ကိုကိုအကြီးကဖင်ဘုကိုဆိတ်ကိုကိုအငယ်ကရင်ဘတ်ကိုထုတယ်ဟု ဗစ်တိုးရီးယား ထွက်ဆို

ကိုကိုအငယ်က ရင်ဘတ်ကိုထုပြီး ကိုကိုအကြီးက ဖင်ဘုကိုဆိတ်တယ်ဟု ဗစ်တိုးရီးယားက ရုံးတော်တွင် ထွက်ဆို

ကိုကိုအငယ်ကရင်ဘတ်ကိုထုပြီး ကိုကိုအကြီးကဖင်ဘုကိုဆိတ်ကြောင်း ဗစ်တိုးရီးယားက တရားရုံးတွင်ထွက်ဆိုခဲ့ကြောင်း တရားလိုရှေ့နေဒေါ်ရွက်နုအောင်ကပြောသည်။

အမှု၏ ၆ ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာ ၁၁ ရက်တွင် စစ်ဆေးခဲ့ပြီး ယနေ့တွင် လိင်ပိုင်းဆိုင်ရာချိုးဖောက်ခြင်းခံရသူ နေပြည်တော် Wisdom Hill ကျောင်းမှ မူကြိုကျောင်းသူလေးတဦးတည်းကိုသာ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“ဆရာမနှင်းနုက သူ့ရဲ့ဖင်ဘုကို ရေဆေးပေးတယ်။ ဘယ်နေရာဆိုတာက အစကလေးက လက်နဲ့ကိုင်ပြနိုင်တယ်။ အဲ့လောက်အထိကို ကလေးကဉာဏ်ကောင်းတယ်။ ဖင်ဘုကဘယ်နေရာလဲ။ ဖင်ဘုဆိုရင်၂မျိုးသူသိတယ်။ ဒီနေရာမှာကလေးလေးက ကိုကို၊ ညီညီဆိုတဲ့အသုံးအနှုန်းမသုံးဘူး။ ကိုကိုအငယ်ဆိုတာမျိုးပြောတာပေါ့။ ကိုကိုအငယ်က သူ့ရင်ဘတ်တွေကိုထုတယ်ပေါ့။ ကိုကိုအကြီးကတော့ သူ့ဖင်ဘုကိုဆိတ်တယ်ပေါ့။ အဲ့လိုမျိုးပြောတယ်”ဟု ၎င်းကပြောသည်။

ယနေ့ စက်တင်ဘာ (၁၁) ရက်နေ့ရုံးချိန်းတွင် ဗစ်တိုးရီးယားအား Video Conferencing ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာများနှင့် ပြည်သူလူထုကို တရားခွင်အတွင်းသို့ ဝင်ရောက်နားထောင်ခြင်းမပြုခဲ့ကြောင်း သိရသည်။

ဗစ်တိုးရီးယားအားဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များပြသမေးမြန်းခဲ့ရာ ကိုအောင်ကြီးနှင့်ပတ်သတ်ပြီး ငြိစွန်းတာတခုမှထွက်ဆိုမသွားကြောင်း ကိုအောင်ကြီး၏ရှေ့နေဦးခင်မောင်ဇော်က ပြောကြားသည်။

ဖူးအောင်၊ News Watch (လေးစားမှုဖြင့် ခရက်ဒစ်)

 

Be the first to comment

Leave a Reply

Your email address will not be published.


*