ဓမ္မာစရိယလည်း အောင်ပြီးပါပြီ….မြန်မာနို်င်ငံမှာ သာသနာပြုနေတဲ့ အမေရိကန်မှ သီလရှင်ဆရာကြီး ဒေါ်ဝဇီရညာဏီ

ဓမ္မာစရိယလည်း အောင်ပြီးပါပြီ….မြန်မာနို်င်ငံမှာ သာသနာပြုနေတဲ့ အမေရိကန်မှ သီလရှင်ဆရာကြီး ဒေါ်ဝဇီရညာဏီ

ဘုရားသမီးတော် အမေရိကန်မှ သီလရှင်ဆရာကြီး ဒေါ်ဝဇီရညာဏီ” မြန်မာစကားကို ကျွမ်းကျင်စွာပြောတတ်ပြီး ဓမ္မာစရိယလည်း အောင်ပြီးပါပြီ..မြန်မာပြည်မှာ သီတင်းသုံးရင်း သာသနာပြုနေပါတယ်.. ပဏ္ဍိတရာမ ဆယ်မိုင်ကုန်းတရားရိပ်သာသို့နှစ်စဉ် နိုင်ငံခြားသားယောဂီများလာရောက်၍ တရားအားထုတ်ကြပါတယ်..(ဒီဇင်ဘာလနဲ့ ဇန်နဝါရီလများကို နိုင်ငံခြားသားယောဂီများအတွက်သီးသန့်အချိန်အချိန်ပေးတယ်လို့ သိရပါတယ်)ဒီဆရာကြီးဟာ တရားစခန်းမှာအင်္ဂလိပ်မြန်မာ ဘာသာပြန်အဖြစ် ကူညီပေးရင်းသာ့သနာတာဝန်ကို ထမ်းဆောင်နေပါတယ်..

သီလရှင်ဝတ်လျှင် ဘယ်လိုအကျိုးကျေးဇူးရမှာလဲ ။ ။သီလရှင် ဝတ်ခြင်းသည် ဝတ်သူနှင့် ဝတ်သူ၏ မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကို ရှင်းပြတော်မူပါဘုရား။

ဗုဒ္ဓစာပေတွင် – ၁။ဥပသမ္ပဒ ပဗ္ဗဇ္ဇ ၊ ၂။သာမဏေရပဗ္ဗဇ္ဇ ၊ ၃။ဣသိပဗ္ဗဇ္ဇနှင့် ၊၄။ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ လေးမျိုးရှိပါသည်။ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။သီလရှင်မှာ အမှတ် (၄) ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ အမျိုးသမီးများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။အမှန်အားဖြင့် မိန်းကလေးတစ်ဦးအနေနှင့် မိမိ၏ အလှအပ ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နေက္ခမ္မပါရမီတစ်မျိုးပင် ဖြစ်ပါသည်။

ထို့နောက်လူဝတ်ကြောင်ကို ပယ်၍ သီလရှင် ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာလူတို့ ဆောက်တည်နိုင် ခဲသော၈ပါး၊ ၉ပါး၊ ၁ဝပါး သီလများကို နိစ္စဆောက်တည် နေနိုင်ခြင်း စာပေကျမ်းဂန်သင် အံနိုင်ခြင်း တရားစာပေ လေ့လာခြင်း သမထ ဝိပဿနာဘာဝနာများကို ပွားများနေထိုင်းခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘဝပင် ဖြစ်သော်လည်း မြင့်မြတ်လှပါသည်။

ဘဝပေါင်းများစွာက လင်ယူသားမွေးလောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိ နယ်ပယ်တွင် ကျင်လည်ရာကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခုဘုရားသာသနာ၌ တွေ့ခိုက်တွင် မဂ်ဖိုလ် ရရေး အသက်ပေး အားထုတ်ရခြင်း သာသနာ့နွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။

သမီးကို မိမိတို့ကိုယ်တိုင် သာသနာ့နွယ်ဝင် အဖြစ်သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင် ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။ဒါ့ကြောင့် သီလရှင်ဝတ်ခြင်းမှာ အကျိုးကျေးဇူး များလှပါသည်။

Credit:original uploader