ကမ္ဘာ့အကြီးဆုံး ရှမ်းပြည်နယ်ကနှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်

ကမ္ဘာ့အကြီးဆုံး ရှမ်းပြည်နယ်ကနှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်

ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ဒေသမှာ တည်ရှိပြီးဉာဏ်တော် အမြင့်ပေ ၄၃ ပေ၊ တင်ပလ္လင်ခွေ အကျယ် ၃၆ ပေ ကျယ် ရှိကြောင်း သိရပါတယ်။

ဒီ နှီးဘုရားကြီးကို မိုင်းဖုန်း ဆရာတော်ဘုရားကြီးရဲ့ ဦးဆောင်မှုနဲ့ တည်ထားတဲ့ နှီးဘုရားကြီးဖြစ်ပြီး

ပန်လင်းဆိုင် ရွာသူ၊ ရွာသား ၁,၀၀၀ ကျော်တို့က ဝါးခွဲခြင်း၊ နှီးသယ်ခြင်း၊ နှီးဖျာခြင်း စတာတွေကို ညီညီညာညာနဲ့ လုပ်အားပေးခဲ့ပြီးအချိန် ၆ လကျော်ခန့် ဘုရားကိုယ်ထည်ကို တည်ဆောက်ခဲ့ရကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီ နှီးဘုရား တဆူလုံးကို ရက်ဖို့အတွက် ရွာသားများ နှီးတွေ ဖျာပေးထားပြီး အသင့်ဖျာထးာတဲ့ နှီးတွေကို သံဃာတော် ၁၇ ပါးကရက်ပေါင်း၂၀ ခန့် ရက်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

အခုလို အင်မတန်မှ ကြည်ညိုသပ္ပါယ်ဖွယ်ကောင်းတဲ့ နှီးဘုရားကြီးကို အများပြည်သူ ဖူးမျှော်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit – Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
source- ရေဗန်/ဧရာဝတီ