သားသမီးချင်းမစာနာ ဆေးဆိုင်တွေကလဲ ရောင်းတယ်အလွယ်တကူလဲ ဝယ်ရတယ်

အလွယ်တကူလဲ ဝယ်ရတယ်။ ဆေးဆိုင်တွေကလဲ သားသမီးချင်းမစာနာ ရောင်းတယ်

ကျောင်းသား၊ ကျောင်းသူလေးတွေသုံးစွဲလာတဲ့ Terco-D ဆေး

ပို့စ်တစ်ခု

တောင်ဥက္ကလာ အထက ၃/၁ က ၉-၁ဝ တန်း ကျောင်းသား၊ ကျောင်းသူလေးတွေနဲ့ ရပ်ကွက်ထဲက ၂ဝ-၂၅ အရွယ်ကောင်လေး၊ ကောင်မလေးတွေ ဒီဆေးကဒ်တွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ အလွယ်တကူလဲ ဝယ်ရတယ်။

ဆေးဆိုင်တွေကလဲ သားသမီးချင်းမစာနာ ရောင်းတယ်။ တ/ဥ ရဲစခန်းကို အကြိမ်ကြိမ် PH ဆက်လဲ ရှောင်ဖယ် ရှောင်ဖယ်နဲ့။့ ဆေးဝါးကွပ်ကဲရေးကို PH ဆက်ပြန်တော့လဲ 199 နဲ့တိုင်ပင်တဲ့ ခေါင်းရှောင်တယ်။ 199 ဆက်တော့ ပိတ်ထားတယ်။ ရက်ကွက်ရုံးပြောတော့ ကလေးတွေကိုဆုံးမတဲ့။

Terco-D ဆေးကို ထိုင်းနိုင်ငံကထုတ်တယ်။ ATC Classification = R05FA02 ဘိန်းကနေထုတ်လုပ်ထားတဲ့ ချွဲထွတ်စေနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးဖြစ်တယ်။Dextromethorphan HBr 15 mg, guaifenesin 100 mg, terpin hydrate 130 mg ဆေးတွေပါဝင်နေတယ်။ အသည်းရောဂါ၊ ပန်းနာရောဂါနဲ့ သိပ်ငယ်တဲ့ကလေးတွေကို မပေးရပါ။

Thai FDA Category အဆင့် D လို့သတ်မှတ်ထားတယ်။ မူးဝေတဲ့သတ္တိရှိတယ်။ ဆေးစွဲစေတယ်။

ဘေးထွက်ဆိုးကျိုးများ

ခေါင်းမူးမယ်။ အစာခြေလမ်းကသိကအောင့်ဖြစ်မယ်။ စိတ်တက်ကြွစေမယ်။ စိတ်ရှုတ်ထွေးစေမယ်။ အသက်ရှူမှုကို အားနည်းစေမယ်။ ပျို့-အန်၊ ခေါင်းမူး၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အိပ်ချင်၊ စိတ်ဂနာမငြိမ်၊ မျက်စိမှတ်ထားရင် သူများမမြင် မကြားရတာမျိုး မြင်ကြားမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၃ ဆကနေ ၂ဝ ဆအထိသောက်ရင် –

အကောင်းတွေလို့ထင်မြင်နေမယ်။ အားပြည့်နေသလိုထင်မှတ်ရမယ်။ ကိုယ်ကိုယ်ကိုယုံကြည်မှု ရှိသင့်တာထက်ပိုမယ်။ ဆောက်တည်ရာမရဖြစ်မယ်။ အိပ်မရဖြစ်မယ်။ စကားတွေအမြန်ပြောနေမယ်။ သူငယ်အိမ်ကျယ်နေမယ်။ မျက်လုံးက ငေးကြည့်နေမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၁၅ ဆကနေ ၇၅ ဆသောက်မိရင် –

သူများမမြင်မကြားရတာမျိုး မြင်ကြားမယ်။ စိတ်မြင်အစည်းပြေသလိုဖြစ်လာမယ်။ အန်မယ်။ အမြင်တွေဝေဝါးနေမယ်။ သူငယ်အိမ်ပိုကျယ်လာမယ်။ ချွေးပြန်မယ်။ ကိုယ်ပူမယ်။ သွေးဖိအားကျမယ်။ အသက်ရှူနှေးလာမယ်။ နှလုံးခုန် မြန်လာမယ်။ ဝမ်းလျှောမယ်။ ဆီးအိမ်တင်းနေမယ်။ အိပ်ငိုက်နေမယ်။ ကြွက်သားတွေအလိုလိုလှုတ်နေမယ်။ အကောင်းတွေလို့သာ ထင်မြင်နေမယ်။ အာရုံခံမှုပြောင်းမယ်။ ဘာမှန်းမှမသိဖြစ်လာမယ်။ မျက်စိကမမြင်နိုင်တော့ဘူး။ မျက်စိကို စူးစိုက်လို့မရတော့ဘူး။ အရေပြားအနီကွက်တွေထွက်လာမယ်။

ချောင်းဆိုးပျောက်ဆေးတွေအကြောင်း ရေးပါတယ်။ ဘလော့ခ်မှာလည်းရှိပါတယ်။ အသစ်ပေါ်တာတွေကို ဆေးနာမည်အတိအကျနဲ့သိရရင် မရေးရသေးတာတွေ့ရင် ရေးပါမယ်။ အခုဆေးကိုသိဘို့ရာ ထိုင်းဝဘ်ဆိုက်မှာ ကျွန်တော့ဆရာဝန်ဖြစ်ကြောင်း အချက်အလက်တွေနဲ့ မှတ်ပုံတင်ရသေးတယ်။

Credit to ဒေါက်တာတင့်ဆွေ