







Unicode

ဟော့ပေါ့အဝစားဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်လိုက်သောအခါ

အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတယ် ကျနော် တော်တော်ကြာကြာစဉ်းစားပြီးမှဒီပိုစ်ကိုတင်တာပါ

ဂျပန်ကလာတဲ့သူငယ်ချင်းကိုထမင်းလိုက်ကျွေးရင်းအဝစား ဟော့ပေါ့ဆိုင်မှာစားဖြစ်ကြတယ် ကျနော်တို့ရယ် တခြားအတွဲ နှစ်တွဲရယ်ရှိတဲ့ ဆိုင်ထဲကို အဝတ်အစား နွမ်းနွမ်းနဲ့နံနံစော်စော် လင်မယားနှစ်ယောက်နဲ့ခလေးလေးမိသားစုတစု မဝံ့မရဲနဲ့ဝင်လာပြီး ကျနော်တို့နားက စားပွဲမှာဝင်ထိုင်ရင်း မီနူးကိုစာအုပ်ပေးပါဆိုပြီးတောင်းနေတော့

စားပွဲထိုးလေးက ယူလာပေးတော့ကြည့်ပြီး မှာရှာတယ် ကြက်ဥတလုံး ဘာညာဘာညာပေါ့လေ ဒါနဲ့ကျနော်လဲမနေသာပဲ လက်တို့ပြီးမင်းတို့ဘာလုပ်လို့လာစားကြတာလဲမေးကြည့်တော့ ကျနော်တို့ လင်မယားတောင်းရာကပြန်လာတာ နှစ်သောင်းလောက်ရလာလို့ လာစားတာပါတဲ့ ဒါနဲ့ဘာလို့ဒီဆိုင်ကိုလာစားရတာလဲဆိုတော့

အဝကပုံကိုကြည့်ပြီး လူ့ဘဝမှာမစားဘူးတာ စားဘူးတယ်ရှိအောင် လာစားတာတဲ့ တောင်းစားပေမဲ့ စိတ်ကိုကြိုက်တာနဲ့ မင်းတို့ပိုက်ဆံနောက်နေ့မှစား အခုငါပေးမယ် မမှာနဲ့ ဟောဒီမှာအသီးအရွက်တွေ ဟောဒါက အသားတွေဟောဒါ အအေး ဟောဒါ ထမင်းကြော် ကြိုက်တာကိုကြိုက်သလောက်စားစမ်း အဝစားကုန်ရင်ထပ်ယူဆိုတော့ ဘေးဝိုင်းတွေကလဲမကန့်ကွက်တာနဲ့ကျနော်ကျွေးလိုက်တယ်

စားလိုက်ကြတာဗျာ ဟေ့ကောင်တွေ ကုန်သလောက်ပဲယူ ကျန်အောင်တော့မယူနဲ့နော်ဆိုတော့ ကုန်တယ်ဆိုပြီးစားလိုက်ကြတာဗျာ ကျနော်မစားနိုင်ပေမဲ့ ထိုင်ကြည့်ပြီးဝမ်းသာလိုက်တာဗျာ အရပ်စကားနဲ့ပြောရရင် တောငိးစားသူနဲ့အတူစားခြင်းပေါ့ဗျာ ဆုပေးသေးတယ် အကိုကြီး ကျမ်းမာပါစေတဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ

Credit to Orginal Uploder

Unicode

Be the first to comment

Leave a Reply

Your email address will not be published.


*