စားဖိုမှူးကြီး တစ်ဦးကွမာစတာရှက်ဖ် ပြိုင်ပွဲကို အကွက်ကျကျ ထောက်ပြ ဝေဖန်လိုက်

စားဖိုမှူးကြီး တစ်ဦးကွမာစတာရှက်ဖ် ပြိုင်ပွဲကို အကွက်ကျကျ ထောက်ပြ ဝေဖန်လိုက်

ပထမဦးစွာ မှတ်ချက်ပေးရမယ်ဆိုရင် သူတို့ program ဟာ ကမ႓ာ မှာ ကျယ်ကျယ်ပြန့်ပြန့် ကို အောင်မြင်နေတဲ့ စားဖိုမှူးတို့ ရဲ့ image ကိုအသုံးချ တဲ့ program တစ်ခုပါ။ စားဖိုမှူးတွရဲ့ image ကို အသုံးချပေမယ့် ပြိုင်ပွဲဝင်တွေထဲမှာ pro chef တွေတော့ပေးမပါပါဘူး။ ဒါပေမယ့် ဒိုင်တွေကတော့ ဒိတ်ဒိတ်ကျဲ စားဖိုမှူးတွေနဲ့ အစားအသောက်လောကမှာ ထင်ပေါ် အောင်မြင်နေတဲ့ သူတွေကို အသုံးပြုထားတာတွေ့ရပါတယ်( နိုင်ငံတကာမှာပေါ့ဗျာ)။

ပြောရရင် ပါမောက္ခ က မူကြိုကလေးတွေကို စာစစ်ခိုင်းတဲ့သဘောပါ။ ဒါပေမယ့်ဗျာ ဘဝင်မကျတာက ဒိုင်တွေထဲမှာ နိုင်ငံခြားသားမှမဟုတ်ပဲ မြန်မာစားဖိုမှူး အကျော်အမော်တွေ ထည့်သုံးလို့မရဘူးလားဗျာ။ မြန်မာစားဖိုမှူးတွေမညံ့ဘူးဆိုတာ ပြီးခဲ့တဲ့ စားဖိုမှူးအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတွေဆွတ်ခူးခဲ့တာအပြင် နိုင်ငံတကာ စားဖိုမှူးပြိုင်ပွဲတွေမှာလည်း ရွှေတွေ ငွေတွေ ကြေးတွေစသဖြင့် ရရနေကြတာ လေ့လာကြည့်နိုင်ပါတယ်။ မြန်မာ စားဖိုမှူးတွေကသာ မြန်မာ အရသာကို သိနိုင် ပြီး နိုင်ငံတကာ အရသာလည်း အကဲဖြတ်နိုင်မယ်လို့ သုံးသပ်မိပါတယ်။ Program title ကို က Myanmar ဆိုတာပါနေ တာကိုး ။

နောက်ပြီး များသောအားဖြင့် အဲ့ဒီနိုင်ငံခြားသား chef ကို ဦးဆောင်မြည်းစေတဲ့အချက်။ မြန်မာအစားအစာတိုင်းကို ဘယ်လိုမှ သူ့ပါးစပ်နဲ့ တွေ့မှာမဟုတ်ပါဘူး ။ သူဦးဆောင်မြည်းလိုက်လို့ ထွက်လာတဲ့ negative comment ကို နောက်ဒိုင် နှစ်ယောက်ကပါ လိုက်ပြီး negative comment ပေးကြတာ အံ့သြဖို့တော့အကောင်းသားဗျာ ။ လူတိုင်းလူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းတော့ မတူကြပါဘူး။ နိုင်ငံခြားသားတစ်ယောက်ရဲ့ ခံတွင်းတွေ့ပုံနဲ့ မြန်မာ တစ်ယောက် ခံတွင်းတွေ့ပုံကလည်း ဘယ်လိုမှ မတူနိုင်ပါဘူး။ ဒါကို ဟိုကမကောင်းရင် လိုက်မကောင်းပြီး ဟိုက ကောင်းရင် လိုက်ကောင်းကြမှတော့ comment အပေးခံရတဲ့ လူအဖို့မှာကဘယ်လိုမှကို ဖြေမဆည်နိုင်အောင်ပါပဲလေ။

နောက်တစ်ခုက အစားအစာရွေးချယ်ပုံ မြန်မာ့အစားအစာကို ကမ႓ာကသိအောင် လုပ်မယ်ဆိုရင်ဖြင့် အတိုင်းထက် အလွန် ကို ဝမ်းသာမိမှာပါ။ အခုတော့ ပြီးခဲ့တဲ့ season မှာတွေ့လိုက်ရသလို ခိုသား ကို medium တွေ medium well တွေနဲ့ ချက်ခိုင်း ပုံက တော့ဖြင့် အင်းးးးးး ။ သူ့အရပ်နဲ့ သူ့ဇာတ်လေဗျာ ။ ဆဲတာ ဆိုတာ ကြိမ်းမောင်း ပန်းကန်ကိုတောင် အမှိုက်ပုံးထဲ သွန်တဲ့အထိ ဇာတ်နာပြီး အတုခိုးထားပြီးပြီပဲ ။ မြန်မာ့အစားအစာကိုလည်း တစ်နည်းတစ်ဖုံနဲ့ promote လုပ်စေချင်ပါတယ် ။

နောက်ပြီး အမှိုက်ပုံးထဲသွန်တဲ့ကိစ္စကတော့ ရှေ့က ပိုစ့်တွေမှာ သုံးသပ်ပြပြီးပြီမို့ အထွေအထူး ပြောမနေတော့ပါဘူး ။ ဒါပေမယ့် ဒိုင်တွေက ပြိုင်ပွဲဝင်အစားအစာတွေကို မမြည်းကြည့်ပါပဲနဲ့ အမြင်နဲ့တင်မကောင်းဘူး ဆုံးဖြတ်ပြီး အမှိုက်ပုံးထဲ တန်းပြီး ပစ်ချနိုင်ရလောက်အောင် တော်နေတယ်ဆိုရင်တော့ ပြိုင်ပွဲဝင်တွေကို ဘယ်လို အရည်အချင်း နဲ့ ရွေးချယ်ပါ သလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။ ဒီလောက် “စုတ်ပြတ်နေတာပဲ ” တို့ ” ငါ့ပါးစပ်နဲ့ သို့မဟုတ် ပန်းကန်နဲ့တောင် မတန်ဘူး အမှိုက်ပုံးနဲ့ ပဲတန် တယ်”လို့ comment ပေးရလောက်အောင် ဘယ်လိုများပြိုင်ပွဲဝင်တွေကို စီစစ်ရွေးချယ်ပါ သလဲ လို့ စိတ်ဝင်စားမိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သီချင်းဆိုပြိုင်ပွဲလို Blind Auditions ကနေ စိစစ်တာမို့ဆိုရင်တော့ နားလည်ပေးလို့ရပါတယ် ။ လူပေါင်းစုံပါနေလို့ အခုဟာက ဖောင်တင်ထားတဲ့ လူတွေထဲက စိစစ်လူရွေးပြီး ခေါ်ပြိုင်စေတာမဟုတ်လား ဒါဆို သူတို့ တွေထဲက အကောင်းဆုံးလူတွေကို ရွေးချယ်ပြီးမှ ယှဉ်ပြိုင်စေတာမဟုတ်လား ။ ဒါမှမဟုတ် ဒီလို စုတ်ပြတ်တယ်လို့ အပြောခံရမယ့် လူတွေကို သီးသန့်ရွေးချယ် တစ် group ထား နောက်တစ်ခါ အစကတည်းက ကောင်းတဲ့ လူတွေကိုတစ် group ရွေးချယ် ယှဉ်ပြိူင်စေတာလားဆိုတာ တွေးမိပါတယ်။ ပြိုင်ပွဲဝင်တွေကသာ အားတက်သရော ပြိုင်ကြပေမယ့် သူတို့က drama ချိုးတယ်လို့ ပြောကြတာကိုး ။ အပြောခံရမယ့် သူ တစ်နည်းအားဖြင့်အသနားခံရမယ့်လူတွေကို ကြိုတင်များ တိတ်တဆိတ် သတ်မှတ်ထား လိုက်တာများလား တွေးမိတယ်။ ဒီလိုသာဆိုရင်တော့ သူတို့တွေဟာ လူတွေနော် သိက္ခာတွေ ရှိနေတယ်ဆိုတာမမေ့ကြပါနဲ့။

နောက်ဆုံးကတော့ Chef တွေရဲ့ image ပါ။ ဒီနေရာမှာ ပြောချင်တာက Professional Chef တွေတိုင်းဟာ အချိန်ပြည့် ခက်ထန်မနေပါဘူး ။ ထို့အတူပဲ ပညာသင်စားဖိုမှူးငယ်တွေဟာလည်း ထုံအအ အငေါက်ငမ်းခံတွေမဟုတ်ကြပါဘူး။ သိစေချင်တာက Chefs တွေဟာ အမြဲ ဒေါသထွက်မနေကြပါဘူး ။ စားဖိုမှုးစစ်စစ်မဟုတ်တဲ့ သူတွေရဲ့ ဘေးတီးသလို ကွန်းမန့် တွေကိုတော့ ဘာမှ မပြောလိုပါဘူး ။ မြန်မာပြည်မှာ အတော်ဆုံး ဆရာအကျဆုံး စားဖိုမှူးကို ရှာနေတာပါဆိုတဲ့ စကား ဘယ်လောက်မှန်သလဲဆိုတာ ပြီးခဲ့တဲ့ result ကိုကြည့်ပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုအပြုအမူတွေဟာ Professional Chef တစ်ယောက်ရဲ့ image မဟုတ်ဘူး ဆိုတာကို စားဖိုမှုးလောက ိုကိုယ်စားပြုပြီး အသိပေးပြောပြလိုက်ရပါတယ်။ အရှေ့ကပိုစ့်တွေကိုတစ်စုတစ်စည်းတည်းဖတ်ရအောင် အောက်မှာ links တွေနဲ့ ပြန်ထည့်ပေးလိုက်ပါတယ်

Chef Romeo (လေးစားမှုဖြင့် ခရက်ဒစ်)