ဆရာကြီး ဦးရန်အောင်ခြေသလုံးကြော တောင့်တင်းသူများ နှစ်ချက် ဆောင်ရွက်ပေးပါ( သြ / သု )

ဆရာကြီး ဦးရန်အောင်ခြေသလုံးကြော တောင့်တင်းသူများ နှစ်ချက် ဆောင်ရွက်ပေးပါ( သြ / သု )

ခြေသလုံးကြော တောင့်တင်းသူများ

နှစ်ချက် ဆောင်ရွက်ပေးပါ။

ရေချိုးခါနီး ခြေဖဝါးဆားပွတ်ပြီးမှ ရေချိုးပါ။( အပူထုတ် ရေချိုးနည်း လမ်းညွှန်ချက်ကို တင်ထားပြီးပါပြီ )

တောင့်တင်းတဲ့နေရာကို မန်ကျည်းရေ ကျဲကျဲနဲ့ လက်နှစ်ဖက်နဲ့ ညှပ်ပြီး ပွတ်ပေးပါ။ ခြေပေးပါ။ ခြေပြီးမှ ရေချိုးပါ။

အရွက် သုံးရွက်အနက် ကြိုက်တဲ့အရွက် တစ်ရွက်ကိုသုံးပါ။

၁ = ကိုရံကြီးရွက်။ ၂ = ဗာဒံရွက်။ ၃ = ငှက်ပျောရွက် ။

ညအိပ်တဲ့အခါ သိပ်တင်းတဲ့နေရာကို ပတ်ပြီး အိပ်ပါ။ အရွက်ပတ်တဲ့အခါမှာ နေရောင်ထိတဲ့ဘက်၊ ချောတဲ့ဘက်နဲ့ အသားကိုထိရပါမယ်။ သူ့ကိုပတ်တော့မယ်ဆိုရင် အဘွားအသက် ကရမက်၊ အမျိုးသမီး အသက် ကရမက် ဆိုတဲ့အတိုင်း ကရမက်လိမ်းပါ။ ကရမက်က အပူစုပ်မယ်။ ပြီးမှ အရွက်ပတ်၊

အရွက်ကလည်းအပူစုပ်မယ်။ တောင့်တာ တင်းတာ အကြောင်းခံက ပူလွန့်လို့ ။ ရာနှုန်းလျော့သွားပါလိမ့်မယ်။

Credit – ( သြ / သု ) ဆရာကြီး ဦးရန်အောင်