သရုပ်ဆောင် ကစ်ကစ်ကသမီးကို သေတဲ့ထိ မတွေ့ဘူးလို့ အပြတ်သားဆုံးပြောလိုက်

သရုပ်ဆောင် ကစ်ကစ်ကသမီးကို သေတဲ့ထိ မတွေ့ဘူးလို့ အပြတ်သားဆုံးပြောလိုက်

ကစ်ကစ်ဟာ ကျောက််ကပ်ရောဂါကြောင့် ဆေးရုံတက်နေရပြီးဆေးရုံပေါ်မှအသည်းအသန်ဖြစ်နေတဲ့အချိန်တွေကိုလည်းကျော်ဖြတ်ခဲ့ရပါတယ်။ နောက််ပိုင်းမှာတော့ မင်းသမီးခင်သဇင််နဲ့ ပြုစုတဲ့လူတွေ အလှူရှင်တွေရဲ့အားနဲ့

ပြန်ပြီးရောဂါသက်သာလာခဲ့ပါတယ်။ ကစ်ကစ်က မကြာသေးမီက အကုန်သိမိီီဒီယာတွေနဲ့အင်တာဗျူးမှာ သမီးနဲ့ပတ်သက်ပြီး ခံစားရတာတွေနာကျင်ရတာတွေကိုရင်ဖွင့်လာခဲ့ပါတယ်။

ကစ်ကစ်က သမီးလေးဟာ အရင်တုန်းကအရမ်းလိမ်မာခဲ့ဖူးတဲ့အကြောင်း “အရမ်းလိမ္မာတာ။အမေကိုဆို ဖိနပ်စီးပေးတယ်။ ထမင်းခွံံ့တယ်။ ရုပ်ရှင်လောကကလူတွေအကုန်လုံးသိတယ််။ ဒီကလေးလိမ်မာတာ။ သူမပြုစုလိုက်ရလိို့ိုဆိုပြီး ငိုသေးတာ။ ကားတွေဘာတွေရိုက်လို့ ပုပ္ပါးတောင်ပေါ်တက်သွားတာလေ။ ချဉ်ပေါင်ခါး အရမ်းခါးတဲ့ဟာကိုလည်း တကယ်ကိုရိုးရိုးချဉ်ပေါင်လိုဖြစ်အောင် ကြော်ကျွေးတာ။ တကယ်ကိုကြော်တတ်တယ်။ အဲဒါလေးကတော့ အမှတ်တရပဲ။ အဲဒီသမိုင်း မုဒိတာအိမ်ရာကိုရောက်သွားပြီးကတည်းက အဲဒီတစ််ယောက်နဲ့ပတ်သက်ပြီးတဲ့နောက်ပိုင်းပျက်စီးတော့တာပဲ။

ဒီနေ့အထိ သုံးစားလို့ကိုမရတော့ဘူး”လို့ပြောပြထားပါတယ်။ သမီးက ပတ်သက်နေတဲ့ Tomboy တစ််ယောက်ကြောင့် ကိုယ့်သမီးကိုယ်သေအောင်သတ်နေတယ်လို့အပြောခံရတယ်ဆိုတဲ့အကြောင်း ကစ်ကစ်က “ကိုယ့်ကိုကျောက်ကပ်တွေလှူပါ့မယ်ဆိုတဲ့အလှူရှင်တွေထွက်လာတယ်။ ဒါပေမယ့် တစ်ရှုးမတူတဲ့အတွက် ပြဿနာလေးတွေဖြစ်သွားတယ်။ အဲဒီပြဿနာပေါ်မူတည််ပြီး အိမ်ကသမီးကိုစမ်းသပ်တယ််။ သမီး နင်တို့ကအဆောင်မှာနေတယ်ဆိုတော့ သူရယ် သူ့သူငယ််ချင်း Tomboy နဲ့ အဆောင်မှာနေတယ်။ နင်တို့လည်းပိုက်ဆံလိုနေတာပဲလို့နင့်ဆီက ကျောက််ကပ်ကိုငါ သိန်းသုံးဆယ်နဲ့ဝယ်မယ်လေလို့။ အမှန်က မလုပ်ပါဘူး။ကိုယ့််သမီးဟာကို။ ကိုယ့််မှာဆီးချိုရှိရင် သူ့မှာလည်းရှိနိုင်တယ်။

ကျောက်ကပ်လဲပြီးပါပြီတဲ့မျိုးရိုးအရ ဆီးချိုရှိနေရင် ပြန််ဖြစ် ဘာထူးမလဲ။ အဲ့လိုပေ့ါ။ ကိုယ့်သမီးကအရိုးခံဆိုတာကိုသိလို့ သိန်းသုံးဆယ်နဲ့ နင့်ကျောက််ကပ်ကိုဝယ်မယ်လို့ ပြောတော့ တကယ်ကြီးသိန်းသုံးဆယ်ရမှာလားတဲ့။ အေးပေါ့လို့ နင်လိုချင်ရင်ပေးမှာပေါ့လို့ဆိုတော့ ပေးမယ်ပေးမယ်တဲ့။ အဲဒါကိုသူက သူ့ရဲ့ Tomboy ကို သွားပြောပြရောပြောတော့ အဲဒီဟာလေးက နင့်အမေက နင့်ကိုသတ်နေတာတဲ့။ကျောက်ကပ််မရှိရင်သေသွွားမှာပေါ့တဲ့။

ကလေးတွေက ညဏ််ရည်မဖွံ့ဖြိုးလို့ပြောလိုက်တာထားပါတော့။အဲဒီဟာလေးရဲ့ အမေကပါ နင့်အမေက နင့်ကိုသတ်နေတာတဲ့။ ကိုယ့််သားသမီးကိုယ်သေအောင်သတ်နေတာဆိုတဲ့ဟာမျိုးက ပြောသင့်လားမပြောသင့်လား။ တကယ်ဆိုရင် မိဘချင်းကိုယ်ချင်းစာတဲ့အနေနဲ့ သမီးရယ်ဒီအလှူလောက်မွန်မြတ်တာဘာရှိဦးမလဲ။ဒိီလိုဖြစ်ရမယ်လေ။ နင့်အမေက နင့်ကိုသေအောင်သတ်နေတာဆိုတဲ့စကားမျိုးက လုံးဝမခံစားနိုင်ဘူး။ခွေးကိုက်တာထက်နာတယ်”လို့ ပြောသွားပါတယ်။

သမီးဖြစ်သူက Tomboy နဲ့ပတ်သက်ရင်မရတော့ဘူးလို့လည်း “အဲဒီတစ်ယောက်မရှိရင််အကုန်ကောင်းတယ်။ ကားလမ်းမကိုထွက်ပြေးတယ်။စိတ်ညစ်တယ်ဆိုပြီးတော့။ သူ့ကိုယ််သူဓားတွေနဲဲ့မွှန််းပစ်တယ်။ မအေနဲဲ့သူနဲ့ကြားထဲမှာ စိတ်ထွက်ပေါက်ပိတ်သွားပြီဆိုရင်အဲဒီလိုတွေ လုပ်တဲ့အကျင့်ဖြစ်လာတယ််။အဲ့တော့ မဟော််သဓာဇာတ်ထဲကလို ကိုယ့်သားသမီးတော့အနာမခံနိုင်လို့လွှတ်ပေးလိုက်တယ်။သူ့ဘဝနဲ့သူ့အကြောင်းပဲ”လို့ ပြောပြထားပါတယ်။တစ်ခါတစ်လေကိုယ်မွေးထားတာမှဟုတ်ရဲ့လားလို့တွေးမိကြောင်း “ဆေးရုံလာတယ်။ဆေးရုံကိုပိုက်ဆံလာတောင်းတယ်။

မပေးလို့ရှိရင် ဆေးရုံမှာရှိတဲ့လူနာစောင့်တွေဆီကနေပိုက်ဆံချေးသွားမယ်လို့ပြောတဲ့အချိန်မှာ ကိုယ်ကလုံးဝမေ့မျောနေတယ်။ ဆေးရုံကြီးမှာကုတင်ငါးရာကို ပြောင်းရမယ့်နေ့။ကုတင်ငါးရာကနေ ဗဟိုရ်စည်မှာ ကျောက်ကပ်ဆေးရမှာ။လူက လုံးဝသတိကမလည်တော့ဘူး။နောက််ဆုံးအချိ်န်ရောက််နေပြီ။အဲဒါကို အဲဒီမိန်းကလေး ဒီလိုပြောရက်သလား။ တစ်ခါတစ်လေ ကိုယ်မွေးထားတာမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်။ ငါမွေးထားတဲ့သမီးက ပြောလိုက်တဲ့စကားလားဟုတ်ရောဟုတ်ရဲ့လားလို့ အတွေးပေါင်းများစွာဝင်တယ်”လို့ နာကျင်စွာရင်ဖွင့်ထားပါတယ်။

သမီးက အမေဖြစ်သူကို အမေ့ရောဂါနဲ့အမေသေမှာလို့ ပြောခဲ့ဖူးကြောင်း “အခုသူက တော်တော်ကြီးကိုဆိုးလွန်းတယ်။အမေကိုတောင်မှ အမေတဲ့သူများကိုသတ်ဖို့မစဉ်းစားနဲ့ အမေသာ ကိုယ့်ရောဂါနဲ့ကိုယ်သေမှာဆိုတဲ့စကား။ တွက်သာကြည့်တော့ ။အဲဲ့လောက်ထိတောင်ပြောလာပြီဆိုရင် ဒီမိန်းကလေးကို ကိုယ်နဲ့အနီးမှာထားသင့်မထားသင့်။ အိိမ်မှာနေရင်ငါးဆယ့်နှစ်လက်မတီဗီတစ်လုံးကွဲပြီးပြီ။ ဟန်းဆက်သုံးလုံးကွဲပြီးပြီ။ ပေါက်ခွဲပစ်တာ။

ပန်းကန်တွေဆိုလည်းရစရာမရှိဘူး။ မထင်ရင််မထင်သလိုလုပ်တယ်။သူနဲ့ပတ်သက်တဲ့တစ်ယောက်ကိုလည်း ငါ့ဆီမှာနေ ငါ့စည်းကမ်းနဲ့နေဆိုပြီ။ ဒါပေမယ့် မသိသလိုတစ်မျိုးသိသလိုတစ်မျိုးဆေးလိပ်သောက်တယ်။ ဘီယာတွေသောက်တယ်။ သူသည်ဘယ်လောက်ပဲ ယောက်ျားလို့ပြောပြော မိန်းမက မိန်းမပဲ”လို့ ပြောထားပါတယ်။

ကစ်ကစ်က အဲဒီ Tomboy မိသားစုနဲ့ မပတ်သက်တော့တဲ့နေ့၊ကင်းရှင်းပြီဆိုတဲ့နေ့က ကိုယ့်သမီးကိုယ်ပြန်ခေါ်တဲ့နေ့ပဲလို့ ပြောထားပြီး မီဒီယာတွေကတစ်ဆင့်သမီးကို နောက်ဆုံးပြောချင်တဲ့စကားကို “နင်လိမ်မာရင်နင့်ဖို့ပဲ။ နင်မလိမ်မာရင်တစိိမ်းဖို့ပဲ။ နင့်ကိုယ်နင်လိမ်မာနိုင်အောင်ကြိုးစားပါ ငါအဲ့လောက်ပဲပြောမယ်။နင်မလိိမ်မာရင်တော့ငါ့ကိုအပြစ်မပြောနဲ့။ နင်လုပ်သမျှဟာတွေက နင့်အပြစ်နဲ့နင်ပြန််ခံရမှာပဲ။ မိဘတစ်ယောက််အပေါ်မှာဘယ်လောက်တောင် စော်ကားထားလဲဆိုတာ နင်အသိဆုံးဖြစ်မှာပါ။

အဲ့တော့ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင်နောက််နောင်အိမ်ကိုဘယ်တော့မှမလာပါနဲ့။ဆက််လည်းမဆက်သွယ်ပါနဲ့။ ငါသေရင်လည်းမလာနဲ့။ နင်သေရင်လည်းငါ့ကိုအကြောင်းကြားစရာလည်းမလိုဘူး။ နင့်ဟာနင်ဘယ်မှာပဲသေသေ။ဘယ်အမှိုက်ပုံပဲသေသေ၊ ဘယ်မြောင်းထဲပဲပြုတ်ကျပြုတ်ကျ။နင့်ဟာနင် လူမှောင်ခိုကူးတဲ့ထဲပါသွားပြီဆိုရင်တောင်မှ ငါလိုက်ဖို့ မမြင်ဘူး”လို့ ပြတ်ပြတ်သားသားပဲပြောသွားခဲ့ပါတယ်။

Facebook Comments