တပည့်ဖြစ်သူကို (၁၃)သိန်းကျော်တန် iPhone X လက်ဆောင်ဝယ်ပေးခဲ့တဲ့ မြင့်မြတ်

တပည့်ဖြစ်သူကို (၁၃)သိန်းကျော်တန် iPhone X လက်ဆောင်ဝယ်ပေးခဲ့တဲ့ မြင့်မြတ်

နိုင်ငံကျော်မင်းသားချောလေး မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ သရုပ်ဆောင်မှုတွေကလဲ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတာမို့ မြင့်မြတ်က သရုပ်ဆောင်လောကမှာ အအောင်မြင်ဆုံး မင်းသားတစ်လက်ဖြစ်လို့ နေတာပဲဖြစ်ပါတယ်။

မြင့်မြတ်ဟာ အနေအေးပြီး လူတစ်ဖက်သားကို စာနာတတ်သူမို့ ပရိသတ်တွေကြားမှာ ကောင်းသတင်းနဲ့ ကျော်ကြားသူ တစ်ဦးဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း မြင့်မြတ်က သူ့ရဲ့ တပည့် မန်နေဂျာဖြစ်သူကို မြန်မာငွေ (၁၃)သိန်းကျော် တန်ဖိုးရှိတဲ့ iPhone X လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မြင့်မြတ်ရဲ့ မန်နေဂျာဖြစ်သူကလည်း ” ကျွန်တော့်ဆရာ iPhone X လက်ဆောင်ဝယ်ပေးပါတယ် ” ဆိုပြီး ဝမ်းသာအားရ ပြောပြထားပါတယ်။

မြင့်မြတ်ကတော့ တပည့်ဖြစ်သူကို သူ့ရဲ့သားလို ညီအစ်ကိုလို ချစ်ခင် သံယောဇဉ်ရှိသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကောင်းသောအကျိုးတွေ ပြန်လည်ခံစားရပြီး တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးလာတာ ဖြစ်မယ်နော်။

Rowena
Source: Myat Wai Tun’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*