ရတနာမိုင်ရဲ့အဆိုတော်ကြီးတွေရဲ့ အိုက်တင်ကို တစ်ထေရာတည်းတူအောင် လုပ်ပြခဲ့တဲ့အခွီဗီဒီယိုလေး

အဆိုတော်ကြီးတွေရဲ့ အိုက်တင်ကို တစ်ထေရာတည်းတူအောင် လုပ်ပြခဲ့တဲ့ ရတနာမိုင်ရဲ့ အခွီဗီဒီယိုလေး

အဆိုတော်ကြီး မိုင်ရဲ့ ချိုသာတဲ့ သီချင်းဆိုစွမ်းရည်ကို အမွေဆက်ခံ ရရှိထားတဲ့ ရတနာမိုင်က အနုပညာသက်တမ်း(၁၀) နှစ်တိုင် အောင်မြင်မှုတွေ ရရှိခဲ့သူပါ ။ ရတနာမိုင်က သူမရဲ့ ဂီတ သက်တမ်းတစ်လျှောက် တေးသီချင်း အယ်လ်ဘမ်များစွာကိုလည်း ထုတ်လုပ်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက် ခံထားရသူ ဖြစ်ပါတယ် ။ ရတနာမိုင်က သီချင်းဆိုတဲ့ အလုပ်အပြင် သရုပ်ဆောင်အလုပ်ကိုလည်း ရံဖန်ရံခါ လုပ်တတ်သူတစ်ဦး ဖြစ်ပါတယ် ။

ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေအတွက် ရတနာမိုင်ရဲ့ Win’s Show Time အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးချင်ပါတယ် ။ ရတနာမိုင်က Win’s Show Time မှာ နိုင်ငံကျော် အဆိုတော်ကြီးတွေဖြစ်တဲ့ ဖြူဖြူကျော်သိန်း ၊ ဂျင်းနီ ၊ ရေဗက္ကာဝင်း ၊ မေခလာ ၊ ချစ်သုဝေ ၊ မိုင် စသူတို့ရဲ့ အိုက်တင်တွေကို တစ်သွေမတိမ်းတူအောင် လုပ်ပြခဲ့တာ ဖြစ်ပါတယ် ။ ရတနာမိုင်ရဲ့ ထို ဗီဒီယိုလေးက အရမ်းကို ရယ်ရပြီး သဘောကျစရာကောင်းတာမို့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော် ။

နိုင်ငံကျော် အဆိုတော်ကြီးတွေရဲ့ အိုက်တင်ကို တစ်ထေရာတည်းတူအောင် လုပ်ပြခဲ့တဲ့ ရတနာမိုင်ရဲ့ အခွီ ဗီဒီယို ရတနာမိုင်ကတော့ မထင်ထားလောက်အောင်ကို သရုပ်ဆောင်ကောင်းတာပဲနော် ။ အဆိုတော်ကြီးတွေရဲ့ အိုက်တင်ကို လုပ်ပြသွားတာများ အရမ်းကို ရယ်နေရတာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း ရတနာမိုင်ရဲ့ ဒီဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော် ။

ရုပ်သံကြည့်ရှု့ရန်

Momolay