ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ ဖိအားပေး ခြိမ်းခြောက်မှုများရှိဟု တရားခံအောင်ကြီးရှေ့နေ ထုတ်ဖော်ပြောဆို

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ ဖိအားပေး ခြိမ်းခြောက်မှုများရှိဟု တရားခံအောင်ကြီးရှေ့နေ ထုတ်ဖော်ပြောဆို

အမှုနှင့်ပတ်သက်၍ ဖိအားပေးခြိမ်းခြောက်မှုများရှိဟု တရားခံအောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော် ထုတ်ဖော်ပြောဆို

နေပြည်တော်၊ စက်တင်ဘာ ၁၁

နေပြည်တော် Wisdom Hill ကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုကိစ္စနှင့်ပတ်သတ်၍ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က အမှုအခင်းနဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေရှိကြောင်း ပြောခဲ့သည်။

“ကျွန်တော့်ကိုလည်း ဖိအားပေးပါတယ်၊ ဒီကိစ္စမှာ ဥပမာအမှုအခင်းနဲ့ခြိမ်းခြောက်ပြီး ဖိအားပေးနေတဲ့ကိစ္စတွေရှိတယ်။ အဲ့တာကြောင့်မို့လိုကျွန်တော်တို့ကလည်း ဒီဟာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့လုပ်စရာရှိတာလုပ်သွားမှာပါ’ ဟု ဦးခင်မောင်ဇော်က ဆိုသည်။

ဆက်လက်ပြီး ဦးခင်မောင်ဇော်က ယခုကိစ္စမှာ အောင်ကြီးလွတ်မြောက်ရေးအတွက်သာမဟုတ်ပဲ လမ်းကြောင်းသုံးခုကိုလုပ်ဆောင်နေကြောင်းဆိုသည်။

“ကျွန်တော်တို့က လမ်းကြောင်းသုံးခုရှိတယ်။ ကိုအောင်ကြီးလွတ်ရေး၊ တကယ်လုပ်တာ ဘယ်သူလဲ ဖော်ထုတ်ရေး၊ တတိယက အဲ့လိုဘယ်လိုလုပ်ပြီး ကိုအောင်ကြီးဖြစ်အောင်လုပ်လဲဆိုတဲ့အပိုင်းတွေ၊ အဲ့တာလုပ်ဖို့အတွက် လုပ်ကိုင်နေကြတာပါ။ အဲ့ဒီလိုလုပ်ကိုင်နေကြတဲ့အခါမှာ ကျွန်တော်တို့မီဒီယာအားလုံးကိုပြိုင်တူပဲ အဲ့လိုလုပ်တဲ့အတွက်ကြောင့်လည်း ကျွန်တော်တို့ကို pressure တွေပေးနေတယ်။ ကျွန်တော်တို့ထဲက ရဲဘော်ရဲဘက်တွေကိုလည်း pressure ပေးနေတယ်။ သို့သော် ကျွန်တော်တို့ကတော့ နောက်မဆုတ်ပါဘူး’ ဟု ဦးခင်မောင်ဇော်က ဆိုသည်။

ထပ်မံ၍ ဦးခင်မောင်ဇော်က “တရားရုုံးက ကိုအောင်ကြီးကို လွှတ်ပြီးတဲ့ခါကျတော့ ဘယ်သူမှလည်းမပေါ်ဘဲနဲ့ ကိုအော်ကြီးကတော့လွတ်သွားပြီ။ ဘယ်သူမှလဲမပေါ်ဘူး။ ဘာမှန်းလဲမသိဘူး။ အမှုကြီးက ဒီတိုင်းကြီးပြီးသွားတယ်ဆိုတာမျိုး အဲ့လို ကျွွန်တော်တို့က အဖြစ်မခံဘူး။ ရုံးကလည်းဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့မသိသေးဘူး။ အဲ့တော့ ကျွန်တော်တို့က ကိုအောင်ကြီးအပြင်ရာက်ရေးလုပ်မယ်။ လုပ်ပြီးတော့ ဒုတိယကိစ္စနဲ့ တတိယကိစ္စ ဆက်ပြီးတော့ကြိုးစားပါမယ်’ ဟု ဆိုသည်။

ဒါ့အပြင် တရားခံအဖြစ်စွပ်စွဲခံထားရသူ အောင်ကြီး၏ဖခင်ကလည်း ယနေ့တရားရုံးချိန်းနဲ့ပတ်သတ်ပြီး ယခုလိုမီဒီယာများကို ပြောကြားခဲ့သည်။

“ရှေ့နေတွေပြန်ထွက်လာတဲ့အချိ်န်မှာသိရတာက ကလေးကအောင်ကြီးကိုမသိဘူပေါ့။ ကလေးက ကိုကိုနှစ်ယောက်ကိုပြတယ်။ ပြောတယ်။ အဲ့ဒီအပေါ်မှာဖခင်တစ်ယောက်အနေနဲ့ ဦးရဲ့သားမဟုတ်တဲ့အတွက် အရမ်းလည်းဝမ်းသာပါတယ်။ ကျွန်တော့်သားမဟုတ်တဲ့အတွက် ဒီအချုပ်အနှောင်များမှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။ ဘာလို့လဲဆိုရင်ကလေးရဲ့စိတ်ဆင်းရဲမှုပေါ့နော်၊ အချုပ်ထဲမှာ ဒီလောက်ရက် အကြာကြီး ဒီအမှုနဲ့စွပ်စွဲခံထားရတယ်ဆိုတဲ့အတွက် အမြန်ဆုံးလွတ်ပါစေလို့ ဆုတောင်းပါတယ်။ မီဒီယာများနဲ့ ပြည်သူလူထုကိုလည်း အများကြီးကျေးဇူးတင်တယ်လို ့ပြောချင်ပါတယ်’ ဟု ၎င်းကပြောသည်။

လာမည့် ၇ ကြိမ်မြောက် ရုံးချိန်းကိုတော့ စက်တင်ဘာလ ၂၅ ရက်နေ့ တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့ တွင် ကျောင်းမှ ဝန်ထမ်းများကို စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ (၁၁) ရက်နေ့ရုံးချိန်းတွင် ဗစ်တိုးရီးယားအား Video Conferencing ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာများနှင့် ပြည်သူလူထုများ တရားခွင်အတွင်းသို့ ဝင်ရောက်နားထောင်ခွင့် မရခဲ့ပါ။

KKT(နေပြည်တော်) – Isee Media

လေးစားစွာဖြင့် ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*