၿမိဳ႕နယ္တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထား တရားစြဲဆိုထားေၾကာင္း သက္ဆိုင္ရာတရား႐ုံးမွ ဒီဇင္ဘာ ၄ ရက္က စုံစမ္းသိရသည္ မိုးေအာင္ရင္၏ ရည္းစားေဟာင္းျဖစ္သူဟုဆိုသည့္ မ က ႏိုဝင္ဘာ ၂၂ ရက္တြင္ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးသို႔ လာေရာက္ၿပီး သ႐ုပ္ေဆာင္မိုးေအာင္ရင္က ၄င္းအား လက္ထပ္မည္ဟုေျပာဆိုၿပီး ကာမလိမ္လည္ရယူကာ လက္ထပ္ျခင္းမရွိသျဖင့္ လာေရာက္ဦးတိုက္ေလွ်ာက္ထား တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း ရန္ကင္းၿမိဳ႕နယ္တရား႐ုံး သတင္းျပန္ၾကားေရးအရာရွိထံမွ သိရသည္။

ထိုသို႔တရားစြဲဆိုရာ ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွ တရားလို မအား ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၂၀၀ အရ စစ္ေဆးခဲ့ၿပီး ရာဇသတ္ႀကီးပုဒ္မ ၄၁၇ ျဖင့္ ဆက္လက္ေဆာင္႐ြက္သြားရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွ သိရသည္ ထို႔ေနာက္ ႐ုံးခ်ိန္းကို ဒီဇင္ဘာ ၆ ရက္သို႔ ျပန္လည္ခ်ိန္းဆိုေပးခဲ့ၿပီး သ႐ုပ္ေဆာင္မိုးေအာင္ရင္အား ႐ုံးေတာ္ေရွ႕ လာေရာက္ရန္ ဆင့္ေခၚစာေပးပို႔ထားေၾကာင္း သိရသည္။

“ေကာင္မေလးက ႏိုဝင္ဘာ ၂၂ ရက္ေန႔က လာၿပီးေတာ့ သ႐ုပ္ေဆာင္မိုးေအာင္ရင္က သူ႔ကိုလက္ထပ္မယ္လို႔ေျပာၿပီး ကာမရယူခဲ့ၿပီး လက္ထပ္ခဲ့ျခင္းမရွိလို႔ တရားစြဲဆိုေပးဖို႔ ဦးတိုက္ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။ အဲဒါကို ႐ုံးက အဲဒီေန႔မွာပဲ တရားလိုကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၂၀၀ အရ စစ္ေဆးခဲ့ၿပီးေတာ့ ရာဇသတ္ႀကီးပုဒ္မ ၄၁၇ နဲ႔ ဆက္လက္ေဆာင္႐ြက္သြားဖို႔အမိန႔္ခ်လိုက္တယ္။ ဒီဇင္ဘာလ ၆ရက္ေန႔မွာ စြပ္စြဲခံရသူ မိုးေအာင္ရင္ကို ႐ုံးေရွ႕ကို လာေရာက္ဖို႔ ဆင့္ေခၚထားတယ္။ ပုဒ္မ ၄၁၇ ကေတာ့ အာမခံေပးလို႔ရတဲ့ ပုဒ္မျဖစ္တယ္။ လိမ္လည္မႈပုဒ္မ ျဖစ္ပါတယ္” ဟု ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွ သတင္းျပန္ၾကားေရးအရာရွိ ၿမိဳ႕နယ္တရားသူႀကီး ဦးထြန္းႏိုင္ဝင္းက ေျပာၾကားသည္။

အဆိုပါ အမႈကို ရန္ကင္းၿမိဳ႕နယ္တရား႐ုံး တြဲဖက္ၿမိဳ႕နယ္တရားသူႀကီး (၁) တရားခြင္တြင္ လက္ခံစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္ သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို တရားစြဲဆိုထားသည့္ ပုဒ္မ ၄၁၇ မွာ လိမ္လည္မႈပုဒ္မျဖစ္ၿပီး မည္သူမဆို လိမ္လည္မႈကိုက်ဴးလြန္လွ်င္ ထိုသူကို သုံႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ရာဇသတ္ႀကီးဥပေဒမွာ ျပ႒ာန္းထားေၾကာင္းသိရသည္ သ႐ုပ္ေဆာင္မိုးေအာင္ရင္အေနျဖင့္ ၄င္း၏ ခ်စ္သူျဖင့္ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အြန္လိုင္းမီဒီယာတစ္ခုတြင္ အင္တာဗ်ဴးေျဖၾကားခဲ့ၿပီးေနာက္ပိုင္း တရားစြဲဆိုျခင္းခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ သ႐ုပ္ေဆာင္မိုးေအာင္ရင္အား ဖုန္းျဖင့္ဆက္သြယ္ခဲ့ရာ ဆက္သြယ္၍ မရရွိခဲ့ေပ။

Unicode

ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင်မိုးအောင်ရင်ကို ရည်စားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုထားကြောင်း သက်ဆိုင်ရာတရားရုံးမှ ဒီဇင်ဘာ ၄ ရက်က စုံစမ်းသိရသည် မိုးအောင်ရင်၏ ရည်းစားဟောင်းဖြစ်သူဟုဆိုသည့် မ က နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံးသို့ လာရောက်ပြီး သရုပ်ဆောင်မိုးအောင်ရင်က ၄င်းအား လက်ထပ်မည်ဟုပြောဆိုပြီး ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိသဖြင့် လာရောက်ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရသည်။

ထိုသို့တရားစွဲဆိုရာ ရန်ကင်းမြို့နယ်တရားရုံးမှ တရားလို မအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ သိရသည် ထို့နောက် ရုံးချိန်းကို ဒီဇင်ဘာ ၆ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး သရုပ်ဆောင်မိုးအောင်ရင်အား ရုံးတော်ရှေ့ လာရောက်ရန် ဆင့်ခေါ်စာပေးပို့ထားကြောင်း သိရသည်။

“ကောင်မလေးက နိုဝင်ဘာ ၂၂ ရက်နေ့က လာပြီးတော့ သရုပ်ဆောင်မိုးအောင်ရင်က သူ့ကိုလက်ထပ်မယ်လို့ပြောပြီး ကာမရယူခဲ့ပြီး လက်ထပ်ခဲ့ခြင်းမရှိလို့ တရားစွဲဆိုပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို ရုံးက အဲဒီနေ့မှာပဲ တရားလိုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၄၁၇ နဲ့ ဆက်လက်ဆောင်ရွက်သွားဖို့အမိန့်ချလိုက်တယ်။ ဒီဇင်ဘာလ ၆ရက်နေ့မှာ စွပ်စွဲခံရသူ မိုးအောင်ရင်ကို ရုံးရှေ့ကို လာရောက်ဖို့ ဆင့်ခေါ်ထားတယ်။ ပုဒ်မ ၄၁၇ ကတော့ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တယ်။ လိမ်လည်မှုပုဒ်မ ဖြစ်ပါတယ်” ဟု ရန်ကင်းမြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောကြားသည်။

အဆိုပါ အမှုကို ရန်ကင်းမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး (၁) တရားခွင်တွင် လက်ခံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည် သရုပ်ဆောင်မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၄၁၇ မှာ လိမ်လည်မှုပုဒ်မဖြစ်ပြီး မည်သူမဆို လိမ်လည်မှုကိုကျူးလွန်လျှင် ထိုသူကို သုံနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားကြောင်းသိရသည် သရုပ်ဆောင်မိုးအောင်ရင်အနေဖြင့် ၄င်း၏ ချစ်သူဖြင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် အင်တာဗျူးဖြေကြားခဲ့ပြီးနောက်ပိုင်း တရားစွဲဆိုခြင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင်မိုးအောင်ရင်အား ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

Be the first to comment

Leave a Reply

Your email address will not be published.


*