တန်ဖိုးကြီးမားတဲ့ ပိုက်ဆံ တွေမှာ ဗိုလ်ချုပ်ပုံ ပြောင်းလဲထုတ်ဝေသွားမယ်လို့ ကြော်ငြာပြီ





Unicode

ဒီဇင်ဘာလမှစတင်ပြီးလက်ရှိထုတ်ဝေနေသော တန်ဖိုးမြင့်ငွေစက္ကူအချို့ကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့် စတင်ထုတ်ဝေသွားတော့မှာပါ အခုထုတ်ဝေတဲ့ထဲက တန်ဖိုးကြီးငွေစက္ကုတစ်ခုကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပဲုနဲ့ ပြောင်းလဲထုတ်ဝေသွားမည်ဟု ဗဟိုဘဏ်ဒုဥက္ကဌ က ပြောဆိုခဲ့တာဖြစ်ပါတယ်

ငွေကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန် ၂ ခုထဲကတစ်ခုကို ဗိုလ်ချုပ်အောင်ဆန်းပုံနှင့်ရိုက်နှိပ်နိုင်ကြောင်း ပညာရှင်များကခန့်မှန်းနေကြတာပဲဖြစ်ပါတယ် ယခုကဲ့သို့ပြောင်းလဲရိုက်နှိပ်လိုက်ခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာနိုင်ခြေမရှိကြောင်းနှင့် ကမ္ဘာ့ငွေကြေးတစ်ခုအနေနှင့် ဗိုလ်ချုပ်ပုံဖြစ်သည့်အတွက် ပိုမိုသင့်တော်ကြောင်း စီးပွားရေးကညာရှင်များနဲ့ ဘဏ်အရာရှိများက သုံးသပ်ပြောဆိုနေကြတာပါ

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ များရိုက်နှိက်သွားရန် ၂၀၁၇ ခုနှစ်အတွင်း လွှတ်တော်မှ တိုက်တွန်းထားခြင်းဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာတွင် စတင်ရိုက်နှိပ်တော့မည်ဖြစ်တာမို့ Shwe Yaung Lan က ပရိသတ်ကြီးအတွက် သတင်းထူးတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်နော်

Writer – Magic(Shwe Yaung Lan)

Be the first to comment

Leave a Reply

Your email address will not be published.


*