တစ်လ ယူနစ် (၂၀၀) လောက်သုံးရင် ငွေဘယ်လောက် ကျမလဲ…လျှပ်စစ်မီး ဘယ်​​လောက်​သုံးရင်​ မီတာ (၁) ယူနစ်​ တက်သလဲ…..

လျှပ်စစ်မီး ဘယ်​​လောက်​သုံးရင်​ မီတာ (၁) ယူနစ်​ တက်သလဲ၊ တစ်လ ယူနစ် (၂၀၀) လောက်သုံးရင် ငွေဘယ်လောက် ကျမလဲ…။

မီတာ (၁) ယူနစ်ဆိုတာ 1 KWH (၁) ကီလိုဝပ်နာရီ၊ ဆိုလိုတာက တစ်နာရီ အတွင်း (၁) ကီလိုဝပ် (1000 ဝပ်) သုံးစွဲလိုက်ရင် (၁) ယူနစ် သတ်မှတ် ပါတယ်။

အလင်းရောင်ရဖို့ မီးသုံးစွဲမှုကို အကြမ်းဖျဉ်း တွက်ကြရအောင်။ (၄) ပေ မီးချောင်း (၁) ချောင်းဟာ ရေဘုယျ အားဖြင့် (၄၀) ဝပ်ပါ။ တနာရီကြာ ဆက်တိုက်ထွန်းထားရင် သုံးစွဲပမာဏ ဝပ် (၄၀) ပေါ့။

(၂၅) နာရီကြာသုံးရင် ဝပ် (၁၀၀၀) ဖြစ်လို့ (၄)ပေ မီးချောင်း (၁) ချောင်းကို (၂၅) နာရီကြာသုံးရင် တစ်ယူနစ် တက်ပါမယ်။ (၂) ပေ ချောင်းဆိုရင် နာရီ (၅၀) ကြာသုံးမှ တစ်ယူနစ် တက်ပါမယ်။

လျှပ်စစ် ဟင်းချက်အိုး အရပ်ခေါ် ဒယ်နီ သုံးတယ်ဆိုပါစို့။ သူ့ဝပ်အားက အပူကို ထိန်းညှိပြီး မီးအားကို အတိုးအလျော့ လုပ်တာဖြစ်လို့ ပုံသေမတွက်ဘဲ ပျမ်းမျှယူပြီး တွက်ကြရအောင်။

(သူကဝပ် ၁၆၀၀ အမြင့်ဆုံးပါ) အပူချိန် လျှော့သုံးချိန်တွေနဲ့ သူ့ကို ဝပ် (၁၀၀၀) ထားတွက်ကြည့်မယ်။ တစ်နာရီကြာ သုံးရင် တစ်ယူနစ် တက်ပါမယ်။ တစ်ရက်မှာ ဒယ်နီနဲ့ ဟင်းချက်ချိန် (၂) နာရီ ပဲထားပါတော့။ (၂) ယူနစ် တက်ပါမယ်။

ထမင်းပေါင်းအိုး Rice Cooker နဲ့ မနက်/ည (၂) ခါပြန်ချက်။ (၂) ယူနစ်လောက်ပါပဲ။ ညဖက်နားချိန် TV ကြည့်ပါ။ ငါးနာရီဆက်တိုက် ကြည့်ပါ။ ပျမ်းမျှတစ်ယူနစ် ဝန်းကျင် တက်ပါမယ်။

အိမ်မှာ (၄) ပေမီးချောင်း သုံးချောင်း နဲ့ (၂) ပေမီးချောင်း (၂) ချောင်း၊ စုစုပေါင်း (၅)ချောင်းနဲ့ ငါးနာရီကြာ မီးသုံးမယ်၊ ဒယ်နီ တစ်လုံး နှစ်နာရီ၊ ပေါင်းအိုး တစ်လုံး နှစ်နာရီ၊

TV တစ်လုံး ငါးနာရီဆိုရင် တစ်ရက်ကို အထက်ပါ နည်းအတိုင်းတွက် မီတာ (၅.၈) ယူနစ် တက်ပါမယ်၊ တစ်လမှာ (၁၇၄) ယူနစ်တက်ပါမယ်၊ အခု စျေးတက်ထားတဲ့ မီတာယူနစ်စျေးနဲ့ ဆိုရင်..

၁ မှ ၃၀ ယူနစ် ၃၅ ကျပ် … ၁၀၅၀ ကျပ်

၃၁ မှ ၅၀ ထိ ၅၀ ကျပ် … ၁၀၀၀ ကျပ်

၅၁ မှ ၇၅ ထိ ၇၀ ကျပ် … ၁၇၅၀ ကျပ်

၇၆ မှ ၁၀၀ ထိ ၉၀ ကျပ် … ၂၂၅၀ ကျပ်

၁၀၁ မှ ၁၅၀ ထိ ၁၁၀ ကျပ် … ၅၅၀၀ ကျပ်

၁၅၁ မှ ၁၇၄ ထိ ၁၂၀ ကျပ် … ၂၈၈၀ ကျပ် စုစုပေါင်း တစ်လကို (၁၄၄၃၀) ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

တစ်လကို ယူနစ် (၂၀၀) လောက်သုံးမယ်ဆိုရင် (၁၇၅၅၀) ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။ အောက်မှာ မီတာခ တွက်လို့ရတဲ့ Link ကိုထည့်ပေး ထားပါတယ်။

အခု အိမ်သုံးအခြေခံ ပစ္စည်းတွေနဲ့ နားလည်လွယ်အောင် မီတာခ တွက်ပြခြင်းဖြစ်ပါတယ်။ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေကို သင့်လျော်တဲ့ Quality နဲ့ မီးအား(ဝပ်အား) နည်းတာကို ရွေးချယ် သုံးစွဲသင့်ပါတယ်။

ဒီအောက်က Link မှာ ဝင်၊ မီတာယူနစ် အင်္ဂလိပ်လိုရေးထည့်ပြီး ငွေဘယ်လောက် ကျသင့်တယ်ဆိုတာကို တွက်ကြည့် နိုင်ပါတယ်။ ယခင် ယခု နှုန်းတွေကိုပါ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။

https://meterbill.drkzn.net/ Credit:; မူရင်​းတင်​သူ / ပြန်​လည်​မျှ​ဝေပါသည်​Aung Naing Naychi