ရေတိမ်နစ်ရတော့မယ့် မုံရွာတက္ကသိုလ် သုတေသနအဆောက်အဦး

ပေါင်းစားခဲ့တဲ့သူတွေကြောင့် ရေတိမ်နစ်ရတော့မယ့် မုံရွာတက္ကသိုလ် သုတေသနအဆောက်အဦး

အရည်အသွေး မမီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက တည်ဆောက်ခဲ့တဲ့ မုံရွာ တက္ကသိုလ် သုတေသန အဆောက်အဦးကြီးဟာ ဆောက်လုပ်ပြီး မကြာခင်မှာပဲ ပုံမှာ မြင်တွေ့ရတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ တတ်သိ ပညာရှင်တွေ ပြောကြားချက်အရတော့ အောက်ခံ မြေသား ကျစ်လစ်ခိုင်မာမှုရှိအောင် မပြုလုပ်ဘဲ အဆောက်အဦးကြီးကို အမြန်ဆောက်ခဲ့တဲ့ အတွက်ကြောင့်ပါတဲ့။

ထုထည်ကြီးမားပြီး အထပ်မြင့်တဲ အဆောက်အဦးကြီးတွေ ဆောက်လုပ်တဲ့ အခါမှာ အောက်ခံမြေသားကို မာကြော ကျစ်လစ်အောင် လနဲ့ ချီပြီး ပြုလုပ်ရပါတယ်တဲ့ ခင်ဗျာ။ အဲဒီလုပ်ငန်းစဉ်တွေကို ယခု အဆောက်အဦး ဆောက်လုပ်တဲ့ ကန်ထရိုက်နဲ့ အင်ဂျင်နီယာတွေ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။

အဆောက်အဦး မြန်မြန်ပြီးအောင်၊ အလုပ်သမားစရိတ် အကုန်အကျနည်းအောင် ပေါချောင်မကောင်း လုပ်ခဲ့တာကြောင့်ပါ။ ဆောက်တဲ့ ကန်ထရိုက်ရော၊ အရည်အသွေး စစ်ဆေးတဲ့ အင်ဂျင်နီယာရောမှာ တာဝန် ရှိပါတယ်။ ပြည်သူတွေရဲ့ အခွန်ငွေ တွေကို အလဟဿဖြုန်းတီးဖို့ မသင့်ပါဘူး။ အခုကိစ္စက ဖြုန်းတီးတာထက် လွန်ပါတယ်။ ပြည်သူတွေရဲ့ အခွန်ငွေကို လိမ်လည် လှည့်ဖျားပြီး ယူထားတာပါ။

လုပ်ငန်းချပေးတဲ့ တာဝန်ရှိသူနဲ့ ကန်ထရိုက်တို့ ပေါင်းစား ကြတာပါ။ ပေါင်းစား တယ်ဆိုတာ ငါးသလောက်ပေါင်းပဲ စားကောင်းပါတယ်။ ဒီလိုကိစ္စမျိုးကတော့ အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူများ ကြီးကြပ်အရေးယူ ပေးကြပါဦး။ မူရင်းတင်ထားတဲ့ ပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

“အဆောက်အဦကို တာဝန်ယူဆောက်သွားတဲ့ သူတွေကတော့ မိသားစုနဲ့ ကားစီးပြီး စျေးကြီးကြီး ညစာတွေကို ပျော်ရွှင်စွာ မြိန်ရေယှက်ရေသုံးဆောင်နေကြမလားဘဲ။ ဒါပေမယ့် နိုင်ငံတော်ကပေးချေလိုက်ရတဲ့ တန်ဖိုးကြီး ဒီသုတေသန အဆောက်အဦကြီးကတော့ ဘာမှမကြာသေးခင်အချိန်မှာဘဲ တဖြည်းဖြည်းနဲ့ အားလုံးအတွက် စိုးရိမ်စရာ ကောင်းလာနေပါပြီ။ မွေးခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးလို နေ့လား ညလားပဲ။ ဘာမှမဖြစ်သေးတော့ အခုထိ အေးအေးဆေးဆေးပဲ နေနေကြတုန်းပဲ။

နေရာ။ ။ မုံရွာတက္ကသိုလ်/ သုတေသန အဆောက်အဦ။

Minmin Phyo (လေးစားမှုဖြင့် ခရက်ဒစ်)

Be the first to comment

Leave a Reply

Your email address will not be published.


*