လာမည့်ပညာသင်နှစ်တွင် အဋ္ဌမတန််းအောင်သူများဒဿမတန််းသို့ိ တို်က်ရိုက်် တက်ရောက််ရမည််

ယခုနှစ်် အဋ္ဌမတန်းအောင်သူများ လာမည့်ပညာသင်နှစ်တွင် ဒဿမတန််းသို့ တက်ရောက်ရမည်

လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ်တွွင် အခြေခံပညာ စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးညွှန်းတမ်း အသစ်ပြောင်းမည်ဖြစ်ပြီး ယခုနှစ်အဋ္ဌမတန်း(Grade-9)ကျောင်းသား၊ ကျောင်းသူများသည် လာမည့်နှစ်၌ ဒသမတန်း (Grade-10)တက်ရမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောသည်။

အခြေခံပညာ မူလတန်းအဆင့်တွွင် စတုတ္ထတန်း(Grade -4)၊ အလယ်တန်းအဆင့်တွင် သတ္တမတန်း( Grade-7) တို့က်ို သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ် ပြီး လာမည့်နှစ်၌ အထက်တန်းအဆင့်ဖြစ်သည့် ဒသမတန်း (Grade-10) ကိုပါ သင်ရိုးသစ် စပြောင်းမည် ဖြစ်သည်။

‘‘နောက်နှစ််မှာ Grade-4၊ 7၊ 10 သုံးတန်းပြောင်းမယ်။ 4 က Grade-3 ကနေ ဆက်သွားမယ်။ 7 ကတော့ အခုု Grade-6 ကနေဆက်သွားမယ်။ 10 ကကျတော့ Upper Sec၀ndary ဖြစ်တဲ့ အထက်တန်း အဆင့်မှာ ပြောင်းလဲမှာ’’ဟု ဒေါက်တာ တင်မောင်ဝင်း က ဆိုသည်။

ထို့ပြင် လာမည့်နှစ်တွွင် အထက်တန်းအဆင့်၏ ပထမဆုံးအတန်းဖြစ်သည့် ဒသမတန်း(Grade-10) ကို သင်ရိုးညွှန်းတမ်း အသစ်် စပြောင်းမည်ဖြစ်၍ အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သည့် အဋ္ဌမတန်း(Grade-9)တွင် လက်ရှိ တက်နေသူများသည် လာမည့်နှစ် အထက်တန်းအဆင့်တက်ချိန်တွင် သင်ရိုးသစ် ဒသမတန်း(Grade-10)၌ တက်ရမည် ဖြစ်သည်။

ယခုနှစ်တွင် သင်ရိုးဟောင်း အတို်ိင်း သင်ယူနေသည့် နဝမတန်း (Grade-10) ကျောင်းသားများသည် ပုံမှန်အတိုင်း သင်ရိုးဟောင်း ဒသမတန်း (Grade-11) ကို ဆက်တက်ရမည် ဖြစ်သည်။ ပြောင်းလဲမည့် သင်ရိုးညွှန်းတမ်းသစ်များကို စက်တင်ဘာလကုန် အပြီးရေးဆွဲမည်ဖြစ်ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းကစကာ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမအားလုံးကို သင်ရိုးသစ် သင်ပြနည်း သင်တန်းများ ပို့ချမည် ဖြစ်သည်။

‘‘သြဂုတ်လကုန်လောက်ဆိို ပုံနှိပ်စာအုပ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က မူကြမ်းပြီးသွားမှာ။ မှန်းထားတာတော့ စက် တင််ဘာ လကုန်ဆိုရင်တော့ ဘာ သာစုံအားလုံး သင်ရိုးညွှန်းတမ်းရေးဆွဲပြီးဖြစ်မယ်။ ပြီးရင် ဒါကို ပြန်ပြီးတော့ ပုံနှိပ် ဖြစ်လာဖို့ အတွက် ဒီနှစ်မကုန်မီ အားလုံးပြီးအောင် လုပ်မယ်။ လုပ်ပြီးရင် ၂၀၂၀ ထဲဝင်တာနဲ့ သင်ရိုးသစ်နဲ့ ပတ်သက်တဲ့ သင်တန်းကို ဗဟိုအဆင့်၊ နည်းပြအဆင့် တောက်လျှောက်သွားဖို့ရှိတယ်’’ ဟု ဒေါက်တာ တင်မောင်ဝင်းက ဆိုသည်။

အခြေခံပညာ မူလတန်းသင်ရိုး ညွှန််းတမ်း အသစ်ရေးဆွဲနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်း သင်ရိုးညွှန်းတမ််း အသစ်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီးဌာနသို့ နည်းပညာနှင့် ဘဏ္ဍာရေးပံ့ပိုးထားသည်။

အခြေခံပညာရေးကို သူငယ်တန်းအပါအဝင်် မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း သုံးနှစ် (သူငယ်တန်း+၁၂ တန်း) စနစ်သစ်အဖြစ် စတင်ပြောင်းလဲနေသည်။ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် KG၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် Grade-1၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် Grade-2၊ ယခု ၂၀၁၉-၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် Grade-6 တို့ကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြား နေသည်။ အခြေခံပညာတွင် ယခင်က သူငယ်တန်းမှ ဒသမတန်းအထိ ၁၁ တန်းတက်ရောက်ရသော်လည်း စနစ်သစ်အရ သူငယ်တန်း မှ ဒွါဒသမတန်းအထိ ၁၃ တန်း တက်ရောက်ရမည် ဖြစ်သည်။

7Day Daily (လေးစားမှုဖြင့်် ခရက်ဒစ်)

Be the first to comment

Leave a Reply

Your email address will not be published.


*