(၃၈) နှစ်ရှိတဲ့တိုင် နေ့တိုင်း အကျႌဆင်တူပဲ ဝတ်ကြတဲ့ ဂျပန်နိုင်ငံက စုံတွဲ

အိမ်ထောင်သက် (၃၈) နှစ်ရှိတဲ့တိုင် နေ့တိုင်း အကျႌဆင်တူပဲ ဝတ်ကြတဲ့ ဂျပန်နိုင်ငံက စုံတွဲ

ဂျပန်နိုင်ငံက Tsuyoshi နဲ့ Tomi Seki ဆိုတဲ့ အဖိုးအဖွား စုံတွဲဟာ အိမ်ထောင်သက် (၃၈) နှစ်ရှိပါပြီ။ သူတို့က bonpon511 ဆိုတဲ့ အင်စတာဂရမ် အကောင့်ကို အတူတူအသုံးပြုကြပါတယ်။

bonpon ဆိုတာက သူတို့ရဲ့ ခရစ်ယာန် နာမည်ဖြစ်ပြီး 511 ဆိုတာကတော့ (၁၉၈၀) ခုနှစ်တုန်းက ဆင်နွှဲခဲ့ကြတဲ့ မင်္ဂလာရက်မြတ်ကို အစွဲပြုပြီး မှည့်ထားတာလို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ အမြဲလိုလို အဝတ်အစားကို တိုက်ဝတ်လေ့ရှိကြပြီး သူတို့ ဝတ်ပုံစားပုံတွေက စုံတွဲတွေတိုင်းရဲ့ ဖြစ်ချင်တဲ့၊ လုပ်ချင်တဲ့ စိတ်ကူးတွေထဲက အမြင့်ဆုံးတစ်ခုလို့တောင် သတ်မှတ်တာ ခံထားရတာပါ။

သူတို့ နှစ်ယောက်က နေ့တိုင်းမှာ ဘယ်သွားသွား ဘာလုပ်လုပ် လိုက်ဖက်ညီညီ ဝတ်စားလေ့ရှိကြပါတယ်။

ဘယ်လိုများ လန်းကောင်းတုန်းလည်း ဆိုတာကို ကြည့်လိုက်ကြပါဦး။

Credit to Orginal Uploder