ဝမ်းသာစရာသတင်းကောင်း…. မန္တလေးရဲ့မြောက်ဘက်မှာ ရွှေကြောအသစ်ကြီး တခုပေါ်ပါတယ်….



.ပြသနာက အဲဒီမှာ တရုတ်တွေဝင်တူးနေတာပဲ…မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့သယံဇာတတွေကို အခုလို တရုတ်တွေ တံခါးမရှိ.ဓားမရှိ ဝင်လုပ်နေကြတဲ့အပေါ် ဒေသအာဏာပိုင်တွေဟာ ဘာမှကို မသိကြတာလား.ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေကြတာလားဆိုတာ မေးခွန်းထုတ်ရပါတော့မယ်.





credit Min Soe

Unicode

မန္တလေးရဲ့မြောက်ဘက်မှာ ရွှေကြောအသစ်တခုပေါ်ပါတယ်.ကြီးလားသေးလားဆိုတာတော့ နောက်မှ သိရမှာပါပဲ..ရွှေကြောတွေ့တော့ ဒေသခံတွေတူးကြဆွကြ..ကျင်ကြ.ရွှေချက်ကျပေါ့..ဘယ်နားလဲဆိုတော့ မန္တလေးမတ္တရာလမ်းကျောအတိုင်းသွားလိုက်ရင် လမ်းတဝက်လောက်မှာ ကျောက်တံတားရွာဆိုတာရှိတယ်.အဲဒီကနေ အပေါ်ကို ထောင်တက်သွားရင် ကင်းရွာ.ကင်းရွာကနေ အရှေ့ဘက်စွန်းစွန်းကို နာရီဝက်လောက်သွားရင်ရောက်ပြီ..လူအများသိပြီးသားနေရာတခုနဲ့ ညွှန်းရမယ်ဆိုရင် လက်ရှိပြသနာတက်နေတဲ့ အောင်သပြေကျေးရွာဘေးကအယ်လ်ဖာဘိလပ်မြေစီမံကိန်းမြောက်ဘက် ၅မိုင် ၆မိုင်အကွာပေါ့

ဒေသခံတွေလက်ရှိတူးနေတာတွေက အစိုးရဆီက တရားဝင်လုပ်ကွက်လျှောက်ပြီးတူးတာတော့ မဟုတ်သေးပါဘူး။ဒေသခံတွေ စမ်းတဝါးဝါးနဲ့တူးနေတဲ့ပုံပါပဲ..ဒေသခံတွေတူးတာကို ဘာမှကန့်ကွက်စရာမရှိဘူး.သူတို့အဆင်ပြေတာ ဝမ်းသာပါတယ်

.ပြသနာက အဲဒီမှာ တရုတ်တွေဝင်တူးနေတာပဲ…မြန်မာနိူင်ငံရဲ့ အရေးကြီးတဲ့သယံဇာတတွေကို အခုလို တရုတ်တွေ တံခါးမရှိ.ဓားမရှိ ဝင်လုပ်နေကြတဲ့အပေါ် ဒေသအာဏာပိုင်တွေဟာ ဘာမှကို မသိကြတာလား.ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေကြတာလားဆိုတာ မေးခွန်းထုတ်ရပါတော့မယ်.

ဒေသခံတွေဆီက သိရသလောက်တော့ လောလောဆယ် တရုတ်တွေဝင်တူးနေတဲ့ ရွှေကျင်းနှစ်ကျင်းရှိတယ်..ရွှေဘယ်လောက်ထွက်တယ်.မထွက်ဘူးဆိုတာတော့ မသိရသေးဘူး..တရုတ်တယောက်တူးတာက မြေကြီးအောက်ဒေါင်လိုက်ဖောက်တဲ့ လေးပေတွင်း.နောက်တယောက်တူးတာကတော့ မိုးထိမိုးမိဘက်မှာတူးတဲ့ပုံစံနဲ့ဆင်တယ်…မြေကြီးအောက်ဒေါင်လိုက်မသွားပဲ တောင်ဂမူကို ဘေးတိုက်ခပ်ပြေပြေနဲ့ တူးထားတာ ပေနှစ်ဆယ်လောက်တော့ပေါက်ပြီးပြီ.

.ဒေသခံပြည်သူက အဲဒီလိုတရုတ်တွေ ဝင်တူးတာကိုမကျေနပ်လို့ မီဒီယာကိုသတင်းပေးတယ်..မီဒီယာကနေ သတင်းစာမှာ ဖော်ပြထားတယ်..အဲဒီကိစ္စကို တာဝန်ရှိသူတွေ ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ

..အောင်သပြေရွာသားတွေ ၂၀၁ရက အဲဒီစီမံကိန်းရှိတဲ့တောင်တွေထဲမှာ ရွှေထွက်တယ်လို့ပြောဖူးတယ် လက်ရှိအခြေအနေအရ အဲဒါဖြစ်နိုင်ခြေရှိတယ်လို့ယူဆပါတယ်

အရင်အစိုးရဝန်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းကတော့ ကျွန်တော်တို့အစိုးရက တရုတ်ကို ကြောက်ရပါတယ်လို့ တရားဝင်ဝန်ခံထားတယ်.ကဲ..ဒီအစိုးရကရော ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ..လမ်းပြင်..တံတားဆောက်..အခွန်ကောက်တာလုပ်နေရုံနဲ့ အစိုးရတာဝန်ကုန်ပြီလို့ ထင်မနေပါနဲ့ခဗျား…

credit Min Soe

Zawgyi Version