မေတ္တာပို့ပြီး အလှူခံနေသောအဖွား…

မေတ္တာပို့ပြီး အလှူခံနေသောအဖွား…

ဒီနေ့ဆေးခန်းသွားပြတုန်းတွေ့မိတာလေးပေါ့….အဖွားတစ်ယောက် ယောမင်းကြီးလမ်းထောင့် parkroyal hotel ဘက်ခြမ်းမှာ မေတ္တာပို့ပြီး အလှူခံနေတာ….

ခါတိုင်းဆို အဖိုးအဖွားအိုတွေတွေ့ရင် လှူပြီးထွက်လာလိုက်တာပဲ. …ဒီနေ့တော့ စပ်စုချင်လာတာနဲ့မေးကြည့်မိတယ်….အဖွားဘယ်ကလာပြီးအလှူခံသလဲပေါ့….

အဖွားကအသက်ရ၆ရှိပါပြီ….ရှမ်းပြည်တောင်ကြီး စိန်ပန်းရပ်ကွက်က ဒေါ်တင်ကြည်ပါတဲ့. …ကွမ်းယာရောင်းရင်း ကားတိုက်ခံရလို့ခြေထောက်ကျိုးသွားပြီး မင်္ဂလာဒုံဆေးရုံမှာ ၂နှစ်ခွဲ ကျောက်ပတ်တီးနဲ့နေခဲ့ရတယ်တဲ့….

ခုတော့ရန်ကုန်ဆေးရုံကြီးမှာပြပါတယ်တဲ့…. သရက်တောကျောင်းတိုက်မှာနေပါတယ်….. သရက်တောထဲက ဘယ်ဘုန်းကြီးကျောင်းလဲမေးတော့ ဘုန်းကြီးကျောင်းမဟုတ်ဘူး. ….

ကျောင်းတိုက်ရှေ့ကမြယာပင်အောက်မှာ သီလရှင်အဖွားအိုနဲ့အဖော်ပြုနေပါတယ်တဲ့….(မိုးတွင်းကြီးလေ😢)�မနက်ဆိုဆေးရုံကြီးသွားပြီးဆရာဝန်ပြ. ပြီးရင် ဒီကိုဆိုက်ကားနဲ့လာပြီး မေတ္တာပို့ အလှူခံပါတယ်….

“ဖလားချပြီးတော့ မတောင်းရမ်းချင်ဘူး သမီးရယ်….အဲ့တာကြောင့် ဒီတိုင်းလေးထိုင် မေတ္တာပို့နေတာပါ…. အဖွားက သားငါးမစားဘူး…. ရေဆိုလည်း ရေနွေးပဲသောက်တယ်…. အဲ့ဒါကြောင့်ကျန်းမာပါတယ်….

ခြေထောက်ကတော့အသက်ကြီးပြီဆိုတော့မကောင်းနိုင်တော့ပါဘူးကွယ်”တဲ့…..အဘွားတကယ်လို့ပျောက်သွားရင်ရော ရှမ်းပြည်ပြန်မှာလားဆိုတော့ ပြန်လို့မရတော့ဘူး သမီးရယ် ….

အဖွားခြံကိုရောင်းပလိုက်ပြီလို့ပြောကြတယ်….အဘွားခြံက ရုပ်ရှင်မင်းသား ညွှန့်ဝင်းတို့ မက်မန်းခြံနဲ့ကပ်လျက်ဆိုလား …အဲ့နားဆိုလားမသိဘူး. ….

ကိုယ်အရမ်းစပ်စုနေရင် သတိရပြီး စိတ်မကောင်းဖြစ်သွားမှာစိုးလို့ထပ်မမေးဖြစ်တော့ဘူး…..သူငယ်ချင်းတို့ရေ လမ်းသွားလို့ကြုံကြိုက်လို့ အဖွားကိုတွေ့ရင် လှူပါဦးနော်. …

ငါတို့ဆိုင်မှာသွားစားလို့ ပေးရတဲ့ services charges & taxခက အဖွားအတွက် တစ်ရက်စာထမင်းစားရိတ်လုံလောက်ပါတယ်….. ပြီးရိပ်သာတွေနဲ့အဆက်အသွယ်ရှိရင်သိချင်ပါတယ်…..

ဆေးကုပြီးသွားရင် ပြန်လို့လည်းမရဆိုတော့ နေစရာလေးတနေရာရရင် အေးအေးချမ်းချမ်းတရားလုပ်လို့ရနိုင်တာပေါ့….. လူတိုင်းကို အိုဇာတာကောင်းစေချင်ပါတယ်….အဖွားရဲ့ခွင့်ပြုချက်နဲ့အဖွားကိုဓာတ်ပုံရိုက်လာခဲ့ပါတယ်…..။Ei Thu