ဆယ်ဖီဆွဲနေကြတဲ့ မိန်းကလေးများဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်

ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်မတိုင်ခင်လေးမှာ ဆယ်ဖီဆွဲနေကြတဲ့ မိန်းကလေးများ

ကံကြမ္မာဟာ ကြိုတင်သိမြင်နိုင်စွမ်းမရှိသလို အရမ်းကိုမြန်ဆန်လွန်းလှပါတယ်။ နောက်ထပ်တစ်မိနစ်နေရင် ဖြစ်လာမယ့်အရာကိုလည်း ကြိုတင်သိမြင်နိုင်စွမ်း မရှိနိုင်ပါဘူး။ ၁၅၊ ၁၆ အရွယ် ဆယ်ကျော်သက်နှစ်ယောက်နဲ့ အသက် ၂၂ နှစ်အရွယ်ရှိ မိန်းမပျိုလေး သုံးယောက်ဟာ ပေ ၃၀ မြင့်တဲ့ ရထားလမ်းတံတားတစ်ခုမှာ ဆယ်ဖီရိုက်နေရင်းနဲ့ တံတားကျိုးကျမှုကို ကြုံခဲ့ရပါတယ်။

အဆိုပါ ထိတ်လန့်စရာကောင်းတဲ့ မတော်တဆမှုဟာ ဘရာဇီးနိုင်ငံမြောက်ပိုင်း Cais မြစ်ကိုဖြတ်ကျော်ထားတဲ့ ရထားလမ်းတံတား မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးသုံးယောက်က တံတာကျိုးကျတဲ့ဖက်အခြမ်းမှာရောက်နေပြီး ဓါတ်ပုံရိုက်တဲ့ တစ်ယောက်ကတော့ လွတ်သွားခဲ့ပါတယ်။

ဖြစ်ပွားတဲ့အချိန်မှာ တံတားပေါ်မှာ လူရှစ်ယောက်ရှိနေပြီး မိန်းကလေးသုံးယောက်ရှိနေတဲ့ အပိုင်းကပဲ ကျိုးကျသွားခဲ့ တာဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ပဲ သုံးယောက်လုံးအသက်ရှင်ပြီး တစ်ယောက်ပဲပြင်းပြင်းထန်ထန် ဒါဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်းမှာပဲ အရေးပေါ်ကားရောက်လာတာကြောင့် ဆေးခန်းကို အချိန်မှီပို့ပေးနိုင်ခဲ့ပါတယ်။

မိန်းကလေးနှစ်ယောက်ကတော့ခြေထောက်အရိုးအက်သွားခဲ့ပြီး တစ်ယောက်ကတော့ ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ ယခုလိုဖြစ်စဉ်ဟာ ဖက်ဒရယ်အစိုးရရဲ့ တာဝန်ဖြစ်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ တုံပြန်မှုကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ပေသုံးဆယ်အမြင့်လောက်က ပြုတ်ကျတာတောင် ခြေထောက်ထိခိုက်ရုံလောက်ပဲဖြစ်ခဲ့တဲ့အတွက် အဆိုပါမိန်းကလေးတွေ ကံကောင်းတယ်လို့ ပြောရမလိုပါပဲ။

Credit – Lifestyle Myanmar