ာ လူတွေ အရှင်လတ်လတ် မြေကြီးအောက်ရောက်ပြီး သေဆုံးကုန်ကြတဲ့ ကြောက်မက်ဖွယ် ဖြစ်ရပ်

ာ လူတွေ အရှင်လတ်လတ် မြေကြီးအောက်ရောက်ပြီး သေဆုံးကုန်ကြတဲ့ ကြောက်မက်ဖွယ် ဖြစ်ရပ်

မုတ္တမမြို့ သဲဖြူကုန်းရပ်မှ အိမ် ကား လူများ အရှင်လတ်လတ် မြေကြီးအောက်ရောက်ခဲ့ရသည့် ကြောက်မက်ဖွယ် တောင်ပြိုကျမှု

9.8.2019 နံနက် အစောပို်င်းက မွန်ပြည်နယ် မုတ္တမမြို့ သဲဖြုကုန်း ရပ် ရန်ကုန်-မော်လမြိုင်သွား လမ်းမကြီးဘေးရှိ တောင်ပြိုကျမှုကြောင့် ကားများ နေအိမ်များ မြေပိကာ အရေအတွက် မခန့်မှန်းနိုင်သေးသော လူများစွာ အရှင်လတ်လတ် မြေပိနေမှု ဖြစ်ပွားခဲ့ပါသည်။

မော်လမြိုင်မြို့ နှင့် မုတ္တမ ရေးကြီးနေ၍ တံတားပိတ်ထား၍ ကားတန်းများရပ်တန့်ထားစဉ် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကားများရော အိမ်များပါ မြေပိမှု ဖြစ်ပွားခဲ့သည်ဟု ပြောသည်ကို သိရပါသည်။

ရန်ကုန်-မော်လမြိုင်လမ်းလဲ ပိတ်ဆို့မှုဖြစ်ပွားခဲ့ပါသည်။ ယခုချိန်ထိ လမ်းပွင့်ဖို့ မလွယ်သေးပေမဲ့ တာဝန်ရှိသူများမှ လမ်းအမြန်ပွင့်ရေး ကြိုးစားဆောင်ရွက်နေကြပါသည်။

မြေကြီးအောက်မှ လက်ရှိနောက်ဆုံးသတင်းအရ သေဆုံးသူ ၁၀ ဦးခန့် ရှိထားပြီး လူပေါင်းများစွာ ဆေးရုံသို့ ပို့ဆောင်ထားရပါသည်။ လက်ရှိ လဲ တပ်မတော် ရဲတပ်ဖွဲ့ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံမှ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေလျှက် ရှိပါသည်။

မြေကြီးအောက်တွင် ပိမိနေသည့် အိမ် ကား လူများစွာကျန်ရှိနေသေး သည်ဟုလည်း ဒေသခံများထံမှ သိရပါသည်။ ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်နေမှုများ ဆောင်ရွက်နေကြရပါသည်။

ဝဋ်ကြွေးများရှိလျှင် ကြေကြပါစေ။

အသက်ရှင်လျှက် အမြန်ဆုံးရှာဖွေ တွေ့ရှိနိုင်ကြပါစေ။ ကျွန်တော်တို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှလည်း သြဝါဒါစရိယ ဓမ္မနန္ဒီဆရာတော် ဦးဆောင်ပြီး ပိမိနေသည့် လူများစွာ၏ အသက်ကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး အခြားအသင်းအဖွဲ့များစွာတို့နှင့် အတူ ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။ ဇင်မိုး

Credit – apannpyay

Be the first to comment

Leave a Reply

Your email address will not be published.


*