ပါမောက္ခဆရာမကြီးသီဆိုထားတဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ကြောင့် အံသြဝမ်းသာဖြစ်ခဲ့ရပါတယ်ဆိုတဲ့ စိုင်းစိုင်း

ပါမောက္ခဆရာမကြီးသီဆိုထားတဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ကြောင့် အံသြဝမ်းသာဖြစ်ခဲ့ရပါတယ်ဆိုတဲ့ စိုင်းစိုင်း

ှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပျိုပျိုမေမေတို့ရဲ့ အချစ်တော် နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာဆိုရင် ပရိသတ်ချစ်ခင်အားပေးမှုအများဆုံးရရှိထားတဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။လူကြီးလူငယ်မရွေးအားပေးခြင်းခံနေရပြီး သူကတော့ (၁၅)နှစ်တိုင်တိုင် အောင်မြင်မှုအရှိန်အဝါကျဆင်းသွားခြင်းမရှိတဲ့ ရှမ်းတိုင်းရင်းသား အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။စိုင်းစိုင်းတစ်ယောက်ကတော့ အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်မှာ ပါရမီပါသူပီပီ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသားအနေဖြင့် ပါဝင်ရိုက်ကူးနိုင်သည်အထိ အောင်မြင်မှုရရှိထားပါတယ်။

သူကတော့ စီပွားရေးအနေဖြင့်လည်း SAI Cosmetix တံဆိပ်ဖြင့် အလှကုန်ပစ္စည်းလေးတွေကို ထုတ်လုပ်ရောင်းချပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးထောက်ခံမှုကိုအကောင်းဆုံးရရှိထားပါတယ်။လတ်တလောမှာတော့ တစ်ချိန်က စိုင်းစိုင်းရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “အချစ်သို့ရှုံးနိမ့်ခြင်း” သီချင်းကို မေဂျာပွဲလေးတစ်ခုမှာ ပါမောက္ခဆရာမကြီးက ပြန်လည်သီဆိုထားပါတယ်။ဆရာမကြီးကတော့ လွန်ခဲ့သောနှစ်က နိုင်ငံကျော် အဆိုတော်ကြီး ဦးချစ်ကောင်းရဲ့ “ကိုယ်ရေးပုံတူ” သီချင်းကို အမိုက်စားသီဆိုခဲ့တဲ့ ပါမောက္ခ ဆရာမကြီး ဒေါ်ခင်မာအုန်း ပဲဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ ဆရာမကြီး Hip Hop သီချင်းကို အမိုက်စားသီဆိုဖျော်ဖြေထားမှုကို သဘောကြနေတာကို “Love this performance! What a cute one!” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဆရာမကြီး သီဆိုထားတဲ့ ဗီဒီယိုလေးကို Share ထားပါတယ်။ ပရိသတ်ကြီးရော အမိုက်စားပုံစံသီဆိုထားတဲ့ စိုင်းစိုင်းရဲ့ သီချင်းလေးကို နားထောင်ပြီးရင် မှတ်ချက်ပေးခဲ့ပါဦးနော်

ရုပ်သံကြည့်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*