ပ်ိဳေမတို႔ႏုပ်ိဳေနေစမယ့္ ဂ်ပန္ရိုးရာ အသားအေရထိန္းသိမ္းနည္းလ်ိဳ႕ဝွက္ခ်က္

ႏုပ်ိဳေနေစမယ့္ ဂ်ပန္ရိုးရာ အသားအေရထိန္းသိမ္းနည္းလ်ိဳ႕ဝွက္ခ်က္

အိုမင္းရင့္ေရာ္မႈကို ဘယ္သူမွ မတားဆီးနိုင္ပါဘူး။ ဒါေပမဲ့ လြယ္လြယ္နဲ႔ အသားအေရမပ်က္စီးေအာင္ ထိန္းသိမ္းနည္းလ်ိဳ႕ဝွက္ခ်က္ေတြရွိပါတယ္။ ပ်ိဳေမတို႔ တခ်ိဳ႕အမ်ိဳးသမီးေတြကို ျမင္ဖူးမွာပါ။

အသက္ ၅၀ ေက်ာ္တာေတာင္ ၂၀ ေက်ာ္အရြယ္လို လွေနတဲ့ အမ်ိဳးသမီးေတြရွိပါတယ္။ ဒီလိုလူေတြက သူတို႔ရဲ့ အသားအေရကို ထိန္းသိမ္းလို႔ပါ။ ဒါေၾကာင့္ ပ်ိဳေမတို႔ အသက္ ၅၀ ေက်ာ္အရြယ္အထိ ငယ္ရြယ္ႏုပ်ိဳေနေစဖို႔ ဂ်ပန္ရိုးရာ အလွအပထိန္းသိမ္းနည္းတစ္ခုကို ေဝမၽွေပးလိုပါတယ္။

ဒီထိန္းသိမ္းနည္းအတြက္ လိုအပ္တဲ့ ပစၥည္းေတြကေတာ့-

ဆန္ညိဳ ၃ ဇြန္း

ေထာပတ္သီးမွည့္ ၂ ဇြန္း

ပ်ားရည္ ဇြန္းဝက္

ကိုယ္အသုံးျပဳတဲ့ဆန္က ဓာတုပစၥည္းပါဝင္မႈမရွိဖို႔ေတာ့ လိုပါတယ္။

ပထမဆုံး ဆန္ကို ထမင္းခ်က္ေနက်အတိုင္း ခ်က္လိုက္ပါ။ ဆန္ညိဳျဖစ္ဖို႔ေတာ့လိုပါတယ္။ ဆန္ေဆးရည္ကို မလႊင့္ပစ္ဘဲသိမ္းထားပါ။ ၿပီးေနာက္ရလာတဲ့ ထမင္းကို ကိုယ္လိုအပ္တဲ့ပမာဏေလာက္ ခြက္တစ္ခြက္ထဲထည့္လိုက္ပါ။

ေထာပတ္သီးနဲ႔ ပ်ားရည္ထည့္လိုက္ပါ။ အႏွစ္ရတဲ့အထိ ဒီသုံးမ်ိဳးကို ေမႊေပးပါ။ ၿပီးေနာက္ သုံးနိုင္ပါၿပီ။ မ်က္ႏွာေပၚတင္ၿပီး ၁၅ မိနစ္ကေန မိနစ္ ၂၀ အထိထားေပးပါ။ ထားၿပီးတာနဲ႔ ကိုယ္သိမ္းထားတဲ့ ဆန္ေဆးရည္နဲ႔ မ်က္ႏွာေဆးခ်ပါ။

ဒီလိုလုပ္တာက မ်က္ႏွာေခ်းခၽြတ္ရာေရာက္ပါတယ္။ ဒီနည္းလမ္းကို တစ္ပတ္မွာ ၂ ႀကိမ္ျပဳလုပ္နိုင္ပါတယ္။ ဆန္ညိဳက အေရးအေၾကာင္းေတြကို ေလၽွာ့ခ်ေပးၿပီး အသားအေရကို စိုေျပေစပါတယ္။

Unicode

နုပျိုနေစေမယ့် ဂျပန်ရိုးရာ အသားအရေထိန်းသိမ်းနည်းလျို့ဝှက်ချက်

အိုမင်းရင့်ရော်မှုကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ ဒါပေမဲ့ လွယ်လွယ်နဲ့ အသားအရေမပျက်စီးအောင် ထိန်းသိမ်းနည်းလျို့ဝှက်ချက်တွေရှိပါတယ်။ ပျိုမေတို့ တချို့အမျိုးသမီးတွေကို မြင်ဖူးမှာပါ။

အသက် ၅၀ ကျော်တာတောင် ၂၀ ကျော်အရွယ်လို လှနေတဲ့ အမျိုးသမီးတွေရှိပါတယ်။ ဒီလိုလူတွေက သူတို့ရဲ့ အသားအရေကို ထိန်းသိမ်းလို့ပါ။ ဒါကြောင့် ပျိုမေတို့ အသက် ၅၀ ကျော်အရွယ်အထိ ငယ်ရွယ်နုပျိုနေစေဖို့ ဂျပန်ရိုးရာ အလှအပထိန်းသိမ်းနည်းတစ်ခုကို ဝေမျှပေးလိုပါတယ်။

ဒီထိန်းသိမ်းနည်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-

ဆန်ညို ၃ ဇွန်း

ထောပတ်သီးမှည့် ၂ ဇွန်း

ပျားရည် ဇွန်းဝက်

ကိုယ်အသုံးပြုတဲ့ဆန်က ဓာတုပစ္စည်းပါဝင်မှုမရှိဖို့တော့ လိုပါတယ်။

ပထမဆုံး ဆန်ကို ထမင်းချက်နေကျအတိုင်း ချက်လိုက်ပါ။ ဆန်ညိုဖြစ်ဖို့တော့လိုပါတယ်။ ဆန်ဆေးရည်ကို မလွှင့်ပစ်ဘဲသိမ်းထားပါ။ ပြီးနောက်ရလာတဲ့ ထမင်းကို ကိုယ်လိုအပ်တဲ့ပမာဏလောက် ခွက်တစ်ခွက်ထဲထည့်လိုက်ပါ။

ထောပတ်သီးနဲ့ ပျားရည်ထည့်လိုက်ပါ။ အနှစ်ရတဲ့အထိ ဒီသုံးမျိုးကို မွှေပေးပါ။ ပြီးနောက် သုံးနိုင်ပါပြီ။ မျက်နှာပေါ်တင်ပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိထားပေးပါ။ ထားပြီးတာနဲ့ ကိုယ်သိမ်းထားတဲ့ ဆန်ဆေးရည်နဲ့ မျက်နှာဆေးချပါ။

ဒီလိုလုပ်တာက မျက်နှာချေးချွတ်ရာရောက်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်ပြုလုပ်နိုင်ပါတယ်။ ဆန်ညိုက အရေးအကြောင်းတွေကို လျှော့ချပေးပြီး အသားအရေကို စိုပြေစေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*