သားဖြစ်သူကို ဖိနပ်ဝယ်ပေးချင်လွန်းလို့ နှစ်ပေါက်အောင် ငွေစုနေခဲ့တဲ့ အမျိုးသားကြီး

သားဖြစ်သူကို ဖိနပ်ဝယ်ပေးချင်လွန်းလို့ နှစ်ပေါက်အောင် ငွေစုနေခဲ့တဲ့ အမျိုးသားကြီး

သားသမီးအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ မေတ္တာကြီးမားတဲ့ မိဘတွေဟာ လက်တွေ့လောကမှာ အများကြီးပါပဲ။ ကလေးတွေနဲ့ ယှဉ်လာတဲ့အခါ မိဘကောင်းတွေဟာ ကိုယ့်အလိုဆန္ဒထက် ကလေးကို ဦးစားပေးလေ့ရှိပါတယ်။ မိဘတွေရဲ့ ဂုဏ်ကျေးဇူးနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပုံဝတ္ထုတော်တော်များများကိုလည်း ကြားဖူးပြီးဖြစ်မှာပါ။

အခုအခါမှာလည်း ဖိလစ်ပိုင်နို်င်ငံနေ ဖခင်တစ်ဦးက သူ့ရဲ့ မရှိမဲ့ရှိမဲ့ချွေးနည်းစာကလေးနဲ့ သားဖြစ်သူဖို့ ဖိနပ်ဝယ်ပေးနေခဲ့တာကို worldofbuzz သတင်းကနေ တွေ့မြင်ခဲ့ရပါတယ်။ အဆိုပါအမျိုးသားကြီးဆီမှာ ပိုက်ဆံအိတ်တောင် မရှိရှာပါဘူး။ ပိုက်ဆံအိတ်အစား သူက သေတ္တာတစ်လုံးကိုပဲ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။

သေတ္တာထဲမှာတော့ သူ နှစ်နဲ့ချီပြီး စုဆောင်းထားခဲ့တဲ့ ငွေအကြွေတွေရှိိပါတယ်။ အမျိုးသားကြီးဟာ အကြွေတွေကို တစ်စေ့ချင်းစီ ရေတွက်ခဲ့ပါတယ်။ နောက်ဆုံး အကြွေတွေက သားဖြစ်သူကို ဖိနပ်ဝယ်ပေးဖို့ ပိုက်ဆံလောက်တာလည်းသိရော အမျိုးသားကြီးရဲ့ မျက်နှာက ရွှင်ပျသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးကိုတော့ Philippine trends and news ဖေ့စ်ဘုတ်စာမျက်နှာကနေ ဓာတ်ပုံတွေနဲ့အတူ မျှဝေထားခဲ့တာပါ။ ဓာတ်ပုံတွေထဲမှာတော့ နွမ်းပါးပုံရတဲ့ အမျိုးသားကြီးတစ်ဦးကို ဘေးနားမှာ သူ့ရဲ့သားဖြစ်သူနဲ့ အတူတွေ့ရမှာ ဖြစ်ပြီး သူတို့က ဖိနပ်လာဝယ်ကြတာ ဖြစ်ပါတယ်။ ကိုယ့်မှာ ရှိရှိ၊ မရှိရှိ သားသမီးလိုချင်တဲ့ အရာကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတတ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို အခုဖြစ်ရပ်လေးက သက်သေခံနေပါတော့တယ်။

လင်းလင်း (ShweMom)

Be the first to comment

Leave a Reply

Your email address will not be published.


*