ထိုက်တန်စွာအကြိုဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာ့တပ်မတော် သံချပ်ကာ တပ်ဖွဲ့

အကြိုဗိုလ်လုပွဲကို ထိုက်တန်စွာ တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာ့တပ်မတော် သံချပ်ကာ တပ်ဖွဲ့

International Army Games 2019မှာ မြန်မာ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံးက တင့်ကား အမြန်မောင်းနှင်ပစ်ခတ်မှှု (Tank Biathlon )ပြိုင်ပွဲ ဖြစ်ပါတယ်။live ထုတ် လွှင့် ပြသပေးတာကြောင့်လည်း ပိုမို စိတ်ဝင်စားမှုခံခဲ့ရပါတယ်။

မြန်မာ့တပ်မတော်ကိုယ်စားပြု အဖွဲ့အနေနဲ့ ပွဲစဉ် ၃ ခု ယှဉ်ပြိုင်အပြီးမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုကောင်းမွနိတဲ့ စံချိန်ကို ပြသခဲ့ပြီး ယခုဆိုရင် တစ်စီးချင်း ယှဉ်ပြိုင်ရတဲ့ individual skill ပြိုင်ပွဲတွေကနေ အသင်း လိုက်လက်ဆင့်ကမ်း ယှဉ်ပြိုင်ရတဲ့အကြိုဗိုလ်လုပွဲ အဆင့်ကိုထိုက်တန်စွာ တက်ရောက်ခဲ့ပါပြီ။

ယခုနှစ် တင့်ကားစွမ်းရည် ပြိုင်ပွဲတွေမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံ ပါဝင်ပြီး ယခင် ၂၀၁၈ခုနှစ်က ရလဒ် ရပ်တည်ချက် တွေအပေါ်အခြေခံကာ Division 1 နဲ့ Division 2 လို့ ခွဲပြီး ယှဉ်ပြိုင်ပါတယ်။

Division တစ်ခုရဲ့ ရပ်တည် မှှု နဲ့ရလဒ် တွေက အခြား Division တစ်ခုနဲ့ သက်ဆိုင် ခြင်းမရှိပါဘူး။ မြန်မာတင့်အဖွဲ့ နှင့်အတူDivision 2မှာအသင်း (၁၁)သင်းပါဝင်ပြီး မြန်မာ ယူဂန္ဓာ လာအို တာဂျစ်ကစ္စတန် ကူဝိတ်ဥဇဘက်ကစ္စတန် ဇင်ဘာဘွေ အန်ဂိုလာ ကျူးဘား ဆူဒန် နဲ့ဗီယက်နမ်တို့ဖြစ်ပါတယ် ပြိုင်ပွဲရဲ့ကွင်းတစ်ပတ်ဟာ ၄၁ဝဝမီတာရှည်လျားပြီးအတားအဆီး ၁၁ ခုပါဝင်ပါတယ်။

မြန်မာ အသင်းဟာ လာအို ယူဂန္ဓာ တို့နဲ့အတူ အုပ်စု တစ်ခုတည်း ကျရောက်ပြီးမြန်မာ အသင်း ပြိုင်ပွဲဝင် crew (3)ခု ရဲ့ စံချိန်တွေက

crew1—53.27 မိနစ်

crew2–33.58 မိနစ် (ပထမ)

crew3–28.38 မိနစ်(ပထမ) ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ ပထမနေ့ ပစ်ခတ်စဉ် တွေမှာ ပစ်ခတ် မှု ရလဒ် အထူး ကောင်းမွနိပေမယ့် မျှော်လင့် မထားတဲ့ error တွေကြောင့် ပြိုင်ဘ က် ၂သင်း ထက် ပန်းဝင်ချိန် များစွာကွာခြားခဲ့ပါတယ်။ သို့သော် ဒုတိယ နေ့နဲ့တတိယ နေ့ ပြိုင်ပွဲတွေမှာစံချိန်သစ်တွေ တင်ပြီး ပြိုင်ဘက် ၂သင်း ကို အပြတ်ဖြတ်ကာ ပထမ နေရာက ပန်းဝင်ခဲ့ပါတယ်။

ဒုတိယ အဆင့် အုပ်စုလိုက် လက်ဆင့်ကမ်း ပြိုင်ပွဲကို Division 2 က ၁၁ သင်းအနက် ၈ သင်း တက်ရောက်မှာပါ။ ယခုချိန်ထိ အဆိုပါ ၁၁ သင်းလုံး ပြိုင်လို့ မပြီး သေးပါဘူး။ သို့သော် Division 2 မှာပါတဲ့ ကျူးဘား နဲ့ဆူဒန်က disqualified ဖြစ်လို့ ယှဉ်ပြိုင်ရပေမယ့် အဆင့် ၁ဝ နဲ့၁၁ နေရာမှာပါ။

ပထမ ၂ ရက်မှာ မြန်မာရဲ့ရှေ့က ရောက်နေတဲ့ လာအို နဲ့ယူဂန္ဓာ အသငိးက သုံးပွဲပေါင်းရလဒ်အပြီးမှာ မြန်မာ အသင်းရဲ့နောက်ကို ရောက်နေတဲ့အတွက် မြန်မာက ဆီမီးဖိုင်နယ်ကို သေချာပေါက် တက်ရောက်သွားပြီး division 2 မှာ အဆင့် ၄/၅ လောက်ရပ်တည် နိုင်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ကျနော်တို့ မြန်မာ့တပ်မတော် တင့်အဖွဲ့ကို ကံမျက်နှာသာမပေးခဲ့ပေမယ့်အန်ုင်မခံအရှုံးမပေး တတ်တဲ့စိတ်ကို အခြေခံပြီး ကြိုးစားမှုရလဒ် ကြောင့်သာအဆင့် တစ်ခုကို တက်လှမ်းနိူင်တာဖြစ်ပါတယ်

ယခုနှစ် တင့်ကားစွမ်းရည်ပြိုင်ပွဲကို စကြည့် ကတည်းက မြန်မာအသင်းရဲ့ပစ်ခတ်မှု မောင်းနှင်မှုစွမ်းရည်တွေက မနှစ်က နဲ့ယှဉ်ကြည့်တဲ့အခါ မှင်သက်မိရပါတယ်။ ပြိုင်ပွဲကိုကြည့်ရှုနေချိန်မှာပြိုင်ပွဲဝင်သူတွေ ရဲ့ဖိအား အဆင့်ဆင့်တာဝန်ရှိသူတွေ ရဲ့ဖိအားကို သေချာ နား လည်ခံစားမိပါတယ်။

ယခုလို နိုင်ငံ့ဂုဏ် မြန်မာ့ တပ်မတော်ရဲ့ ဂုဏ် နဲ့ အားပေးသူတွေအတွက် စိတ်တိုင်းကျ ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်ဖို့စိတ်ဓာတ် အပြည့်နဲ့ ပြိုင်ပွဲ ဝင်ပေးခဲ့တဲ့ မြန်မာ့တပ်မတော် ကိုယ်စားပြု သံချပ်ကာ အဖွဲ့ကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ရေးသားတင်ပြ လိုက်ပါတယ်။

Tin Ko Win ဖေ့စဘွတ်မှ ကူယူဖော်ပြပါသည်။