မသန်စွမ်းဖြစ်သွားတဲ့ အွန်လိုင်းချစ်သူကို မေတ္တာလုံးဝမပျက်တဲ့အမျိုးသား

မသန်စွမ်းဖြစ်သွားတဲ့ အွန်လိုင်းချစ်သူကို မေတ္တာလုံးဝမပျက်တဲ့အမျိုးသား

ထိုင်းနိုင်ငံမြောက်ပိုင်း Chiang Mai မှာနေထိုင်တဲ့ အသက် ၃၁နှစ်အရွယ် Narawut Phongyen ဆိုသူ အမျိုးသားဟာ အသက် ၂၁နှစ်အရွယ် Patcharaphan Lenkham ကောင်မလေးနဲ့ ၂၀၁၅ ခုနှစ်မှာ အွန်လိုင်းပေါ်ကတစ်ဆင့် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ ချစ်သူတွေ ဖြစ်သွားပေမဲ့ ရလလောက်အထိ တစ်ယောက်ကို တစ်ယောက် မမြင်ဘူးကြပါဘူး။

အဲ့ဒီနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ နှစ်ယောက်သား အပြင်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်က မအောင်မြင်ခဲ့ပါဘူး။ ချိန်းတွေ့မဲ့ ကာလ မရောက်ခင်မှာပဲ Patcharaphan ဟာ ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးလည်ပင်းကနေ အောက်ပိုင်းတစ်လျှောက်လုံး မလှုပ်နိုင်တော့ဘဲ အောက်ပိုင်းသေသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာ သူမလှုပ်ရှားနိုင်တာဆိုလို့ လည်ပင်းအထက် ဦးခေါင်းပိုင်းနဲ့ လက်မကလေး နှစ်ချောင်းပဲ ရှိပါတယ်။ Narawut တစ်ယောက် သူ့ချစ်သူရဲ့ အကြောင်းကို ကြားသိရတဲ့ အချိန်မှာပဲ ဆေးရုံကို ဆက်သွယ်ပြီး အမြန်လိုက်သွားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အပြင်မှာစစဦးဆုံးတွေ့ဆုံတဲ့ အဖြစ်အပျက်ကတော့ မြင်တဲ့ အတိုင်းပဲ သူများတွေကို ကဗျာမဆန်ခဲ့ပါဘူး။

ဒီလို အဖြစ်ဆိုးနဲ့ကြုံတဲ့ အချိန်မှ ချစ်သူကို ပထမဦးဆုံး အပြင်မှာ ဆုံဖူးတာဖြစ်ပါတယ်။ အခုဆို Narawut တစ်ယောက် သူ့ရဲ့ ချစ်သူကို သစ္စာရှိရှိနဲ့ ပစ်မသွားရပ်တဲ့အပြင် အနီးကပ်ပြုစုစောက်ရှောက်နေတာ ၃နှစ်ကျော် ရှိနေပါပြီ။ Narawut ဟာ နေ့လည်ဘက်ဆို အလုပ်က ခဏပြန်လာကာ သူမအတွက် နေ့လည်စာဝယ်လာပြီး ကိုယ်တိုင် လာကျွေးတတ်ပါတယ်။

သူတို့နှစ်ဦးရဲ့ အဖြစ်အပျက်လေးကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ရက်နေ့က မီဒီယာတစ်ခုကနေ ဗီဒီယို ရိုက်ကူးပြီး မှတ်တမ်းတင်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ သူမကို နေ့တိုင်း ထမင်းကျွေးတာတွေ၊ အဝတ်အစား လျှော်ဖွက်ပေးတာတွေ၊ ကိုယ်လက် သန့်စင်ပေးတာတွေ၊အခန်းသန့်ရှင်းရေးလုပ်ပေးတာတွေက အစ အလုပ်အားရင် အားသလို သူမဆီလာပြီး ပြုစုစောင့်ရှောက်ပေးတတ်ပါတယ်။

Patcharaphan ဟာ သူ့ရဲ့ ခြေလက်အင်္ဂါတွေ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ကျွန်မပြန်ကောင်းလာစေချင်တယ်ဆိုတာ Narawut ကြောင့်ပါ။ သူနဲ့ တွေ့ဆုံခဲ့တာ ကျွန်မအတွက် အလွန်ကံကောင်းပါတယ်။ အောက်ပိုင်းသေနေမှန်းသိရက်နဲ့ ကံတရားကို စိန်ခေါ်ပြီး ကျွန်မကို ပစ်မသွားရက်ဘဲ ကောင်းလာအောင် ပြုစုပေးနေတာ တကယ့်ကို လေးစားမိပါတယ်” လို့ ရင်ဖွင့်ထားပါတယ်။

Narawut ကလည်း “ရုပ်ပိုင်းဆိုင်ရာ ကုထုတွေနဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး နေ့စဉ်ကုသနေတာ တစ်နေ့ ကျွန်တော်အနားမှာ သူမ ရပ်တည်နိုင်ဖို့ မျှော်လင့်ထားလို့ပါ။ အတူတူ မိသားစုဘဝလေးကို စတင်ခြင်တယ်ဆိုတဲ့ အတွေးက ကျွန်တော်အလုပ်က ပြန်လာပြီး သူ့မျက်နှာကို မြင်တိုင်း ခံစားနေရပါတယ်။ နေပြန်ကောင်းလာတဲ့ တစ်နေ့ကျရင် ရွာမှာ မင်္ဂဆောင်ကို ခမ်းခမ်းနားနားကြီး ပြုလုပ်ကြမယ်လို့လည်း ကတိပေးထားပါတယ်လို့” ဆိုပါတယ်။

Credit;original

Be the first to comment

Leave a Reply

Your email address will not be published.


*