ရှမ်းပြည်မြောက်ပိုင်းကျိန်စာသင့်နေသလားထူးဆန်းတာကဒီနယ်မြေကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှစ်ပေါင်းဆယ်နဲ့ချီဘာလို့တွယ်ကပ်နေရတာလဲ

ရှမ်းပြည်မြောက်ပိုင်းကျိန်စာသင့်နေသလားထူးဆန်းတာကဒီနယ်မြေကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှစ်ပေါင်းဆယ်နဲ့ချီဘာလို့တွယ်ကပ်နေရတာလဲ

#ရှမ်းပြည်မြောက်ပိုင်းကျိန်စာသင့်နေသလား#

ထူးဆန်းတာကဒီနယ်မြေကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှစ်ပေါင်းဆယ်နဲ့ချီဘာလို့တွယ်ကပ်နေရတာလဲ

ဒေသခံတွေရိုးသားပြီးစည်းရုံးရလွယ်ကူလို့လား?

ဆက်ကြေးတွေကောက်ရလွယ်ကူလို့လား?

တရုတ်နိုင်ငံနဲ့ပေါင်းပြီး တိုင်းပြည်ရဲ့သံယံဇာတတွေခိုးထုတ်စီးပွားရှာဖို့ လွယ်ကူလို့လား?

အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာဒေသခံတွေနဲ့အခြားဒေသကလာပြီးပင်ပင်ပန်းပန်းစီးပွားရှာရတဲ့သူတွေရဲ့ပိုက်ဆံတွေကိုနည်းအမျိုးမျိုးနဲ့အနိုင်ကျင့်ပြီးတောင်းယူသေးတယ်ဟိုးအရင်ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နဲ့ကစလို့ဖြစ်လိုက်တဲ့စစ်ပွဲတွေခုလဲ RCSS/SSA ,TNLA , KIA , UWSA , MNNDA , နောက်ဆုံး AA တောင်ပါလာသေးတယ်။ဘယ်အဖွဲ့ပြောပြောရှမ်း/မြောက်ကသူတို့နယ်မြေပဲပြောကြတယ်။

သူတို့အဖွဲ့တွေဒီ်နယ်မြေမှာလှုပ်ရှားနေကြပြီးတည့်တဲ့အခါတည့်တယ်။သူတို့အဖွဲ့တွေမတည့်ရင်ဒါမှမဟုတ်မြန်မာ့တပ်မတော်နဲ့ထိပ်တိုက်တွေ့ရင်လည်းဒေသခံနဲ့တရပ်တကျေးကစီးပွားလာရှာသူတွေကမြေစာပင်။

တိုင်းရင်းသားနာမည်ခံလက်နက်ကိုင်အဖွဲ့အစည်းတွေကသူတို့လူမျိုးကောင်းစားရေး ခေါင်းစဉ်တပ်ပြီးဒီနယ်မြေမှာခြေကုပ်ယူထားကြတာနှစ်ပေါင်းဆယ်နဲ့ချီနေပါပြီ။ဘယ်သူတွေကောင်းစားပြီးဘယ်သူတွေဒုက္ခရောက်နေကြလဲဒေသခံတိုင်းရင်းသားတွေအသိဆုံးနေမှာပါ။အဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကိုသက်ဆိုင်ရာတုုိင်းရင်းသားတွေရဲ့ထောက်ခံမှုနဲ့ဖွဲ့စည်းခဲ့တာလား။အဲ့ဒါလဲမေးခွန်းထုတ်စရာပါ။

ခုုဖြစ်စဉ်ကိုလဲဲကြည့်ပါ။နယ်မြေမအေးချမ်းအောင်လုပ်တာဘယ်အဖွဲဲ့တွေလဲ.သေချာကြည့်ရင်သဘောပေါက်မှာပါ။

ကုန်စည်စီးဆင်းမှုတွေလဲပုံမှန်ပြန်ရောက်ဖို့အချိန်အတိုင်းအတာတခုထိစောင့်ရပါဦးမယ်။အပြစ်မဲ့ပြည်သူတွေလဲအသက်ပေးခဲ့ရပြီးပြီ။လက်ရှိဒုက္ခရောက်နေတာကဒေသခံတွေရောတနယ်တကျေးကသူတွေရော။ကုန်ကုန်ပြောရရင်တရုတ်ပြည်နဲ့ဆက်စပ်တဲ့စီးပွားရေးသမားတွေအားလုံးဒုက္ခရောက်ကုန်တယ်။

#သေချာတာကဘယ်သူမဆိုကိုယ့်ဒေသကိုအေးချမ်းချင်တဲ့သူတွေချည်းပါပဲ#

မလုပ်သင့်တာတွေကိုမလုပ်ကြပါနဲ့ဗျာအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ

Credit