သတ္တမတန်းကျောင်းသူကို ကျောင်းထိုင်ဘုန်းကြီးမှ ပြုကျင့်

အသက် (၁၄) နှစ်အရွယ် သတ္တမတန်းကျောင်းသူကို ကျောင်းထိုင်ဘုန်းကြီးမှ အဓမ္မပြုကျင့်

ပခုက္ကူ၊ သြဂုတ် ၈ – ပခုက္ကူမြို့နယ် ၊ အမှတ် ၆ ရပ်ကွက် ၊တိုးချဲ့(၂)မြိုင်သာယာရပ်ကွက်တွင် အသက် ၁၄ အရွယ် သတ္တမတန်း ကျောင်းသူကို ၎င်းရပ်ကွက်အတွင်းရှိ ဓမ္မပါလကျောင်းထိုင်ဆရာတော် ဦးသောပိတမှ အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူ မြို့မရဲစခန်းမှ တာဝန်းရှိသူတစ်ဦး ထံမှသိရသည်။

“၁၄ နှစ်အရွယ် ရတန်းတွင် ပညာသင်ကြားနေသော ကလေးမလေးအဓမ္မပြုကျင့်ခံရလို့အမှုထားတာ ဟုတ်ပါ တယ် ။ပြုကျင့်တာက အဲရပ်ကွက်က ဓမ္မပါလကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ဦးသောပိတပါ ပြုကျင့် တဲ့ ဆရာတော်ဦးသောပိတကိုလည်း လူဝတ်လဲပြီး ဖမ်းဆီးထား ပါတယ် ။လက်ရှိတော့ သူ့ကို ပုဒ်မ ၃၇၆နဲ့ အရေးယူ ထားပါတယ်” ဟု ပခုက္ကူ မြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ပခုက္ကူ မြို့နယ် ၊ အမှှတ် ၆ ရပ်ကွက်၊ တိုးချဲ့၂မြိုင်သာယာနေ အဖွားဖြစ်သူ ဒေါ်ကုလာမမှ ၎င်း၏ မြေးဖြစ်သူ မ—- သည် ဓမ္မတာမလာသည့်အတွက် တရားလိုအစ်မဖြစ်သူ မဇာခြည်စိုးနှင့်အတူ သြဂုတ်လ ရရက်တွင် အမှတ် ၄ ရပ်ကွက် ၊ ထင်တန်းလမ်းရှိ ဆေးခန်းသို့သွားရောက်ပြသခဲ့ကြောင်းသိရသည်။

ထို့နောက် ဆရာဝန်မှ ၎င်းတွင် ကိုယ်ဝန် ၆လခန့်ရှိနေကြောင်း ပြောဆိုခဲ့သည့်အတွက် ညီမဖြစ်သူ (၁၄)နှစ် အရွယ် မ—-အား မေးမြန်းရာတွင် လွန်ခဲ့သည့် ၆လခန့်က ရပ်ကွက်အတွင်း ဘုန်ကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ သွားရာတွင် ကျောင်းထိုင်ဆရာတော်မှ ၎င်းအား စာသင်ကျောင်းတွင်အသုံးပြုရန် ဗလာစာအုပ်များ အခန်းအ တွင်း၌ရှိကြောင်း ပြောဆိုသည့်အတွက် သွားရောက်ယူနေချိန် ကျောင်းထိုင်ဆရာဦးသောပိတသည် အနောက်မှလိုက်ပါလာပြီး စောင့်တွန်းခြင်းကြောင့်သတိလစ်မေ့လဲခဲ့ကြောင်းနှင့် သတိရချိန်တွင် ဝတ်ဆင်ထားသည့် ဘောင်ဘီမှာ ကုတင်ဘေးတွင်တွေ့ရပြီး အကျီ င်္ကြယ်သီများတလွဲစီတပ်ဆင်ထားကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဓမ္မပြုကျင့်သူ ကျောင်းထိုင်ဆရာတော်ဦးသောပိတအား ပခုက္ကူမြို့မရဲစခန်း မှ (ပ)၃၃၈၅/၂၀၁၉ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်းသိရသည်။

နေလင်းဖြူ (ပခုက္ကူ) – Isee Media

လေးစားစွာဖြင့် ခရက်ဒစ်