ခေါင်းကိုက်တိုင်းဆရာဝန်နဲ့ ပြသခြင်းမပြုဘဲ ဆေးဝယ်သောက်လေ့ရှိသူ၊ ဆေးရုံရောက်ပြီး မကြာမီမှာသေဆုံး

ခေါင်းကိုက်တိုင်းဆရာဝန်နဲ့ ပြသခြင်းမပြုဘဲ ဆေးဝယ်သောက်လေ့ရှိသူ၊ ဆေးရုံရောက်ပြီး မကြာမီမှာသေဆုံး

အသက်(၂၅)နှစ်အရွယ် ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးဟာ၊ သူမ ခေါင်းကိုက်တိုင်း ကိုယ့်ဖာသာ ဆေးဝယ်သောက်လေ့ရှိကြောင်း သိရပါတယ်။

သူမဟာ တစ်နှစ်ကြာ မိမိဖာသာ ဆေးဝယ်သောက်ရင်း၊ နောက်ဆုံးတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားခဲ့ရပြီး၊ အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရပါတယ်။

အဆို်ပါ အမျိုးသမီးဟာ Migraines လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ မီးယပ်လာတိုင်း နာကျင်ကိုက်ခဲတဲ့ ရောဂါတွေ ခံစားခဲ့ရပါတယ်။

ဒါပေမယ့် သူမဟာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသခြင်းမပြုဘဲ၊ ဆေးဆိုင်ကနေ သင့်တော်မယ်ထင်တဲ့ ဆေးဝါးတွေကို ဝယ်သောက်ခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ (၂)ရက်နေ့မှာတော့ ခေါင်းအလွန်ကိုက်လို့ အလုပ်ကနေ အနားယူသည်အထိ ဖြစ်ခဲ့ရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း နာကျင်နေပြီး၊မောပန်းနွမ်းနယ်ကာ ရင်ဘတ်ထဲကနေ စူးကနဲအောင့်တယ်လို့ ပြောပါတယ်။ မိသားစုဝင်တွေက သူမကို ဆေးရုံအမြန် တင်ခဲ့ရာ၊ ဒေါက်တာတွေက စမ်းသပ်ကြည့်ခဲ့ပါတယ်။

အဓိကအားဖြင့်တော့ သူမဟာ သွေးဖိအားအလွန်ကျဆင်းနေပါတယ်။ ဒါဟာ သူမ လောလောလက်လက် သောက်ထားတဲ့ ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့်ပါ။ ဒီလိုနဲ့ သူမကို စိတ်ချရတဲ့ အနေအထားဖြစ်အောင်ကုသပေးပြီး၊ သြဂုတ်လ (၉)ရက်မှာ အာရုံကြောအထူးကုနဲ့ လာရောက်ပြသလို့ ရက်ချိန်းပေးလိုက်ပါတယ်။ အဲဒီနောက် ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။

သြဂုတ်လ (၂)ရက် ညသန်းခေါင်းမှာ သူမဟာ မကြာခဏအန်ပြီး၊ ခေါင်းတွေ တအားကိုက်နေတာကြောင့် အိပ်မပျော်ခဲ့ပါဘူးတဲ့။ သြဂုတ် (၃)ရက်မှာ ခေါင်းကိုက်တာ မသက်သာဘဲ

သြဂုတ်(၄)ရက်မှာ ဆေးရုံထပ်ပြီး တက်ခဲ့ရပါတယ်။ နေ့လည်ပိုင်းအထိ ဒေါက်တာတွေနဲ့ စကားအပြန်အလှန် ပြောနိုင်ခဲ့ပေမယ့်၊ မွန်းလွဲပိုင်းမှာ သတိလစ်သည်အထိ အဖျားတက်လာလို့နောက်ထပ် ဆေးရုံတစ်ခုကို အရေးပေါ် လွှဲပြောင်းပေးခဲ့ရပါတယ်။ အဲဒီဆေးရုံမှာ ဆက်လက်ကုသဖို့ ဆရာဝန်တွေက ကြိူးစားခဲ့သော်လည်း၊ လူနာရဲ့ကိုယ်ခံစွမ်းအားက အလွန်နည်းပါးနေလို့ဆေးတွေဆက်အသုံးပြုဖို့ မသင့်တော်ဘူးလို့ ဆရာဝန်တွေက ယူဆခဲ့ပါတယ်။ ဒီလိုနဲ့ ညဦးပိုင်းလောက်မှာပဲ အဆိုပါ အမျိုးသမီး ကွယ်လွန်သွားပါတယ်။

ဒီအကြောင်းကို သေဆုံးသူရဲ့ ညီမဖြစ်သူက အခြားသူတွေကို သတိပေးလိုတာကြောင့် လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာပါ။ ဆေးဝါးတွေဟာ ဆရာဝန်တွေ၊ တတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်တွေရဲ့အကြံပြုချက်မပါဘဲ မသုံးဆောင်သင့်တဲ့ အရာတွေပါ။ တစ်ခါတလေ ခေါင်းမူးခေါင်းကိုက်တာလောက်ကို ပါရာစီတမောလ်နဲ့ ဘာမီတွန်သောက်ရင်

ပျောက်တယ်လို့ တွေးတာမှန်ပေမယ့်၊ တစ်ကယ်ဖြစ်နေတဲ့ ရောဂါနဲ့ ဆေး တစ်ခြားဆီဖြစ်တဲ့အခါ နစ်နာသူက ကိုယ်တိုင်ပဲ ဖြစ်လာမှာပါ။

Credit: https://kalaykalar.com/archives/3536