ဘာကြောင့်ရာသီဥတုပျက်စီးရသလဲ

ဘာကြောင့်ရာသီဥတုပျက်စီးရသလဲ

ကံကို ရိုးမယ်စွတ်လို့ မရဘူး ကံထက် အရေးကြီးတာ လူတွေရဲ့ စိတ်နေသဘောထား ပိုအရေးကြီးတယ်။

လူတွေရဲ့ စိတ်ဓာတ်တွေဟာ အောက်တန်းကျလာပြီ အပြစ်မကင်းတဲ့ စိတ်ဓါတ်တွေ ဒီကနေ့ခေတ်ပဲကြည့် လူတွေရဲ့စိတ်ဓါတ်ဟာ ဆိုးသွမ်းသောင်းကျန်းလာတဲ့ အနေအထားမျိုး ရှိလာတယ်။

ထစ်ခနဲရှိရင် ရိုက်ကြမယ်နှက်ကြမယ် သတ်ကြမယ် ဖြတ်ကြမယ် လူတွေရဲ့ စိတ်ဓါတ်တွေက ပိုပြီးတော့ ရိုင်းပြလာတယ် အဲ့ဒီလို ရိုင်းပြလာတဲ့ စိတ်ဓါတ်တွေကြောင့် သက်တမ်းက တိုသထက် တိုလာမှာပဲ ။

ဒါ သဘာဝပဲနော် ရာသီဥတုတွေက ဆိုးသထက် ဆိုးလာမှာ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဒီလောက် ပူတာ မကြုံဖူးဘူး အခုတခါ ပူလာပြီ ဒါ ရာသီဥတု ပျက်ပြားတာ။

ဒီရာသီဥတု ဘာကြောင့် ပျက်တာတုန်းဆိုရင် လူတွေရဲ့ လုပ်ရပ်တွေကြောင့်ပဲ ပျက်တာ ကမ္ဘာမြေပြင်ပေါ်မှာ နေတဲ့လူတွေဟာ အကျင့်ပျက်လာပြီဆိုရင် ရေမြေတွေဟာလဲ ဖောက်ပြန်ပျက်စီးကုန်တယ်။

ဖောက်ပြန်ပျက်စီးတဲ့ ရေမြေတွေကို အမှီပြုပြီး အသက်ရှင်သန်ရတဲ့ လူတွေရဲ့ အသက်တွေလည်း ထိခိုက်လာတယ် ဒီလို ဆက်စပ်ပြီးတော့ နေတယ်ပေါ့နော် ကိုယ်လုပ်တာ ကိုယ်ရပြီးတော့ ကိုယ်ခံရတဲ့သဘောပဲ။

မလုပ်တဲ့လူတွေ ရှိသော်လည်း လုပ်တဲ့လူတွေ များလာတဲ့အခါ ကောင်းတဲ့လူတွေ ရှိသော်လည်း မကောင်းတဲ့လူတွေက များလာလို့ရှိရင် မကောင်းတာက ပိုဖြစ်လာမှာပဲ ဒါ ထင်ရှားတယ်။

ဘယ်ခေတ်ပဲဖြစ်ဖြစ် လူများရာကနေ အားလုံးဟာ ခံကြရတာဖြစ်တယ်ပေါ့ လောဘတွေကြီးလာတယ် ဒေါသတွေကြီးလာတယ် အမှန်မသိတဲ့ မောဟတွေ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ မလုပ်သင့်တာကို လုပ်သင့်တယ်ထင်တယ်။

လုပ်သင့်တာကိုကျတော့ မလုပ်သင့်ဘူးထင်ပြီး မှားယွင်းခြွတ်ချော်မှုတွေ များလာတဲ့ ကနေ့ခေတ်ကာလကြီးဟာ ဆုတ်ခေတ်လို့ ပြောရတဲ့ကာလမျိုးပဲ ဖြစ်တယ်ပေါ့။

Credit – manawmaya

Be the first to comment

Leave a Reply

Your email address will not be published.


*