လေးစားဂုဏ်ပြုလိုက်ပါတယ်မွန်ပြည်နယ်ကပြည်သူတွေရွေးချယ်ရကျိုးနပ်တဲ့ပြည်သူ့အစိုးရ

မွန်ပြည်နယ်ကပြည်သူတွေရွေးချယ်ရကျိုးနပ်တဲ့ပြည်သူ့အစိုးရ

၈. ၈. ၂၀၁၉ ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းပြီးပျက်စီးသွားတဲ့ ရန်ကုန် – မော်လမြိုင် – ရေး – မြိတ်လမ်း

(သံဖြူဇရပ် – ရေး အပိုင်း ) မိုင်တိုင်(၄၅/၀ – ၄၆/၀)

အတွင်း ဝယ်ဝင်္ကရာတံတားညီနောင် ချဉ်းကပ်လမ်းများကို ၁၃. ၈. ၂၀၁၉ ရက်မှာပြီးစီးအောင်၅ ရက်အတွင်းပြန်လည်ပြုပြင်လိုက်ပါတယ်။

ဒီလိုရက်တိုအတွင်း ပြည်သူတွေအခက်အခဲကို အမြန်ဆုံးဖြေရှင်းပေးတာ ပြည်သူ့အစိုးရလက်ထက်မှ ကြားဖူးရတာပါ။ လမ်းတွေအမြန်ပြန်ကောင်းမှ အလှူရှင်တွေအနေနဲ့ ရေဘေးသင့်ဒေသတွေကိုသွားရောက်ကူညီနိုင်မှာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့တကွမော်လမြိုင်ခရိုင် လမ်းဦးစီးဌာနက တာဝန်ခံအင်ဂျင်နီယာများနဲ့ ဝန်ထမ်းများအားလုံးကို လေးစားဂုဏ်ပြုလိုက်ပါတယ်။

ကိုစည်…..

Photo credit: Ministry of Construction