အိမ်ထောင်မကျသေးဘူးဆိုရင်မိန်းမတော်တော်များက အိမ်ထောင်ကျကံကောင်း မကောင်းဆိုတာမသိနိုင်ပါဘူး..

မိန်းမတော်တော်များကအိမ်ထောင်ကျကံကောင်းမကောင်းဆိုတာမသိနိုင်ပါဘူး။ကိုယ်တွေ့ဖူးတဲ့ မိန်းလေးတွေရှိတယ်။

အိမ်ထောင်မကျခင်က ယောကျာင်္းတွေနဲ့ တယောက်ပီးတယောက်တွဲ။ တစ်ယောက်တောင်မပြတ်သေးဘူး နောက်တစ်ယောက်က အဆင်သင့်။ ဒါမဲ့ အဲ့လိုမိန်းမတော်တော်များများက အိမ်ထောင်ကျကံကောင်းလိုက်ကြတာ။သူတို့ယောကျင်္ားတွေကရွှေတဆင်ဆာကားတွေဘာတွေအပြည့်စုံထားပေးကြတယ်။ ဒါမှမဟုတ်စိတ်ချမ်းသာအောင်ထားပေးကြတယ်။အမြဲတမ်းတောက်တောက်ပြောင်နေရတယ်။

ဒါမဲ့ တချို့မိန်းမတွေကတော့လည်း အိမ်ထောင်မကျခင်ချစ်သူတစ်ယောက်တည်းအပေါ် သစ္စာရှိခဲ့တယ်။ သူ့အပေါ်အနှစ်နာခံခဲ့တယ်။သူတို့ဘယ်လောက်ဆိုးဆိုး မပြတ်နိုင်ခဲ့ဘူး။သူ့တစ်ယောက်တည်းကိုသာ ချစ်ခဲ့ကြတယ်။ ဘေးမှာ တခြားယောက်ကျင်္ားတွေချစ်ခွင့်ပန်ရင်တောင်ငြင်းပယ်ခဲ့ကြတယ်။တစ်ကမ္ဘာလုံးမှာ ယောကျာင်္း တစ်ယောက်ပဲရှိတယ်လို့မြင်ခဲ့ကြတယ်။ဒါပေမဲ့ အဲ့လောက်ကောင်းတဲ့ မိန်းခလေး အိမ်ထောင်ကျတဲ့ အခါ တော်တော်များကံဆိုးကြတယ်။ အိမ်ထောင်ကျကံမကောင်းဘူး။

ဘာကြောင့်လဲဆိုတော့ ပထမ မိန်းလေးကယောကျာင်္းတွေအများကြီးတွဲခဲ့တယ်။လေ့လာတယ်။သူ့ပေါ်ဘယ်သူအနစ်နာခံလဲ။သူအပေါ်မကောင်းတဲ့သူဆို စွန့်ပစ်တယ်။ အဲ့ထဲက သူ့အပေါ်အကောင်းဆုံးယောကျင်္ားကို သာသူရွှေးချယ်ခဲ့တယ်။ဒုတိယမိန်းလေးကယောကျားတစ်ယောက်ကိုသာတွဲပီး အဲ့ယောကျာင်္းကို ကောင်းကောင်း မကောင်းကာင်း သူနဲ့သာအိမ်ထောင်ပြုကြတယ်။တခြားလူကို သူတို့ မလေ့လာခဲ့ကြဘူး။ မရွှေးချယ်ပဲယူလိုက်တယ်။ ဒါကြောင့်လည်း ဒုက္ခရောက်ကြတယ်။

အိမ်ထောင်ကျကံကောင်းတဲ့ မိန်းခလေးက ဘာနဲ့တူလည်းဆိုတာ အရမ်းတန်ဖိုးကြီးတဲ့ သရဖူ တစ်ခုရတာနဲ့တူတယ်။ လူတကာငေးမောကြတယ်။ လူတကာအားကြတယ်။အိမ်ထောင်ကျ ကံဆိုးတဲ့မိန်းမကျတော့ အရမ်းလေးတဲ့ သံခမောက်ရတာနဲ့တူတယ်။ နေကလည်းပူ ချွတ်လို့လည်းမရ။ အရိပ်တော့ရတယ်။ ဒါပေမဲ့လေးတယ်။

တချို့ယောက်ကျင်္ားက သံခမောက်နဲ့တူကြတယ်။ မိန်းမသားတွေက အဲ့ယောကျင်္ားနဲ့ ကွာမယ်ဆိုတော့လည်းသားသမီးမျက်နှာထောက်ရ ။အဖေမရှိမျက်နှာငယ်မှာလည်းဆိုး။ ယောကျင်္ားမရှိတော့ သူများ အထင်သေးခံရမှာလည်းကြောက် အကြောင်းအမျိုးမျိုးကြောင့် ဆိုးသွမ်းပေမဲ့မကွာနိုင်။ သံခမောက်နဲ့တူတယ်။ မဆောင်းရင်လည်းနေပူ။ ဆောင်းရင်ကျတော့လည်း အရမ်းလေး။ ဒါနဲ့ပဲ သံသယာလည်။

ဒါကြောင့်အိမ်ထောင်မကျသေးတဲ့ ညီမငယ်များ အိမ်ထောင်ကျမယ်ဆိုသံခမောက်နဲ့ သရဖူကို ရွှေးချယ်ကြပါ။ရည်းစားဘဝကတည်းကကိုယ့်အပေါ်မကောင်းတဲ့ယောကျင်္ားက အိမ်ထောင်ကျသွားရင်ကောင်းမယ်လို့မထင်ကြပါနဲ့။ ပိုဆိုးသွားမယ်။ သူတို့သာ ကိုယ့်ကို တကယ်ချစ်ရင် ကိုယ့်အပေါ်အနှစ်နာခံမယ်။ ရိုးသားမယ်။ ကြိုးစားမယ်။ညမငယ်တို့ရေ မိုက်ရူးရဲမဆန်ပါနဲ့။အိမ်ထောင်ကျတယ်ဆိုတာတစ်ဘဝစာ အတွက်ပါ။မရွှေးချယ်ပဲမဆုံးဖြတ်ကြပါနဲ့ ရွှေးချယ်ကြပါ။သေချာလေး ရွှေးချယ်ကြပါ။

credit-

Be the first to comment

Leave a Reply

Your email address will not be published.


*