“ပြာ” ဖြစ်မဲ့အတူတူ ဘာလို့ “ပြာယာခတ်” နေကြအုံးမှာလဲ

“ပြာ” ဖြစ်မဲ့အတူတူ ဘာလို့ “ပြာယာခတ်” နေကြအုံးမှာလဲ

“ပြာယာမခတ်ကြနဲ့”

နွားကလေး…သေတော့…”အမဲသား”တဲ့။ ကြိုက်တဲ့”လူ”များ…မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။ ကြက်ကလေး…သေတော့…”ကြက်သား” ပါးစပ်ထဲထည့်…ပြုံးပျော်လျှက်။ ဝက်ကလေး…သေတော့…”ဝက်သား” ပါးစပ်ထဲထည့်…ကြည်နှူးလျှက်။

လူကလေး…သေတော့…”မသာ” အခေါင်းထဲထည့်…ငိုယိုလျှက် ထားလို့မကောင်းဘူး…ဟဲ့။ အလုပ်ပိုတယ်…အိမ်ရှုပ်တယ်။ သချႌုင်း…အမြန်ပို့ ကွယ့်…။ “အသုဘ”ရှိက…အိမ်ပူတယ်။ “မသာ”အိမ်ပေါ်က…မဆင်းခင် ဖိတ်စာရိုက်…အသိမိတ်ဆွေ လက်လှမ်းမှီသလောက်ပေးလိုက်။ မြန်မြန်ပြီး…မြန်မြန်နားအေးတယ်။ ပုတ်ပွလာမှ…”လူ”တွေ မလာပဲ…နေအုံးမယ်။ အဲဒါမှ…ဒုက္ခပိုများမယ်တဲ့။

ကဲ့…ဘယ်မှာလဲ… တန်းဖိုးရှိတယ်ဆိုတဲ့…”လူသား” ပညာတွေ…ငါ ဘယ်လောက်တက်တယ်။ ပိုက်ဆံတွေ…ငါ ဘယ်လောက်ချမ်းသာတယ်။ အာဏာတွေ…ငါ့မှာ ဘယ်လောက်ရှိတယ်။ မာန်တက်နေကြတာတွေ…အာဏာပြနေတာတွေ နောက်ဆုံးတော့……… ဘာအသုံးဝင်တော့ သေးလဲ……? ငါ့…အိမ်။ ငါ့…ခြံ။ ငါ့…တိုက်။ ငါ့…လုပ်ငန်း။ ငါ့ဟာ…သခင်။ ငါ့ဟာ…ဘုရင်ဘဲ ဆိုတဲ့ “လူသား”………အခုတော့ ယူသွားဖို့…နေနေ သာသာ အိမ်ပူ…အလုပ်ရှုပ် ကျက်သရေ…မရှိတော့တဲ့ အသုဘ(မသာ)ဆိုပြီး သမုတ်ခံရတာအလွဲလို့…ဘာတွေများ တန်ဖိုးရှိသေးလို့လဲ…?

နောက်ဆုံးတော့လဲ… အုပ်ဂူလေးတောင်…ထားလို့မရတဲ့ခေတ်မှာ ခဏတာ မြင်တွေ့ရတဲ့… ခေါင်းတိုင်းအပေါ်က…မီးခိုးပျောက်ကွယ်တာနဲ့ ဘာမှသုံးစားလို့မရတဲ့”ပြာပုံ”ဖြစ်သွားရော့… တန်းဖိုးရှိပါတယ်ဆိုတဲ့…”လူသား” ဘဝနိဂုံးချုပ်ရတာက”ပြာပုံ”လေးဘဲ မဟုတ်လား…? ကဲ့……အနောက်ဆုံး”ပြာ”ဖြစ်မဲ့အတူတူ ဘာလို့…”ပြာယာခတ်”နေကြ အုံးမှာလဲ…။

အသောကမင်းကြီး