မီတာခတက်ခြင်းရဲ့ နောက်ကွယ်

မီတာခတက်ခြင်းရဲ့ နောက်ကွယ်

တစ်နေ့တာ အတွေ့ကြုံ..

ကျောင်းအပ်ဖို့်မိတ္တူ သွားကူးတယ် A4 ကို- ယခင် 50 / ခု 70ပက်စပို့ဓာတ်ပုံရိုက်တယ် – ယခင် 1000 / ခု 1500.

မူကြိုအတွက် ဗလာစာအုပ်သွားဝယ်တယ်တစ်အုပ် ယခင် ၃၅၀ / ခု ၄၀၀ တဲ့.

ကားလေချိန်တယ် ၄ဘီး ကားသေးဆို ယခင် 1000 /ခု 2000 တဲ့ .

အိမ်မယ်ကိုယ့်ဟာကို ရေမြောင်းလုပ်မလို့ဘီးလပ်မြေသွားဝယ်တယ် 5000 ကနေ 5600 တဲ့.

( ဒီအပေါ်အချက်တွေ မီတာကစျေးတက်လို့တိုက်ရိုက်စျေးတက်လာတာပါ…)

သား/ငါးသွားဝယ်တယ် ဈေးတွေ တက်နေပြန်တယ်ဘာလို့လဲမေးတော့ ရေခဲစက်က မီတာခတက်လို့ရေခဲစျေးတက်လို့တဲ့..

အသီးအရွက်ဝယ်တယ်…စျေးတွေတက်တယ်..ဘာလို့လဲမေးတော့ မြေသြဇာနဲ့ ပိုးသတ်ဆေးကြောင့်အဲ့ဒီစက်ရုံတွေက မီတာခတက်တော့ အဲ့ဆေးတွေဈေးမြှင့် /စျေးမြှင့်တော့ အသီးအရွက်စျေးတက်တယ်.

ဆေးသွားဝယ်တော့လဲ တစ်ကဒ် 2900 ကနေ 3250ဆေးက ဒီနိုင်ငံက ထုတ်တဲ့ဆေးမှ မဟုတ်တာ ဘာလို့ဈေးတက်လဲမေးတော့ သိုလှောင်တာ အအေးခန်းနဲ့ မလို့ မီတာခ တက်တော့ စျေးတက်ပြန်တာတဲ့…

မီတာခ သတ်သာအောင် မီးသွေးနဲ့ချက်တယ်အရင် ၂ဝဝတန် မီးသွေးအိတ်က ၃၀၀ တဲ့…ဘာလို့လဲမေးတော့ မီတာခတွေတက်တော့မီးသွေးသုံးကြတော့ ထင်းရှားလို့ စျေးတက်တာတဲ့…

ဒီအချက်တွေကျတော့သွယ်ဝိုက်ပြီးစျေးတက်တာ

မီတာခ တက်ခြင်းက မီတာတစ်ခုတင် တက်သွားတာ မဟုတ်တဲ့အတွက်ကြောင့်မီးချွေတာယုံနဲ့ မိသားစုဝင်ငွေ အရင်လိုသုံးမရပါဘူး…

(မိသားစု ၄ယောက်ကို ယခင် ၅သိန်းခွဲ/ ခု ၈သိန်း)

အစားအသောက် ဆေးဝါးကအစနေ့စဉ်အသုံးစရိတ်နဲ့ ကျောင်းစရိတ်တွေ အားလုံးတိုးသွားပြီး အခြေခံလူတန်းစားနဲ့ လူလက်တန်းစားတွေပါ များစွာ ထိခိုက်ပါတယ်.😔😔

မီတာခ တက်ခြင်းကို အပစ်မဆိုလိုပါ…နောက်ဆက်တွဲ ကုန်စျေးနှုန်းကို တင်ပြခြင်းဖြစ်သည်။

Credit to Zuzan May Oo