ကနဦးသတင်း နောင်ချို တိုက်ပွဲဖြစ်ပွားမှုအခြေအနေ

ကနဦးသတင်း နောင်ချို တိုက်ပွဲဖြစ်ပွားမှုအခြေအနေ

နောင်ချို ဂုတ်တွင်းမှာ ဒီမနက် (၅) နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပါတယ်။ ကနဦး သတင်းအရ ရဲတစ်ယောက်နဲ့ အရပ်သားတစ်ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

မန္တလေး-မူဆယ်ကားလမ်း ပြင်ဦးလွင်မြို့အထွက် တိုးဂိတ် မူးယစ်ဆေးဝါးရှာဖွေသည့် X-Ray စက် ထားရှိသည့်နေရာနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဝန်းအတွင်းသို့ ယနေ့(သြဂုတ် ၁၅) နံနက် (၅) နာရီခန့် အချိန်က အမည်မသိ လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး ဖြင့်လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

ဂုတ်တွင်း တိုးဂိတ်တာဝန်ကျ ဝန်ထမ်းများမှ ဒဏ်ရာရ သူများအား နောင်ချိုဆေးရုံသို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။ ဦးခါင်းကို သေနတ်ဒင်ဖြင့် ရိုက်ခံထားရတယ်လို့ သိရပါသည်။

တိုက်ပွဲတောက်လျှောက်ဖြစ်နေပါတယ်။ တပ်မတော်မှ တောက်လျှောက်ရှင်းလင်းရေးလုပ်နေပါတယ်။ ထိတွေ့မှု့များရှိနေသည့်အတွက် အိမ်ထဲမှာဘဲနေကြဖို့ သတိပေးမှုများလည်း ရှိနေကြောင်း သိရပါသည်။

မျိုးသက်အောင်(ပြင်ဦးလွင်)

Credit – tawthu

Be the first to comment

Leave a Reply

Your email address will not be published.


*