ဂ်ပန္မုန္တိုင္းတြင္း ရဟတ္ယာဥ္ျဖင့္ ကယ္ထုတ္စဥ္ အဘြားအိုတဦး ျပဳတ္က်ေသဆုံး

ဂ်ပန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ တိုင္ဖြန္းမုန္တိုင္းကာလအတြင္း ပိတ္မိေနသူေတြကို ရဟတ္ယာဥ္နဲ႔ ကူညီကယ္ဆယ္ေရးလုပ္ငန္း လုပ္ေဆာင္ခ်ိန္မွာ အသက္ ၇၇ ႏွစ္အ႐ြယ္ အဘြားအိုတဦးျပဳတ္က် ေသဆုံးခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဖူကူရွီမားေဒသ၊ အိုင္ဝါကီၿမိဳ႕မွာ ေအာက္တိုဘာ ၁၃ ရက္ေန႔၊ ေဒသစံေတာ္ခ်ိန္ မနက္ ၁၀ နာရီေလာက္မွာ ျဖစ္ခဲ့တာျဖစ္ၿပီးအဘြားအိုအား ေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီးေနာက္မွာ ေသဆုံးေၾကာင္းအတည္ျပဳလိုက္တာပါ။

ခုလိုျဖစ္ခဲ့ရတဲ့အတြက္ တိုက်ိဳၿမိဳ႕ေတာ္ မီးသတ္တပ္ဖြဲ႕က ေတာင္းပန္လိုက္ၿပီး အခင္းျဖစ္ခ်ိန္မွာ အဘြားအိုဟာ လုံၿခဳံေရးႀကိဳးနဲ႔ မခ်ိတ္ဆက္မိႏိုင္ခဲ့တဲ့အတြက္ ခုလိုျဖစ္ခဲ့ရ တယ္လို႔ ဆိုပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ထဲက တေယာက္က လုံၿခဳံေရးႀကိဳးကို ခ်ိတ္ဆက္ေပးရၿပီး ေနာက္တေယာက္က လုံၿခဳံစိတ္ခ်ရၿပီလို႔ စစ္ေဆးအတည္ျပဳရတာျဖစ္ကာ ခုလိုျဖစ္ခဲ့ရတဲ့ အျဖစ္အပ်က္မွာေတာ့ ဒီအဆင့္ေတြကို လိုက္နာခဲ့ျခင္းမရွိေၾကာင္း ေတြ႕ရတယ္လို႔ မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူတဦးက‌ ေျပာပါတယ္။

ႏွစ္ေပါင္း ၆၀ ကာလအတြင္း အားအျပင္းဆုံး တိုင္ဖြန္းမုန္တိုင္း ဟာဂီဘိစ္ေၾကာင့္ ေသဆုံးသူအေရအတြက္ ၃၁ ေယာက္အထိ ျမင့္တက္လာၿပီး လတ္တေလာမွာေတာ့ တိုက်ိဳမီးသတ္တပ္ဖြဲ႕အေနနဲ႔ ဖူကူရွီးမားနဲ႔ နာဂိုယာေဒသေတြအတြင္း ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

Source – NHK

===

Unicode

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကာလအတွင်း ပိတ်မိနေသူတွေကို ရဟတ်ယာဉ်နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ချိန်မှာ အသက် ၇၇ နှစ်အရွယ် အဘွားအိုတဦးပြုတ်ကျ သေဆုံးခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဖူကူရှီမားဒေသ၊ အိုင်ဝါကီမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဘွားအိုအား ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက်မှာ သေဆုံးကြောင်း အတည်ပြုလိုက်တာပါ။

ခုလိုဖြစ်ခဲ့ရတဲ့အတွက် တိုကျိုမြို့တော် မီးသတ်တပ်ဖွဲ့က တောင်းပန်လိုက်ပြီး အခင်းဖြစ်ချိန်မှာ အဘွားအိုဟာ လုံခြုံရေးကြိုးနဲ့ မချိတ်ဆက်မိနိုင်ခဲ့တဲ့အတွက် ခုလိုဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ထဲက တယောက်က လုံခြုံရေးကြိုးကို ချိတ်ဆက်ပေးရပြီး နောက်တယောက်က လုံခြုံစိတ်ချရပြီလို့ စစ်ဆေးအတည်ပြုရတာဖြစ်ကာ ခုလိုဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်မှာတော့ ဒီအဆင့်တွေကို လိုက်နာခဲ့ခြင်းမရှိကြောင်း တွေ့ရတယ်လို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတဦးက‌ ပြောပါတယ်။

နှစ်ပေါင်း ၆၀ ကာလအတွင်း အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘိစ်ကြောင့် သေဆုံးသူအရေအတွက် ၃၁ ယောက်အထိ မြင့်တက်လာပြီး လတ်တလောမှာတော့ တိုကျိုမီးသတ်တပ်ဖွဲ့အနေနဲ့ ဖူကူရှီးမားနဲ့ နာဂိုယာဒေသတွေအတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source – NHK