ရုရှားနိုင်ငံတကာ ယဉ်ကျေးမှုပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရလာတဲ့ အောင်သော်ရဲ့သမီး ဂျူးဂျူးသော်

ရုရှားနိုင်ငံတကာ ယဉ်ကျေးမှုပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရလာတဲ့ အောင်သော်ရဲ့သမီး ဂျူးဂျူးသော်

ပြီးခဲ့တဲ့ ဇူလိုင်လထဲတုန်းက Russiaနိုင်ငံ Vladivostokမြို့Okean Center မှာကျင်းပပြီးစီးခဲ့တဲ့ Children of The World 2019 ကို ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၂၀ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့သိရပါတယ် ။ အဲ့ဒီလို ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဖွဲ့က ရွှေတံဆိပ်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တယ် ဆိုပြီး သိရပါတယ်။ အခု သွားရောက်ယှဉ်ပြိုင်တဲ့ အထဲက တစ်ယောက်ဖြစ်တဲ့ လူရွှင်တော် အောင်သော်ရဲ့ သမီး ဂျူးဂျူးသော် က ဆုရတဲ့အပေါ်ကခံစားချက်တွေကို Cele ရပ်ကွက်နဲဲ့အင်တာဗျုးတစ်ခုမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ပြောပြပေးလိုက်ပါတယ်။

အမြင့်ဆုံးရွှေသုံးဆုပေးတာ နှစ်ဆုရခဲ့တာ ဟိုမှာပင်တော့ပင်ပန်းတယ် မနက်ဆိုရင် ရနာရီလောက်ထရတယ် ညဆိုရင်လည်း ၉နာရီ ၁ဝနာရီကျော်လောက်မှ အိပ်ရတယ် ။ ဟိုမှာကျတော့ တော်တော်နဲ့နေမဝင်ဘူးလေ ၉နာရီလောက်မှ နေဝင်တာ ၈နာရီလောက်ထိလင်းထိန်နေတုန်းပဲ ။ ၁ဝနာရီကျော်လောက်ပေ့ါ အဲ့ဒီကျမှ အိပ်ရတယ် ။ အတီးနဲ့အက ပြိုင်တာ အတီးနဲ့ အကနဲ့ရတာ ။ မြန်မာက ပြိုင်တာ Welcome to Myanmar ပါတယ် ။ ဦးရွှေရိုးနဲ့ဒေါ်မိုးပါတယ် ကိုကြီးကျော်ပါတယ် ပြီးတော့ မော်ဒန်ကိုဒီယိုဂရပ်ဖီရယ် ။ အပျော်လွန်ပြီးမေ့သွားတာ ဘာတွေရခဲ့တယ်ဆိုတာ ။

အနုပညာနဲ့ ပတ်သက်ပြီးစိတ်ခံစားချက်ကို “ လုပ်ချင်တာက များနေတော့ ဖြစ်ချင်တာထက် ဖြစ်နိုင်တာများနေတာပေါ့ ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတာပေါ့ ။ သရုပ်ဆောင်လည်း ဝါသနာပါတယ် ဒါပေမယ့် ဖြစ်ချင်တာထက် လုပ်တိုင်းဖြစ်မှလေ ဟုတ်တယ်မလား ။ ဘယ်လောက်ပဲ ဝါသနာပါပါ ဆန်းဆိုတာလည်း ရှိသေးတယ်လေ အဲ့ဒါကြောင့်မို့”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*