ယနေ့(သြဂုတ် ၂၀) ညနေပိုင်းတွင်ဂုတ်တွင်းတံတား ဖြတ်သန်းခွင့်ပြုမည်

ဂုတ်တွင်းတံတား ယနေ့(သြဂုတ် ၂၀) ညနေပိုင်းတွင် ဖြတ်သန်းခွင့်ပြုမည်

မန္တလေး – နောင်ချို – လားရှိုး ကားလမ်းရှိ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရသော ဂုတ်တွင်းတံတားအား (၃)လွှာ တစ်ထပ် အရှည်(၂၁၀ ပေ) နှစ်လမ်းသွား ယာယီဘေလီတံတား သံဘောင်များ တပ်ဆင်တည်ဆောက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း/တံတား အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား အင်အား(၂၀၀)ကျော်က စက်/ယာဉ်ယန္တရားများဖြင့် လည်းကောင်း၊ Oriental Highways BOT ကုမ္ပဏီမှ အင်ဂျင်နီယာများ၊ စက်/ယာဉ် ယန္တရားများဖြင့် လည်းကောင်း တံတားချဉ်းကပ်လမ်းခင်းခြင်းလုပ်ငန်းများ နှင့်တံတားသံဘောင် မူလီများကြပ်ခြင်းလုပ်ငန်းများအား နေ့/ည မပြတ် ဆောင်ရွက်လျက်ရှိသည်။

တံတားသံဘောင်များ Top Chord & Bottom Chord အပြီးတပ်ဆင်ခြင်း၊ တံတားချဉ်းကပ်လမ်း နှစ်ဘက် ဆောင်ရွက်ခြင်းနှင့် တံတား Load Test အလေးခံနိုင်ဝန် စမ်းသပ်စစ်ဆေးပြီးပါက အိမ်စီးကားများ၊ ခရီးသည်တင်ကားများနှင့် ကုန်ကားများ (ယာဉ်+ကုန်=၃၆တန်) ကို ယနေ့(သြဂုတ် ၂၀) ညနေပိုင်းတွင် စနစ်တကျ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ဆောက်လုပ်ရေး

Credit – Daily Mail