သရဏဂုံကိုယ်တိုင်တင်ပြီးမသေခင်ကတည်းက အုတ်ဂူတည်ထားတဲ့ သူ မုံရွာက ဦးကျော်ဝင်း

သရဏဂုံကိုယ်တိုင်တင်ပြီးမသေခင်ကတည်းက အုတ်ဂူတည်ထားတဲ့ သူ မုံရွာက ဦးကျော်ဝင်း

သေပြီးမှသရဏဂုံ တင်လျင် သရဏဂုံတည်-မတည်ကိုမသိရသည်ကိုတွေး၍သက်ရှိထင်ရှားရှိစဉ် ကိုယ့်သရဏဂုံကိုယ်တိုင်တင်၍ သေလျင်သဂြိ င်္ုဟ်ရန်အုတ်ဂူတည်ထားပြီးဖြစ်ကြောင်းမုံရွာမြို့နယ်အောင်သာကျေးရွာနေ သက်ရှိထင်ရှားသရဏဂုံတင်သူ အဓိပတိဦးကျော်ဝင်းကပြောသည်။ “ကျုပ်အယူအဆပြောရရင် သေသွားကြတဲ့သူတွေကို ကျန်နေတဲ့မိသားစုက မြေပုံရှိရာသချိ င်္ုင်းသွားပြီး သေသူရဲ့အကျီ င်္ပုဆိုး ထမိန် တဘက် စတာတွေနဲ့သရဏဂုံတင်ဖို့တရားနာဖို့လိုက်ခဲ့ပါဆိုပြီးရိုးရာထုံးတမ်းစဉ်အရ လုပ်နေကြတာတွေတွေ့ရတယ်။အဲဒီဝိဉာဉ်ကလိုက်လာလား။မလိုက်လာလား ဆိုတာမသိရဘူး။သေပြီးမှသရဏဂုံတင်တယ်ဆိုတာလည်းသရဏဂုံတည်နိုင်လား။မတည်နိုင်ဘူးလားဆိုတာမသိရပါဘူး။

အဲဒါတွေတွေးပြီး ကိုယ့်ကိုကိုယ်သက်ရှိထင်ရှားရှိကတည်းကကိုယ့်သရဏဂုံကိုယ်တိုင်တင်ပြီးကိုယ်တိုင်တရားနာမယ်။သဟဒိကဒါနမြောက်အောင်ကိုယ်တိုင်လှူဖွယ်တွေလှူပြီးရေစက်ချတယ်။ကိုယ့်ခန္ဓာကိုယ့်အလောင်းကိုယ်တိုင်ရှုမြင်သွားတယ်။စိတ်ကြည်မှုရှိပြီးမသေခင်ကစိတ်ချမ်းသာတယ်။ပြီးမှခွေးလိုသေသေဝက်လိုသေသေ အသေဖြောင့်တယ်´´ဟုဦးကျော်ဝင်းကရှင်းပြသည်။

အဓိပတိဦးကျော်ဝင်းသည်သူသေလျင်ထည့်သွင်းသဂြိ င်္ုဟ်နိုင်ရန်အုတ်ဂူကိုအောင်သာကျေးရွာဦးကျော်ဝင်းနေအိမ်နှင့်မလှမ်းမကမ်း သူ၏စ်ုက်ပျိုးရေးခြံဝင်းအတွင်းတည်ဆောက်ထားခြင်းဖြစ်သည်။

“ကျုပ်ရဲ့သချိ င်္ုင်းဘယ်ရှိလို့ ဘယ်လိုအသေမျိုးနဲ့ဘယ်နေရာမှာသေရမယ်ဆိုတာလုံးဝမသိပါဘူး။ဒီမှာတင်(အောင်သာကျေးရွာ)သေသည်ဖြစ်စေ အခြားအလောင်းယူရတဲ့နေရာသေသည်ဖြစ်စေ သေရင်တော့ဒီဂူထဲရောက်မှာဘဲ။အဲဒီလိူမဟုတ်ဘဲလေယျာဉ်ပျက်ကျသေမယ်။ရေနစ်သေမယ်။ကုန်းလမ်းမှာလျိှုမြှောင်ချောက်ထဲကျသေ မယ်။တခြားအလောင်းရှာမရတဲ့နေရာမျိုးသေမယ်ဆိုရင်တော့ ဒီဂူထဲရုပ်ကလာဒ်မပြောနဲ့။အရိုးပြာတောင်ထည့်နိုင်မှာမဟုတ်ပါဘူး။ ဒီဂူထဲမရောက်လည်း ကျုပ်တို့ဗုဒ္ဓဘာသာမှာစကားရှိတယ်။ဘုရားတစ်ဆူဂူတစ်လုံးဆိုတာပါ။ကျုပ်ဒီဂူထဲမရောက်လည်းသား-သမီး-မြေး-မြစ်-တီ-တွတ်စတာတွေဦးချကန်တော့နိုင်တယ်။သူတို့ရဲ့ကုသိုလ်မှတ်တိုင်တစ်ခုဖြစ်ရစ်တာပေါ့ဗျာ´´ဟုဦးကျော်ဝင်းကရှင်းပြသည်။

မသေခင်ကတည်းကတည်ဆောက်ထားသောအုတ်ဂူခေါင်းပိုင်းတွင်ဘုရား ရဟန်းကျောင်း ဇရပ် သာသနာ့ဒါယကာကြီး အဓိပတိဦးကျော်ဝင်း အသက်( ) ၁၃ ခု လ( )ရက်နေ့အနိစ္စချုပ်ငြိမ်းသည်ဟုရေးထိုးထားပြီးဂူ၏မြောက်ဖက်မျက်နှာတွင်အနိစ္စ-ဒုက္ခ-အနတ္တ-သင်္ခ ါရ ကျွနု်ပ်နောက် ဘာမျှမပါ။ကိုယ့်သမိုင်းကိုယ်ရေးကြသည်။အပ္ပမာဒေန သမ္မာဒေထ ဟုရေးထိုးထားသည်။

ဂူ၏အနောက်ဖက်မျက်နှာတွင် မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား။ ကိုယ့်နောက်ပါမည်ကဒါနသီလ ဘာဝနာ ဇနိတံ ပါကံ ဇနေတိဟုရေးထိုးထားပြီး ဂူ၏တောင်ဖက်မျက်နှာတွင်မှန်ကန်ဖြောင့်မတ်၍တာဝန်ကြေပြီး မိမိကိုယ်အပြစ်မရှိဟု ယုံကြည်သောသူသည် သေမည်ကိုမကြောက်ပါ။သေသူကသေ၍သေပြီးပါပြီ။ကျန်ရစ်သူများက ပူဆွေးသောကမဖြစ်ပါနှင့်။တစ်နေ့မုချသေကြရမည်ဟုရေးထိုးထားသည်။

“အုတ်ဂူရဲ့ခေါင်းပိုင်းဦးထိပ်မှာထားတဲ့ပစ်တိုင်းထောင်ရုပ်ထားရတာကမိမိလိပ်ပြာသန့်ရှင်းယုံကြည်လို့ ဖြစ်ပါတယ်။ပစ်တိုင်းထောင်ဆိုတာ ဘယ်နေရာပစ်ချ ပစ်ချ အမြဲတမ်းထောင်လျက်ပါ။သေတာတောင်သမိုင်းကောင်းနဲ့ထောင်လျက်သေသွားမယ်ဆိုတဲ့အဓိပ္ပာယ်ပါ။´´ဟုဦးကျော်ဝင်းကရှင်းပြသည်။ အဓိပတိဦးကျော်ဝင်းသည်ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ဇန်နဝါရီလအတွင်းကအောင်သာကျေးရွာ သူ၏အိမ်ရှေ့တွင်ရွှေမဏ္ဍပ်ကြီးထိုးကာမိမိကိုယ်တိုင်သံဃာတော်များပင့်၍အလှူအတန်းပြုကာသရဏဂုံတင်ပြီးမြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် ဧရင်ကျူးကာ ညနေပိုင်းတွင်ကြိုတည်ထားသောအုတ်ဂူသို့အသုဘချအခန်းအနားလုပ်ကာ ကြိုသေသည့်အခမ်းအနားကိုထူးထူးခြားခြားပြုလုပ်ထားသူဖြစ်သည်။

ထိုအခန်းအနားမလုပ်ခင်ဦးကျော်ဝင်းကသူနှင့်ပါတ်သက်သူမည်သူမဆို အားလုံးအပေါ် ဘာသာရေး နိုင်ငံရေးလူမှုရေး စီးပွားရေး ပုဂ္ဂိုလ်ရေးဆိုင်ရာ တို့နှင့်ပါတ်သက်၍ပြဿနာသံသယရှိပါကလာရောက်မေးမြန်းဖြေရှင်းဆောင်ရွက်ခြင်းကို၂၀၁၈ခုဇန်နဝါရီလ၆ရက်မတိုင်ခင်လာရောက်ကြရန်ဖိတ်ခေါ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှလာရောက်ဖြေရှင်းမှုမရှိသဖြင့်ကိုယ့်လိပ်ပြာကိုယ်သန့်ကြောင်းဦးကျော်ဝင်းကပြောသည်။