အရွယ်မရောက်သေးသူ(၇)တန်းကျောင်းသူလေး ခေါင်းမူးသည်ဟုပြောသဖြင့် ဆေးခန်းပြသသခဲ့ရာ ……

အရွယ်မရောက်သေးသူ(၇)တန်းကျောင်းသူလေး ခေါင်းမူးသည်ဟုပြောသဖြင့် ဆေးခန်းပြသသခဲ့ရာ ……

စဉ့်ကူး သြဂုတ် ၅ ……အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား ဦးလေးအရင်းနှင့်အစ်ကိုဝမ်းကွဲတော်စပ်သူ(၂)ဦးမှ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စု လက်ပန်လှကျေးရွာ လက်ပန်လှ (အ.ထ.က)ကျောင်းမှ ကျောင်းဆင်းပြန်လာသော (၇)တန်းကျောင်းသူ မ——– မှာ ခေါင်းမူးသည်ဟုပြောဆိုသဖြင့် မိခင်မှ ကျေးလက်ကျန်းမာရေး ဌာနသို့ ပြသခဲ့ရာ ……

သားဖွားဆရာမမှ မ——-ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် မိခင်မှ သမီးဖြစ်သူအားမေးမြန်းရာ လွန်ခဲ့သော(၄)လခန့်က မ—-မှာ နေအိမ်၌တစ်ဦးတည်း တီဗီကြည့်နေစဉ် တစ်ခြံဝန်းထဲနေ ဦးလေးတော်စပ်သူ သိန်းဇော်(ခ)ဦးဘို(ခ)ငဘ(၂၆)နှစ်မှာ ရောက်ရှိလာပြီး …..

၎င်း၏ဖုန်းထဲမှ ကိုယ်လုးံတည်းပုံများအား ပြသ၍ မ—–အား (၂၀)မိနစ်ခန့်ကြာသည်အထိ သားမယားအဖြစ်(၁)ကြိမ် ၊ တစ်ပတ်ခန့်အကြာ နေ့လည်(၁၁)နာရီခန့် မ—-မှာ နေအိမ်အိပ်ခန်းအတွင်းအိပ်ပျော််နေစဉ် သိန်းဇော်မှ သားမယားအဖြစ်(၁)ကြိမ် (၁)လခန့်အကြာ နေ့လည်(၁၁)နာရီအချိန်ခန့်တွင်(၁)ကြိမ် စုစုပေါင်း(၃)ကြိမ် ကျူးလွန်ခဲ့ပြီး…..

လွန်ခဲ့သော(၃)လခန့်က (၁၃၀၀)အချိန်ခန့်တွင် မ—နေအိမ်၌တီဗီ ကြည့်နေစဉ် အစ်ကိုဝမ်းကွဲ မှုတ်စည်(ခ)မင်းခန့်စိုး(၂၅)နှစ် မှလည်း နေအိမ်သို့ရောက်ရှိလာကာ သားမယားအဖြစ်(၁)ကြိမ် ၊ နောက်(၃)ရက်ခန့်အကြာ နေ့လည်(၁၁)နာရီခန့်တွင် မှုတ်စည်(ခ)မင်းခန့်စိုးမှ သားမယားအဖြစ်(၁)ကြိမ် …..

၂၀၁၉ သြ ၀၃ ၂၁ဝဝအချိန် မှုတ်စည်(ခ)မင်းခန့်စိုးမှ သားမယားအဖြစ်(၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း….သို့ဖြစ်ပါ၍ အရွယ်မရောက်သေးသည့် သမီးဖြစ်သူ မ—-အား နေအိမ်ပေါ်သို့တက်ရောက်ကာ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြသည့် သိန်းဇော်(ခ)ဦးဘို(ခ)ငဘိုနှင့် မှုတ်စည်(ခ)မင်းခန့်စိုးတို့(၂)ဦးအား ဥပဒေအရ အရေးယူပေးရန် ……

၂၀၁၉ သြ ၀၄ ၁၆၁၅ အချိန် မ—–၏မိခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ၂၀၁၉ သြ ၀၄ ၁၇၂၅အချိန် နမစ(လက်ပန်လှ) (ပ)၃၉၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ရေးဖွင့်ပြီး အမှုအား နမစမှူး ရဲအုပ်သိန်းအောင်မှ စစ်ဆေးလျှက်ရှိပြီး အမှုမှတရားခံ သိန်းဇော်(ခ)ဦးဘို(ခ)ငဘိုနှင့် မှုတ်စည်(ခ)မင်းခန့်စိုးတို့(၂)ဦးအား ….

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန့်ဇင်ဦးနှင့်ပူးပေါင်းအဖွဲ့မှ အချိန်နှင့်တပြေးညီ ပူးပေါင်း ဖမ်းဆီးကာ (၁၆ ၃၀)အချိန် အမှုဖြင့် ဖမ်းဆီးထာရှိကြောင်း သတင်းရရှိသည်….။သတင်း / စန်းယု စဉ့်ကူး SH-ONLINE MEDIA