လောကကြီးမှာငွေအလွယ်ရလို ငွေထက် တန်ဖိုးရှိတဲ့ ညီမလေးလိုလူမျိုးတွေ သိပ်ကိုရှားသွားပြီ

လောကကြီးမှာငွေအလွယ်ရလို ငွေထက် တန်ဖိုးရှိတဲ့ ညီမလေးလိုလူမျိုးတွေ သိပ်ကိုရှားသွားပြီ

ဒါမျိုး သိပ်ရှားသွားပြီ ညီမလေး…….မနေ့က နေပြည်တော် စျေးရောင်းပွဲတော်မှာ ကျွန်တော် စျေးရောင်းနေတုန်း တစ်နေ့က စျေးလာဝယ်သွားတဲ့ သားအမိနှစ်ယောက်ပြန်ရောက်လာတယ်…ပြီးတော့ …”အကို စကားလေးပြောစရာရှိလို့ပါ ” ဆိုတဲ့

သူ့သဏ္ဍန်နဲ့ သူ့ဟန်ကြောင့် ပြဿနာ တစ်ခုရှိပြီဆိုတာ ရိပ်စားမိလိုက်တယ် ။အဲ့ဒါနဲ့ ရောင်းလက်စ စျေးဝယ် ခဏထားပြီး ” ပြောပါ ညီမလေး ဘာကူညီပေးရမလဲ ဘာဖြစ်လို့လဲ ခင်ဗျာ… ဆိုတော့”အကိုရေ တစ်ခုတော့ အရင်တောင်းဆိုချင်တယ်နော် ”

ဟုတ်…..လူလည်း နည်းနည်းတော့လန့်သွားတယ် ဘာများပါလိမ့်…..?”အကို့ ကလေးတွေကို အပြစ်မတင် မဆူပါနဲ့နော် ဒါပေမဲ့ အကိုလည်း သိသင့်တယ် ထင်လို့လာပြောတာ ” ဆိုတော့ ဒိန်းခနဲဘဲ ဟာ ဘယ်ကောင် ဘာ ပြဿနာ ရှာလဲ မသိလို့ အတွေးပေါင်း သောင်းခြောက်ထောင် ခေါင်းထဲချက်ခြင်းတိုးလာပြီး ခေါင်းကြီး ကြီးသွားတယ်။ “မနေ့က အကို့ဆိုင်က ရွှေတစ်ကျပ်သားကြိုး ဝယ်သွားတာ အဲ့ဒါဒီနေ့ ရွှေဆိုင်မှာ သွားချိန်ကြည့်တော့ နှစ်ကျပ်သားကြိုး ဖြစ်နေတယ် အကို ကလေးတွေ မှားပေးလိုက်တယ် ထင်တယ် အဲ့ဒါလေးလာပြောပြီး ပစ္စည်းလေးပြန်လာပေးတာ ညီမတို့က လောလောဆယ် 2ကျပ်သားဖိုး မနိင်သေးလို့ အကို” တဲ့

စိတ်ထဲမှာ ရိုးသားဖြူစင်မှုကို မျက်မြင်တွေ့လိုက်တဲ့ အခါမှာ မယုံနိင်အောင် ဆွံ့အ သွားမိတာ အမှန်။ကလေးတွေကို မဆူပါနဲ့ ဆိုလို့ ပေးထားတဲ့ ဂတိအတိုင်း ဘယ်သူ့ကြောင့် ဘယ်နေရာက Error တက်လဲဆိုတာတောင် အဖြေမရှာမိတော့ပါဘူး ၊သူတို့လည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်ပါစေတော့ရယ်လို့ တမင်လုပ်ကြတာမှ မဟုတ်တာ ၊ အလုပ်များကြလို့ မတော်တဆ လွဲမှားမှုဆိုတာ နေရာတိုင်းမှာ ရှိတာဘဲ လို့ ချက်ချင်းဖြေတွေးတွေးလိုက်ရတယ်။ဒါပေမဲ့ စိတ်ထဲတစ်ခုတော့ ပူသွားတာလည်း ရှိသေးတယ်၊ ဒါက ကိုယ်က ပိုပါသွားတာမို့ တစ်ဖက်က ရိုးရိုးသားသား ပြန်လာပေးတဲ့သူနဲ့ ကြုံလို့ ကိုယ်က ပြန်ရတာ၊ မဟုတ်ရင် ဒီ amount က ကလေးတွေနဲ့ ကျွန်တော်ကြား စာရင်းစစ်ချိန် အငြင်းပွားရတော့မှာ။

ပြီးတော့ နောက်ထပ် ပိုဆိုးတာက ကိုယ်ကသာ 2ကျပ်သားကြိုး ဝယ်တဲ့သူကို တစ်ကျပ်သားကြိုးကုံးမှားပေးမိရင်….ဆိုတဲ့ အတွေးက သောကပွားစေတာမို့ နောက်ဆို ပိုမို သတိထား အမှားနည်းအောင် လုပ်ကြဖို့တော့ ဆော်သြော်မိတာ အမှန်။အသက်တစ်ရာ မနေရပေမဲ့ အမှုတစ်ရာ ပွေရတယ် ဆိုတဲ့ စကားအတိုင်း ပြဿနာတွေ မကြုံစေချင်တဲ့ စေတနာတွေနဲ့ အလင်းပြပေးတဲ့…..နေပြည်တော် Junctionမှာကျင်းပသော ကျွန်တော်တို့ 29 ရတနာရဲ့ စိန်အထူးရောင်းပွဲမှာ လာရောက်အားပေးတဲ့ တောင်ကြီးက ညီမလေး ငြိမ်းသဥ္ဇာထက်ရေ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

ညီမရဲ့ စေတနာမေတ္တာ အပြည့်နဲ့ ထောက်ပြပေးတဲ့ကျေးဇူးကို ကျွန်တော့်တစ်သက် မမေ့ပါဘူးနော် ငွေအလွယ်ရလိုတဲ့ လောကကြီးမှာ ငွေထက် တန်ဖိုးရှိတဲ့ ဒီလို အရာတွေဟာ သိပ်ကို ရှားသွားပြီ ညီမလေး…ညီမအတွက် အကို တကယ် ဂုဏ်ယူပါတယ် ညီမရေ ဖြူစင်ရိုးသား စေတနာထားတဲ့ တောင်ကြီးသူ ညီမလေး ငြိမ်း… အတွက် Share တစ်ချက်နဲ့ ဂုဏ်ပြုပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ဗျာ

Credit-29 ရတနာ

Facebook Comments