မွန်ပြည်နယ်က နာမည်ကြီး ဇင်းကြိုက်ရေတံခွန် ရဲ့ ရေလုံးကြီးများနှင့်ဇင်းကျိုက်မြို့ အခြေအနေ ( ရုပ် သံ )

ရေကြီးနေတဲ့ မွန်ပြည်နယ်က နာမည်ကြီး ဇင်းကြိုက်ရေတံခွန် ရဲ့ ရေလုံးကြီးများ ရုပ်သံ

ဒီအတိုင်းမှ မိုးအင်မတန်ကောင်းတဲ့ ဒေသတေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ ဒီနှစ် မုတ်သုန်မိုး မုန်တိုင်းမိုးတွေကြောင့် မြစ်ရေများလျှံတက်တဲ့အပြင် 9.8.2019 နံနက်ပိုင်း 1နာရီခန့်ကနေ စတင်ရွာသွန်းခဲ့တဲ့ အလွန်အားကောင်းတဲ့မိုးကြောင်း သေကြေပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရတာပါ။

ကြောက်မယ်ဖွယ်ကောင်းလောက်အောင်ရွာသွန်းတဲ့မိုးကြောင့် တောင်တွေပြို၊ တံတားတွေပြတ်၊ လမ်းတွေပြတ်၊ အိမ်တွေပြို လူတွေသေ တုန်လှုပ်ခြောက်ခြားစရာကြီးဖြစ်ပါတယ်။အခုတင်ပြမယ့် ဇင်းကျိုက်ရေတံခွန်ဆိုတာ မွန်ပြည်နယ်မှာ ရှိတဲ့အရမ်းလှတဲ့ ရေတံခွန်ဖြစ်ပါတယ်။

ကြည်လင်အေးမြတဲ့ ရေနဲ့ ရေတံခွန်၊ တောတောင်သဘာဝအလှတွေကြောင့် လာရောက်လည်ပတ် အပန်းဖြေသူတွေနဲ့ အလွန်စည်းကားတဲ့နေရာဖြစ်ပါတယ်။ အခုလိုမိုးများတဲ့အခါမှာတော့ ကြည်လင်နေတဲ့ ရေတွေပျောက်ကွယ်ပီး နောက်ကျိနေတဲ့ ကြောက်မက်ဖွယ်ရေလှိုင်းလုံးကြီးတွေ လှိမ့်ဆင်းနေတာဖြစ်ပါတယ်။

အရမ်းကြောက်စရာကောင်းပါတယ်။ အခုလိုရက်မျိုးမှာတော့မိတ်ဆွေတို့ သွားရောက်မလည်ပတ်ဖို့ သတိပေးချင်ပါတယ်။ တစ်နှစ်ထက် တစ်နှစ်ဆိုးဝါးလိုက်လာနေတဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို လူသားတွေ ဂရုပြုကြဖို့အချိန်တန်ပါပီ။

အခုလို ဒေသတွေမှာ မိုးတွေအဆက်မပြတ်ရွာသွန်းနေပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း မန္တလေးတွေဘက်မှာတော့ မိုးခေါင်းလို့ တိရစ္ဆာန်စာနှင့်အတူ စိုက်ပျိုးသီးနှံများ ပျက်စီးကြရပြန်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကြီးကို ဂရုစိုက်ကြပါ……

ဥတုရာသီ တောကိုမှီဆိုတဲ့အတိုင်း သစ်တောများ ပြန်လည်မထူထောင်သမျှ လူသားတိုင်းမလိုက်နာသမျှ တစ်နှစ်ထက်တစ်နှစ် ဒီထက်ဆိုးရွားဖို့ပဲရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။

လူတိုင်းလုပ်မှလည်း ဖြစ်မယ့်အရာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲတည်း ဘယ်လိုမှမအောင်မြင်နိုင်ပါဆိုတာ ပြောကြားရင်း အားလုံး သဘာဝဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းချမ်းသာကြပါစေဗျာ…….။ဗဟုသစာပေ

ဇင်းကျိုက်ရေတံခွန်ရဲ့ အခြေအနေ

ဇင်းကျိုက်မြို့ အခြေအနေ

Be the first to comment

Leave a Reply

Your email address will not be published.


*