အဆောက််အဦးမှ ရေကန််အား သန့််ရှင််းရေးဆင်းလုပ်သူ လူငယ်သုံးဦး အောက်စီဂျင််ပြတ်လပ်သေဆုံးမှုဖြစ််

အဆောက််အဦးမှ ရေကန််အား သန့််ရှင််းရေးဆင်းလုပ်သူ လူငယ်သုံးဦး အောက်စီဂျင််ပြတ်လပ်သေဆုံးမှုဖြစ််

၆.၈.၂၀၁၉ ၊အဂါင်္နေ့ …. ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစက်မြေရပ်ကွက်ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင်အလုပ်သမား ( ၃ )ဦး ရေကန်အတွင်း ဆင်းပြီးသန့်ရှင်းရေးပြုလုပ်ရာမှ အောက်ဆီဂျင်ပြတ်၍ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပါသည် ။

ဖြစ်စဉ်မှာ အဆိုပါ အဆောက်အဦးရှိ မြေအောက်ရေကန်အား သန့်ရှင်းရေးပြုလုပ်ရန်အတွက် ဆိုက်ထဲရှိအလုပ်သမားတစ်ယောက်မှ ဆင်းသွားကြောင်း ၊ ထိုအလုပ်သမား ပြန်တက်မလာသောကြောင့် နောက်တစ်ယောက်မှလည်း ထပ်မံပြီး ဆင်းသွားကြောင်းသိရပါတယ်…

သိို့သော်လည်း ဆင်းသွားသော( ၂ ) ယောက်ပါ ပြန်တက်မလာတဲ့အတွက်ကြောင့် (၃) ယောက်မြောက် အလုပ်သမားကပါ ထပ်မံဆင်းသွားတာဖြစ်ကြောင်း သိရပါတယ်…

အဆိုပါအလုပ်သမားလည်းပြန်တက်မလာ ၊အသံလည်း မကြားသောကြောင့် ဆိုက်တာဝန်ခံ ၊အလုပ်သမားများ၊ပတ်ဝန်းကျင်မှ လူများမှ သက်ဆိုင်ရာများသို့ အကြောင်းကြားခဲ့ကြကြောင်း သိရပါတယ်..

အခင်းဖြစ်ပွားရာနေရာတွင် လေ့လာမေးမြန်းကြည့်ရာ ရေကန်မှာ အနက် ၇ ပေ ၊အလျား ၇ ပေ ၊အနံ ၆ပေ ၁၀ လက်မဖြစ်ကြောင်း သိရပါတယ်…ကန်တွင်းသို့ ဝင်ပေါက်အကျယ်မှာ၂ ပေ ပတ်လည် ဖြစ်ပါတယ်…

ဝင်ပေါက်အား အထပ်သားပြားနှင့် ပိတ်ထားပြီး ဆင်းခါနီးမှ ထိုးကော်ဖွင့်ပြီး ဆင်းသွားကြသောပုံစံကို တွေ့ရပါတယ်…အောက်ရေကန်နံရံများအား ကြွေပြားကပ်ထားသည်ကို တွေ့ရသောကြောင့် ယခင်ကလည်း အလုပ်သမားများ ဆင်းပြီး အလုပ်လုပ်ခဲ့ကြကြောင်းသိနိုင်ပါသည် ။

ရေကန်အတွင်း၌လည်း ရေအနက်မှာ ၁ ပေခန့်သာရှိကြောင်း တွေ့ရပါသည်။ရေကန်အတွင်ဆင်းပြီး အလုပ်လုပ်ရာမှ အောက်ဆီဂျင်ပြတ်ရ၍ သေဆုံးကြရခြင်း ဖြစ်ပါသည် ။

ဖယောင်းတိုင်ကို မီးထွန်းပြီး(၂)ပေပတ်လည်အပေါက်မှ ရေကန်အတွင်းသို့ လက်နှင့်ကိုင်ပြီး ချကြည့်ရာတွင် လက်တစ်ဆုံးအရောက်တွင် မီးငြိမ်းသွားပါသည် ။

ထပ်မံပြီး အကြိမ်ကြိမ်စမ်းသပ်ကြည့်ရာ ရေကန်အပေါ်ယံ ၂ပေခန့်တွင်သာ အောက်ဆီဂျင်ရှိနေတာ သေချာကြောင်းတွေ့ရပါသည်။ရေကန်အတွင်း၌လည်းရေမှာ တစ်ပေခန့်သာ ရှိကြောင်တွေ့ရပါသည် ။

အခင်းဖြစ်ပွားရာသို့ မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ စည်ပင်ကိုယ်စားလှယ်များ ၊အသီးသီးသော ဌာနဆိုင်ရာများ ၊ ပရဟိတ အသင်းအဖွဲ့များမှ လာရောက်ကြပြီးသက်ဆိုင်သော တာဝန်ဝတ္တရားများအား ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရပါသည် ။

Credit: Aung KyawOo