အိမ်ထောင်စု(၁၁၄၃)စုကို ဆန်နဲ့ အစားအသောက်တွေကို လှူဒါန်းမယ့် ခိုင်နှင်းဝေ

အိမ်ထောင်စု(၁၁၄၃)စုကို ဆန်နဲ့ အစားအသောက်တွေကို လှူဒါန်းမယ့် ခိုင်နှင်းဝေ

ပရဟိတမင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့တည်ထောင်ထားပြီး လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေရင်း သူမတတ်နိုင်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခောက်မှာလည်း ခိုင်နှင်းဝေ ပရဟိတအသင်းက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ရေဘေးသင့်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းမှာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒေါ်လန်းကျေးရွာအုပ်စု မှရေဘေးသင့်ပြည်သူများသို့ ကျမရဲ့ ခိုင်နှင်းဝေပရဟိတအသင်းမှ သဘာဝဘေးအန္တရာယ်များအတွက်ရံပုံငွေထဲမှ ၅၀၀၀၀၀ မတည်ကာ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ ”

ဒေါ်လန်းကျေးရွာအုပ်စု အိမ်ခြေ စုစုပေါင်း — ၁၁၄၃ စု… အိမ်ထောင်စုတစ်စုလျှင်,,,ဆန် — ၅ပြည် (တစ်ပြည် ၁ဝဝဝထောင် နှုန်း×၅ = ၅ဝဝဝကျပ် ) ဆီ၁လီတာ — ၂ဗူး ( ၁ဗူး၈ဝဝကျပ်×၂ = ၁၆ဝဝကျပ်) ငါးသေတ္တာ — ၁ဝဗူး ( တစ်ဗူး၃၅ဝကျပ်×၁၀ = ၃၅ဝဝကျပ်) ရေသန့်၁လီတာ — ၁ကဒ် ( ၈၅ဝကျပ်) မုန့်ခြောက် — ၂ထုပ် (တစ်ထုပ် ၇၀၀ ကျပ်×၂ = ၁၄ဝဝကျပ်) အိမ်ထောင်စုတစ်စုလျှင်စုစုပေါင်း = ၁၂,၃၅၀ ကျပ်နှုန်းဖြင့် ရေဘေးသင့်ကာကယံရှင်ပြည်သူများထံသို့ တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ်။”

“ကျမရဲ့ fb messenger နှင့် အသင်းဖုန်းများသို့ ပါဝင်လှူဒါန်းချင်တယ်ဆိုပြီးဆက်သွယ်ထားသော အလှူရှင်များအားလုံးလည်း အခုဖော်ပြထားသည့်နှုန်းထားအတိုင်း မိမိလှူဒါန်းလိုသော အိမ်ထောင်စုအရေအတွက်အတိုင်းလှူဒါန်းနိုင်ပါတယ်။ ရေဘေးသင့်ပြည်သူများအားလုံး အခက်အခဲများမှအမြန်ဆုံးကင်းဝေးနိုင်ကြပါစေရှင်…ခိုင်နှင်းဝေပရဟိတအသင်း” ဆိုပြီး ခိုင်နှင်းဝေက သူမရဲ ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ခိုင်နှင်းဝေ ပရဟိတအသင်းကတော့ တတ်နိုင်တဲ့အားနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးသွားကြပါဦးနော်။

Rowena

Source: ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့