ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်က ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်က ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်

ကျွန်တော်ကိုတစ်ခုလောက်ဒီစာလေးကိုရှယ်ပေးစေချင်တယ် နိုင်ငံတော်အတိုင်ပင်ခံအမေဒေါ်အောင် ဆန်းစုကြည် နှင့်နိုင်ငံတော်သမ္မတ တို့ထံ

သို့/

ဒီအဖြစ်ကိုကျွန်တော်ရေးဖို့စဉ်းစားတိုင်းသူတပါးကို ကိုယ်ချင်းစာစိတ်လေးနဲ့ပြန်လည်တွေးပေးမိပါတယ် ဒါပေမယ့်ဘယ်လိုမှမအားတာကတကြောင်း.. တဖြည်းဖြည်းနဲ့ပြန်တွေးမိတိုင်းစိတ်ထဲမှာ ကျွန်တော့်အကို ကို လက်လွတ်စပါယ်လုပ်လိုက်သောသူများအကြောင်းတွေးမိတိုင်းမဖြေဆည်နိုင်ဖြစ်နေရပါတယ်။နောင်လာနောက်သားများလည်းဒီလိုအဖြစ်မျိူးမဖြစ်စေချင်ပါ။ အဖြစ်ကဒီလိုပါ ကျွန်တော့်အကိုနာမည်က ရန်နိုင်ထွန်း ပါ။နှလုံးအဆို့ကျဉ်းလို့ရန်ကုန်ဆေးရုံကြီး မှာတက်ရောက်ကုသခဲ့ပါတယ် ။OPT ပြနေတာကတော့ 2 နှစ်နီးပါးတော့ရှိပြီ။

အဲ့တာနဲ 7 .1 2019 မှာနှလုံးခွဲစိတ်ဆောင်အပေါ်ထပ် အဆောင် 4 မှာအရင်ဆုံးတက်ရောက်ခဲ့ပါတယ် အဲ့ဒီအခန်းမှာနှစ်ကျော်ပတ်ကျော်ကြာမြင့်ပြီးအဆောင် 3 မှာပြောင်းရပါတယ် လူကတော့လှုပ်ရှားမှုများရင်အသက်ရှုနည်းနည်းကြပ်တာကလွဲလို့စားနိုင် သောက်နိုင်သွားနိုင်ပါတယ်။ အဆောင်3 မှာတပါတ်ကျော်ကြာပြီး sister မကြီးတွေကိုအခန်းဘွတ်ကင်ရိုက်ပြီး အခန်းမရမီ ခွဲစိတ်လူနာများနဲ့ရက်နီးလာသောလူနာများအဆောင် 2 ကိုထပ်ပြောင်းရပါတယ်

တပါတ်လောက်ကြာတော့ အခန်း ဘွတ်ကင်ရိုက်တာရရှိကြောင်းပြောပါတယ်။ အဲ့တာနဲ့ အခန်း ( ဃ ) မှာပြောင်းပြီးလိုအပ်သောဆေးဝါးကုသမှုများကိုမှာကြားသည့်အတိုင်းလုပ်ဆောင်ပေးခဲ့ပါတယ်။ လူနာကလည်းစားနိုင်သောက်နိုင်သွားနိုင်နဲ့ပါ။ကျွန်တော်တို့လည်းရှေ့ကခွဲလူနာများအပြီးကျွန်တော့်အကိုအလှည့်ကိုစောင့်ဆိုင်းရင်းတလကျော်ကျော်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ ကျွန်တော် အကို “ရန်နိုင်ထွန်း´´ခွဲမယ့် 6.2.2019 ရက်ကိုရောက်လာပါတယ်။ ကျွန်တော်လညိ်းဆရာမတွေကိုကျွန်တော်အကိုဖြစ်သောရောဂါလက္ခဏာကို မေးကြည့်တော့နှလုံးအဆို့နှစ်ခုကျဉ်းတာလို့သိရပါတယ်။ နောက်ပြီး Sister အပြာဆရာမကြီးကို ကျွန်တော့်အကိုခွဲစိတ်ရင်ဘယ်လောက်ကျမလဲမေးကြညိ့တော့ “သိန်း 30 ´´ လောက်ကျမယ်မခွဲခင်ဆရာကြီးအခန်းထဲခေါ်ပြောလိမ့်မယ် လို့ပြောပါတယ်။

အဲ့ဒါနဲ့အိမ်ကိုအကြောင်းကြားပြီးငွေရှာထားဖို့ပြောတော့ ကျွန်တော့်အမေ ရှိစုမယ့်စုလေး လက်ကောက် 6 ကွင်းကိုကျွန်တော်ကိုယ်တိုင်ပေါင်တာ 15 သိန်းရပါတယ်။အဲ့ဒါနဲ့ကျွန်နော်အမ ကိုလည်းပြောပြပေါ့ဗျာ။ အဲ့ဒီလိုနဲ့ခွဲမယ့်ရက်မတိုင်မီ တရက်ကဆရာကြီးကခေါ်တွေ့မယ်ဆိုတော့ ကျွန်တော့် တတိယမြောက်အကိုကိုလှမ်းခေါ်ရတာပေါ့ ။အကိုရယ် ကျွန်တော်ရယ် ဆရာကြီးနဲ့မတွေ့ခင် “အကိုငယ်လေး သိန်း 30 ပါလာလားမေးတော့ 15 သိန်းဘဲပါလာတယ် မနက်ဖြန်မှလိုတာပေးလိုက်မယ်ကွာငွေက အဆင်မပြေလို့ပြောတော့ အမ ကလည်းမနက်ဖြန်မှလွဲပေးမယ်ပြောတယ် ´´ ဆိုတာနဲ့ aww ..

ပုဂ္ဂလိက ဆေးရုံတွေတောင် တဝက်ပေးရင်ခွဲပေးသေးတာပြည်သူ့ဆေးရုံကဆရာကြီးတွေဘဲအဆင်ပြေမှာပါ “ဆရာကြီး´´အကျိူးအကြောင်း ပြောပြရင်ရမှာဘဲဆိုပြီး အားကိုးတကြီးနဲ့ ဆရာကြီးအခန်းထဲ ကျွန်တော်တို့ညီအကိုနှစ်ယောက်ဝင်ခဲ့ကြပါတယ်။ကျွန်တော်ပြောချင်တဲ့အဓိက နေရာရောက်ပါပြီ။ ဆရာကြီးနဲ့စတွေ့ပြီးဆရာကြီးက sister အပြာဆရာမ ကလှမ်းပေးတဲ့ကျွန်တော်အကို ဆေးမှတ်တမ်းတွေကိုသေချာကြည့်ပါတယ် ပြီးတော့ ကျွန်တော်တို့ကို သိန်း 30 လောက်ကျမယ် 28 သိန်းနဲ့လုပ်ပေးမယ်ပြောပါတယ် ။

ဟာကျွန်တော်တို့ညီအကိုလည်း ဝမ်းသာမိတာပေါ့ 2 သိန်း လောက်လျော့ပေးတော့။အဲ့ဒါနဲ့ဆရာမကပိုက်ဆံပေးဖို့မျက်နှာရိပ်မျက်နှာကဲနဲ့ပြတော့……ကျွန်တော်တို့လည်း “ဆရာကြီး ကျွန်တော်တို့မှာ ပိုက်ဆံက 15 သိန်းဘဲပါလာပါတယ် လိုတာကိုမနက်ဖြန်မခွဲခင်အမီပေးပါ့မယ်´´ပြောလိုက်မိပါတယ်။ဆရာကြီးက မျက်နှာကြီးပျက်ပြီး “ဆရာမကိုသူတို့ကိုမပြောထားဘူးလားလို့´´မေးတယ်။ ကျွန်တော်ကပြောထားပါတယ်ဒါပေမယ့်အချိန်အတိုအတွင်းအဆင်မပြေလို့ပါ မခွဲခင်လာပေးပါ့မယ်လို့ပြောတော့ ကျွန်တော်တို့ကိုဘာပြောလည်းထင်လည်း ဆရာကြီးတို့ကစျေးရောင်းနေတာမဟုတ်ဘူး ´´လို့ပြောတယ် စိတ်ထဲတော့တော်တော်မကောင်းဖြစ်မိပါတယ် ။ အဲ့ဒါနဲ့ဆရာကြီးက အကုန်မပေးနိုင်ရင် ရက်ကိုနောက်ဆုတ်လိုက်မယ်.. ပြည့်မှခွဲပေးမယ်ဆိုတဲ့သဘောပေါ့ဗျာ။

အဲ့ဒါနဲ့ညီအကိုနှစ်ယောက်ပြန်ထွက်လာပြီးတိုင်ပင်ကြတယ် အဲ့ဒါဆိုလညိး မနက်ဖြန်မရရအောင်အကုန်စုပြီးရှာကြရမှာပေါ့ကွာ လို့ပြောရင်းခေါင်းငိုက်ပြီးထွက်ခဲ့ရတယ်။ဆေးရုံမှာတလကျော်နေလာတော့ငွေက မနည်းကုန်နေပြီလေ ။အဲ့ဒါနဲ့ 5.2.2019 နေ့က ငွေအပြည့်မချေနိုင်တော့ 6.2.2019 မှာအပူအပြင်းရှာ အမ ကငွေလှမ်းပို့တော့ 28 သိန်းတိတိ ကိုဆရာကြီးလက်ထဲအရောက်ပို့ဖြစ်ခဲ့ပါတယ်။ ငွေအပြည့်ပေးတော့ဆရာကြီးမျက်နှာက ဝင်းသွားပြီးမနက်ဖြန် 7.2.2019 မှာ japan တွေလာမယ် သူတို့ခွဲမယ့်အချိန်ထဲထည့်ပေးမယ် ဆိုပြီးပြောတော့ကျွန်တော်တော်တော်ဝမ်းသာမိတာပေါ့ ။

အဲ့ဒါနဲ့ကျွန်တော်က ဆရာကြီးနဲ့Japan ဆရာတွေ ဆရာမတွေ စားဖို့ ပီဇာ နဲ့ဟန်ဗာကာဝယ်လာပေးပြီးကန်တော့ချင်လို့ပါ လို့ခွင့်တောင်းရတယ် ကိုယ့်လူနာပိုပြီးဂရုစိုက်ရအောင်လေ။ငါ့ အကို ကျမှ japan တွေနဲ့ဆရာကြီးအတူတူခွဲမှာဆိုတော့ကံထူးလိုက်တာလို့ အများအရှေ့မှာကြွားမိတဲ့အထိဖြစ်ခဲ့မိတယ်။လူနာကစားနိုင်သောက်နိုင်သွားနိုင်တုန်း…ဒါနဲ့ ခွဲစိတ် ရက် 7.2.2019 ကြာသပတေး နံနက် 9:00 မှာခွဲစိတ်ခန်းထဲဝင်ဖို့အဝတ်အစားလဲဖို့ဆိုပြီးဆရာမလေးလာခေါ်ပါတယ်။ အဲ့ဒါနဲ့ကျွန်တော့်အကိုကိုခွဲစိတ်အဝတ်တွေလဲပေးပြီး“မင်းကတော့ကံထူးပြီ အေးဆေးဘဲ ကိုရန်နိုင်ရေ´´ဆိုပြီး ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးခဲ့တယ်ခွဲစိတ်ခန်းအရောက် သူလည်းပျော်နေတာပေါ့

9:30 လောက်မှာဆရာကြီးခွဲစိတ်ခန်းထဲစဝင်ပါတယ် ။ 10:00 လောက်မှာ japan ဆရာတွေဝင်ပါတယ်။ခွဲစိတ်ခန်းဝင်နေတုန်းမနက် 8:30 အရောက်ခေါ်ထားတဲ့သွေးလှူရှင်တွေအတွက်စားဖို့ကျွန်တော်အမြန်စီစဉ်ပေးရ..လိုအပ်တာတွေဝယ်ပေးရ.. ပင်ပန်းမှန်းမသိပျော်နေမိတယ်။ဆရာကြီးနဲ့ JAPAN ဆရာတွေစားဖို့ ပီဇာ ဆိုင်ကိုအချိန်မှီပြေးဝယ်ပေးပေ့ါဗျာ ။ ကိုယ့်လူနာအဆင်ပြေဖို့ကိုး။အဲ့လိုနဲ့ဟိုပြေးဒီပြေးနဲ့ပေါ့။ (ပြည်သူ့ဆေးရုံလူနာစောင့်ဖူးသူတိုင်းသိကြမှာပါ )

2:30 လောက်ကြာတော့ ခွဲစိတ်ခန်းက ကျွန်တော်အကို ပိုက်တန်းလန်းတွေနဲ့ခွဲစိတ်ပြီးလို့ပြန်ထွက်လာပြီးခွဲစိတ်ခန်းအရှေ့ဘက် ပိုးသတ်ခန်းမှာထားပါတယ် ။ အဲ့အထိကျွန်တော်ပျော်နေတုန်း အကိုကတော့သတိမရသေးဘူးပေါ့ဗျာ မေ့ဆေးအရှိန် ရှိနေတုန်းကိုး။ ဒါနဲ့ ည 7:30 အထိလည်းသတိမရသေး 8:00 နာရီ9:00 နာရီ …မနက် မိုးလင်း ကျွန်တော်တရေးမမအိပ်ရသေး…အဲ့ဒါနဲ့ 7:30 လောက်ခေါင်းတွေမူးလာတော့ရေအမြန်ချိူးပြီး မကြာဘူးဆရာမလေးတစ်ယောက်ပျာရိပျာရာနဲ့ဆရာကြီးခေါ်လို့လိုက်ခဲ့ပါတဲ့ ကျွန်တော်လည်းစိတ်ပူပြီးအမြန်အခန်းထဲလိုက်သွားမိတယ် ။ဟိုရောက်တော့ ဆရာကြီးက အခြေအနေမကောင်းတော့ဘူးတဲ့ သွေးပေါင်တွေတအားထိုးကျနေပြီတဲ့…ကျွန်တော်ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲဲ့တယ် ။

ဆရာကြီးကတော့ထပြန်သွားပြီဆရာမ တွေကိုပြောဆိုပြီး မကြာပါဘူး 11:30 မှာကျွန်တော် အကို ရန်နိုင်ထွန်း 48နှစ်ဆုံးပြီတဲ့ ဒီလိုဖြစ်ရပ်မျိူးပြောပြချင်တာက ကျွန်တော့်အတွေး ကျွန်တော်အမြင်လေးကိုတင်ပြချင်ပါတယ်

*လူနာကိုမခွဲစိတ်မီ လိုအပ်သောဆေးစစ်ချက်ပြည့်ဝမှ ခွဲခန်းကို ခေါ်ရတာမှုတ်ဘူးလား.* တတ်သိနားလည်သောသူများအနေနှင့်နောက်တချိန်ရောဂါဖြစ်လို့အားကိုးတကြီးနဲ့ပြည်သူ့ဆေးရုံတက်မိသူများကို စေတနာ မေတ္တာ မုဓိတာ များဖြင့်သေချာဂရုတစိုက်နဲ့ပြည်သူများအပေါ်ဆေးဝါးကုသမှုပေးနိုင်ကြပါစေ။ကျွန်တော့်လိုအဖြစ်မျိူးလည်းပြည်သူပြည်သားများကင်းဝေးကြပါစေကျွန်တော်အကိုလည်း ဒီဘဝမှာဒီလိုအဖြစ်မျိူးနဲ့ဘဲကြုံတွေ့ပါစေ ရောက်ရာဘုံဘဝကနေမိသားစုမှ ကောင်းမှုကုသိုလ်ပြုသမျှကို အမျှ အမျှ အမျှ ခေါ်ဆိုနိုင်ပါစေ။ကိုရန်နိုင်ထွန်း မနက်ဆို ရက်လည်ပြီ ကျွန်တော်အိပ်မပျော်နိုင်ပါဘူး အကို ရာ

14.2.2019(2:30)

Crd- Bayan Zyie & Kyaw Swar Min

Be the first to comment

Leave a Reply

Your email address will not be published.


*